ပက်ကွီအိုနဲ့ ခရော့ဖို့ဒ်တို့ ပွဲဖြစ်မြောက်အောင် ပွဲစီစဉ်သူ ဘော့အာရမ် ဆွေးနွေးနေ

3-6-2020-yyl-032.jpg

ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုဟာ ပွဲတိုင်းနိုင် WBO ဝယ်တာဝိတ်တန်းချန်ပီယံ ခရော့ဖို့ဒ်နဲ့ ထိုးသတ်ဖို့ ဆွေးနွေးနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ပက်ကွီအိုနဲ့ ခရော့ဖို့ဒ်ရဲ့ပွဲကို အခုနှစ်အတွင်း ဘာရိန်းနိုင်ငံမှာ ထိုးသတ်ဖွယ်ရှိတယ်လို့ နာမည်ကျော်ပွဲစီစဉ်သူ ဘော့အာရမ်က ပြောပါတယ်။ အသက် ၄၁ နှစ်ရှိတဲ့ ပက်ကွီအိုဟာ ပြီးခဲ့တဲ့နှစ်က ကိ(တ်)သာမန်းကို အနိုင်ယူထားပြီး WBA စူပါဝယ်တာဝိတ်ချန်ပီယံခါးပတ် ပိုင်ဆိုင်ထားသူပါ။

၂၀၁၇ ခုနှစ်တုန်းက အငြင်းပွားဖွယ်မရှိ လိုက်ဝိတ်တန်းချန်ပီယံဖြစ်ခဲ့တဲ့ ခရော့ဖို့ဒ်ဟာ ၂၀၁၈ ခုနှစ်မှာတော့ ဝိတ်တန်းတင်ပြီး WBO ဝယ်တာဝိတ် ချန်ပီယံဖြစ်လာခဲ့သူပါ။ ခရော့ဖို့ဒ်ဟာ ပက်ကွီအို ဒါမှမဟုတ် WBC နဲ့ IBF ရဲ့ ဝယ်တာဝိတ် ချန်ပီယံ အာရိုစပန့်ဂျူနီယာတို့နဲ့ ထိုးသတ်ဖို့ လိုလားနေသူပါ။ အာရိုစပန့်ဟာ ယာဉ်တိုက်မှုကြောင့် မျက်နှာဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝလာအောင် အားထုတ်နေရလို့ ပက်ကွီအိုနဲ့ ထိုးသတ်မယ့် အလားအလာ ပိုများနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top