၂၀၂၀ ONE Warrior Series ၏ အလားအလာ အကောင်းဆုံး ကစားသမား စာရင်းဝင် ပုညစိုင်း၏ အကောင်းဆုံးနည်းဗျူဟာ ၄ ခု

Punnya-Sai-blue-defeats-Raghvendra-Singh-via-TKO-One-Warrior-Series-Aug-2019-188-1200x800-1.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship သည် မျိုးဆက်သစ် ရွက်ပုန်းသီး အားကစား သမားများ ထွက်ပေါ်လာစေရေးအတွက် ONE Warrior Series ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး ဒုတိယဥက္ကဋ္ဌ Rich Franklin ကိုယ် တိုင် အာရှတိုက်တစ်လွှားခြေဆန့်ကာ အရည်အချင်းအပြည့်ရှိသော အားကစားသမားများ ရှာဖွေလျက်ရှိသည်။ အမေရိကန်နိုင်ငံသား Franklin သည် UFC မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်းတစ်ယောက်ဖြစ်သလို မျိုးဆက်သစ် ကစားသမားများ ရှာဖွေရာတွင်လည်း ထူး ချွန်သူလည်းဖြစ်သည်။ OWS ပြိုင်ပွဲများတွင် စွမ်းဆောင်ရည်ကောင်းများပြသနိုင်သည့် အားကစားသမားများကို စင်ကာပူအခြေစိုက် ONE Championship က အမေရိကန်ဒေါ်လာ အမြောက်အများဖြင့် စာချုပ်ချုပ်ဆိုကာ ကမ္ဘာ့စင်မြင့်ထက် အရည်အချင်းပြသခွင့် ပေးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် OWS ပြိုင်ပွဲ ၆ ကြိမ်ပြုလုပ်ကာ အလားအလာရှိသော ကစားသမားများကို ONE Championship နှင့် စာချုပ်ဆိုချုပ်မှုများ ပြုလုပ်နိုင်ခဲ့သည်။

Franklin ဦးဆောင်သော OWS အဖွဲ့သားများသည် မျိုးဆက်သစ်အားကစားသမားများကို ထိပ်တန်းအားကစားသမားများနှင့် ပြိုင်ပွဲတစ်ခုတည်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရစေရန် ကူညီပေးနေသော အဖွဲ့အစည်းဟုလည်း ဆိုနိုင်သည်။ OWS ပြိုင်ပွဲများမှ တစ်ဆင့် ကမ္ဘာ့စင်မြင့်ထက် တက်ရောက်လာသော အားကစားသမားများအနက် အထင်ရှားဆုံးက ONE အက်တမ်ဝိတ်တန်း မွေထိုင်းနှင့် Kickboxing ကမ္ဘာ့ချန်ပီယံ ထိုင်းအားကစားသမား Stamp Fairtex ဖြစ်သည်။ ထို့အပြင် အခြားသော အားကစားများကိုလည်း ONE Championship စင်မြင့်ထက် ပို့ဆောင်ပေးနိုင်ခဲ့သည်။ OWS သည် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ပွဲ ၆ ကြိမ်အထိပြုလုပ်ရန် အတည်ပြုထား ပြီး ပါကစ္စတန်၊ ဂျပန်၊ နယူးဇီလန်၊ ထိုင်း၊ တောင်အာဖရိက အပါအဝင် အခြား ကမ္ဘာ့နိုင်ငံများအထိခြေဆန့်ကာ ပါရမီရှင် မျိုးဆက်သစ် အားကစားသမားလေးများကို ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ OWS သည် ၂၀၂၀ ပြည့်နှစ်တွင် အလားအလာရှိသော အားကစား သမား ၅ ဦးစာရင်းကို ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှ ပုညစိုင်း၊ သြစတြေးလျမှ Kristy “KO” Obst၊ ဂျပန်မှ Ryoji Kudo၊ တောင်ကိုရီး ယားမှ “Honey Bee” Ji Yeon Seo၊ ဗီယက်နမ်-နယူးဇီလန် အားကစားသမား Viet Anh Do တို့ ပါဝင်လာသည်။

အသက် ၂၁ နှစ်အရွယ် မွန်တိုင်းရင်းသား ပုညစိုင်းသည် ၈ လအရွယ်မှစတင်ကာ နယူးဇီလန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင်မူ မိဘများ၏မွေးရပ်မြေ မြန်မာနိုင်ငံကိုသာ ကိုယ်စားပြုယှဉ်ပြိုင်လျက်ရှိသည်။ အသက် ၁၉ နှစ်အရွယ်တွင် န ယူးဇီလန်မှ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ အသွားလေယာဉ်လက်မှတ်တစ်စောင်ဝယ်ကာ Bali MMA ၌ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို လေ့လာသင်ယူရန် ထွက်ခွာလာသော ၎င်းသည် OWS ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် ၂ ပွဲ၊ ၂၀၁၉ ခုနှစ်တွင် ၂ ပွဲ စုစုပေါင်း ၄ ပွဲယှဉ်ပြိုင်ထားပြီး ပွဲတိုင်းအနိုင်ရရှိထားသောကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း စောင့်ကြည့်ရမည့် အလားအလာအကောင်းဆုံး အားကစားသမား ၅ ဦးစာရင်း၌ ထိပ်ဆုံးမှ သတ်မှတ်ခံထားရသည်။ ထို့ကြောင့် နိုင်ပွဲများ ဆက်တိုက်ဆိုသလို ရယူထားသော ပုညစိုင်း၏ အကောင်းဆုံးနည်းဗျူဟာ ၄ ခုကို ဖော်ပြလိုက်ပါသည်။

၁။ အောက်ခြေပိုင်း ညာခြေအပြင်းကန်ချက်

ပုညစိုင်းသည် ယှဉ်ပြိုင်ပြီးသမျှ OWS ပြိုင်ပွဲ ၄ ခုတွင် မြန်မာအားကစားသမား စိုင်းဉာဏ်လင်း၊ နီပေါအားကစားသမား Krishna Lal Tamang၊ တာဂျစ်ကစ္စတန် အားကစားသမား Shafkat Khodzhkulov၊ အိန္ဒိယအားကစားသမား Raghvendra Singh တို့ကို အနိုင်ရ ထားသည်။ စိုင်းဉာဏ်လင်းနှင့် Singh တို့ကို အနောက်ဖက် လည်ပင်းသိုင်းချုပ်ကွက်၊ Tamang ကို ဘယ်ညာလက်သီးတွဲလုံးများဖြင့် ဒိုင်ပွဲရပ်၊ Khodzhkulov ကို အမှတ်ဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်က နိုင်ပွဲအားလုံးတွင် ပုညစိုင်းသည် ပွဲစသည်နှင့် ပြိုင်ဘက် များကို အားပါပြင်းထန်သော အောက်ခြေပိုင်း ညာခြေအပြင်းကန်ချက်ဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ခြေကန်ချက်ကို အ ဓိကအားထားသည့် ကစားသမားတစ်ဦးဟုဆိုနိုင်ပြီး လျှပ်ပြက်သလို လျင်မြန်သော ခြေကန်ချက်များက ပြိုင်ဘက်ကို အခက်တွေ့စေခဲ့ သည်။ Tamang ကို ပွဲအစ ၁၄ စက္ကန့်မှာပင် အနိုင်ရခဲ့သောပွဲတွင် အောက်ခြေပိုင်း ညာခြေကန်ချက်ကြောင့် လဲကျသွားသောပြိုင်ဘက် ကို လက်သီးတွဲလုံးများ ဆက်တိုက်ပစ်သွင်းကာ ဒိုင်ပွဲရပ်အနိုင်ရခဲ့ခြင်းကိုကြည့်လျှင် Bali MMA အသင်းသား၏ ခြေကန်ချက်က အားပါ ပြင်းထန်သည်ဆိုသည်ကို တွေ့နိုင်သည်။

၂။ တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင်ခြင်း

ပုညစိုင်း၏ နောက်ထပ်နည်းဗျူဟာတစ်ခုက ပြိုင်ဘက်တိုင်းကို တိုက်စစ်ဖွင့် ထိုးသတ်တတ်ခြင်းဖြစ်ပြီး ၎င်းအနိုင်ရထားသည့် ၄ ပွဲစလုံး တွင် အဆိုပါနည်းစနစ်ကိုသာ အသုံးပြုခဲ့သည်။ အကြောက်အလန့်မရှိ ဖွင့်ထိုးသတ်ခြင်းက ၎င်း၏ အားသာချက်တစ်ခုလည်းဖြစ်ပြီး လက် သီးထိုးချက်များ၊ ခြေကန်ချက်များက ပြိုင်ဘက်များအား ထိရှစေခဲ့သည်ကို တွေ့နိုင်သည်။ ပြိုင်ဘက်၏ လက်သီးထိုးချက်များအား ခေါင်းငုံ့ရှောင်ကာ တန်ပြန်ထိုးသတ်သော ပင့်လက်သီးများကလည်း ပြင်းထန်အားပါသလို ထိရောက်မှုလည်းရှိသည်။ ထို့ကြောင့် ပြိုင်ဘက်များအနေဖြင့် တိုက်စစ်ဖွင့်ထိုးသတ်သည့် ၎င်း၏နည်းစနစ်ကို တန်ပြန်နိုင်ရေးအတွက် အဓိကထား စဉ်းစားရသလို ထင်မှတ်မထားသော အနေအထားမှ ရောက်လာသည့် ခြေကန်ချက်များ၊ လက်သီးထိုးချက်များကိုလည်း သတိထား ယှဉ်ပြိုင်ရလေ့ရှိသည်။

၃။ ပြင်းထန်သော ဘယ်ညာလက်သီးတွဲလုံးများ

အသက် ၁၄ နှစ်အရွယ်မှစတင်ကာ လက်ဝှေ့ကိုလေ့လာသင်ကြားခဲ့သော ပုညစိုင်း၏ လက်သီးတွဲလုံးများက ပွဲတစ်ပွဲ၏ အနိုင်အရှုံးကို အ ဓိကဆုံးဖြတ်ပေးနိုင်သော လျှို့ဝှက်လက်နက်ဟု ဆိုနိုင်သည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် စိုင်းဉာဏ်လင်းနှင့် စတင်ယှဉ်ပြိုင် သည့်တွဲဆိုင်း၊ ထို့နောက် အောက်တိုဘာ ၁၁ ရက်တွင် နီပေါအားကစားသမား Tamang နှင့်ယှဉ်ပြိုင်သည့်တွဲဆိုင်းများ၌ ၎င်း၏ ဘယ် ညာလက်သီးတွဲလုံးများက ပြိုင်ဘက်များအပေါ် အထိနာစေခဲ့သည်။ တစ်နိုင်ငံတည်းသား စိုင်းဉာဏ်လင်းနှင့်ပွဲတွင် ပုညစိုင်း၏ လက်သီး တွဲလုံးများက အနိုင်ရရှိခြင်း၏ အဓိကအချက်အလက်ဖြစ်ခဲ့သလို Tamang ကိုလည်း လက်သီးတွဲလုံးများ တရစပ်အသုံးပြုကာ ဒိုင်ပွဲရပ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပုညစိုင်းသည် Bali MMA တွင် နာမည်ကျော် နည်းပြဆရာများ၏ စနစ်တကျသင်ကြားပြသပေးမှုများဖြင့် လက် သီးထိုးချက်များသာမက အခြားသော နည်းစနစ်၊ နည်းဗျူဟာကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်သူဖြစ်သည်။

၄။ မြေပြင်ချုပ်ကွက်မှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခြင်း

ပုညစိုင်း၏ နောက်ထပ်အားသာချက်တစ်ခုက ပြိုင်ဘက်၏ ချုပ်ကွက်နည်းဗျူဟာမှ လွတ်မြောက်အောင်ရုန်းထွက်ကာ အပေါ်စီးမှ ပြန် လည်ချုပ်ကိုင်ခွင့်ရနိုင်ရန်အထိ စွမ်းဆောင်နိုင်ခြင်းဖြစ်သည်။ စိုင်းဉာဏ်လင်းနှင့်ပွဲတွင် ချုပ်ကွက်မိကာ အောက်မှယှဉ်ပြိုင်ခဲ့ရသော်လည်း အပေါ်စီးအနေအထားမှ ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးစားနိုင်ခဲ့သလို လည်ပင်းချုပ်ကွက်ဖြင့်လည်း အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ Khodzhkulov နှင့်ပွဲတွင်လည်း ပုညစိုင်းသည် ပြိုင်ဘက်၏ချုပ်ကွက်အောက် မကြာခဏကျရောက်ခဲ့သော်လည်း မရှုံးအောင်ကြိုးစားနိုင် ခဲ့သလို အပေါ်စီးမှ ပြန်လည်ချုပ်ကိုင်ခွင့်ရအောင်ပင် စွမ်းဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ပုညစိုင်းသည် Khodzhkulov ၏ ခါးပွေ့ကိုင် ပေါက်မှုကို ၃ ကြိမ်ထက်မနည်း ခံခဲ့ရသော်လည်း ကြံ့ကြံ့ခံကာ ပြိုလဲမသွားအောင် တောင့်ခံနိုင်ခဲ့သည်။ တော်ရုံကစားသမားများဆိုလျှင် တာဂျစ်ကစ္စတန်အားကစားသမား၏ ပွေ့ချီကိုင်ပေါက်မှုက တစ်ကြိမ်တည်းနှင့် အရှုံးပေးသွားရနိုင်သော်လည်း ခံနိုင်ရည်မြင့်မားသော ပု ညစိုင်းက လဲပြိုမသွားအောင်ကြိုးစားကာ အမှတ်ဖြင့်အနိုင်ရအောင်ပင် စွမ်းဆောင်နိုင်ခဲ့သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top