မန်ယူကို အနိုင်ရခဲ့တဲ့ပွဲမှာ အိုဇေးလ်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ဖာဒီနန်

11.png

မန်ယူကို (၂)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ရဲ့ ခြေစွမ်းကို မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ချီးကျူးခဲ့ပါတယ်။ နည်းပြသစ် အာတီတာလက်အောက်မှာ ဂျာမနီကွင်းလယ်လူ အိုဇေးလ် ပျော်ရွှင်နေပြီလို့ ဖာဒီနန်က ဆိုပါတယ်။ မန်ယူကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ အာတီတာအတွက် အာဆင်နယ်နည်းပြဘဝ ပထမဆုံးနိုင်ပွဲဖြစ်ပါတယ်။ အိုဇေးလ်က သူချမှတ်တဲ့ စည်းမျဉ်းကို မလိုက်နာရင် ကစားသမားစာရင်းကနေ ချန်လှပ်ခံရမယ်လို့ အာတီတာက သတိပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းဖော်ဟောင်း အာတီတာလက်အောက်မှာ ဘောလုံးကစားရတာ ပျော်ရွှင်နေပုံပါပဲ။ ” ကျွန်တော့်အထင်တော့ ၁၈ လအတွင်း အိုဇေးလ်ပြုံးတာ ပထမဆုံးအကြိမ်မြင်ရတာဖြစ်မယ်။ သူက လေ့ကျင့်ရေးကွင်းမှာလည်း ပျော်နေလောက်တယ်”လို့ BT Sport သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ ရီယိုဖာဒီနန်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top