ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တိုးတက်လာစေမည့် လေ့ကျင့်ခန်းတွေကို ကျောင်းတွေမှာ လေ့ကျင့်သင်ကြားပေးသွားမည်

l1.jpg

ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ယနေ့ခေတ်ကမ္ဘာကြီးမှာ စိတ်ဖိစီးမှုတွေနဲ့ ဖိအားပေးမှုတွေကို ကျောင်းသားတွေ ခံနိုင်ရည်ရှိအောင် စာသင်ကျောင်းတွေမှာ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်လာစေဖို့ မတူကွဲပြားတဲ့နည်းလမ်းတွေနဲ့ စမ်းသပ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။

၂၀၂၁ခုနှစ်ထိ ဆက်သွားဖို့အတွက် စမ်းသပ်လေ့ကျင့်ပေးခြင်းက ကမ္ဘာကြီးမှာ အကြီးမားဆုံးအရာတွေထဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် တရားထိုင်ခြင်းတွေ၊ စိတ်အပန်းဖြေခြင်းတွေ၊ အသက်ရှုလေ့ကျင့်ခန်းတွေကဲ့သို့ ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ ကျောင်းသားတွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

သိမြင်မှုလို့ခေါ်တဲ့ တရားထိုင်ခြင်းနည်းက နောင်တတွေ၊ စိုးရိမ်ပူပန်မှုတွေထက် လက်ရှိကိုပဲ အာရုံစိုက်ဖို့ ဦးနှောက်ကိုလေ့ကျင့်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ လူမှုအသိုင်းအဝန်းတစ်ခုအနေနဲ့ အရင်ကထက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သတ်ပြီး ပိုပွင့်လင်းလာတဲ့သဘောပါပဲ။

ဒါပေမဲ့ ယနေ့ခေတ်ကမ္ဘာကြီးက ကလေးတွေကို စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ ပေးနေပါတယ်။ လူငယ်တွေအနေနဲ့ စိတ်ဖိစီးမှုတွေခံစားရပြီး စိတ်ဓာတ်ကျရခြင်းက ဆိုရှယ်မီဒီယာအသုံးပြုမှုများလာခြင်းကြောင့် ဖြစ်တယ်လို့လေ့လာတွေ့ရှိရပါတယ်။

စာသင်ကျောင်းနဲ့ ဆရာ/ဆရာမတွေက အဓိကဏ္ဍမှာပါဝင်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလေ့ကျင့်ပေးမှုကို စာသင်ကျောင်းတွေနဲ့ အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ Anna Ferud National Centre for Childen and Families က အခုလိုစမ်းသပ်လေ့ကျင့်သင်ကြားပေးခြင်းကို ဦးဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: “Mindfulness at school: Thousands of pupils will be given meditation lessons to help them ‘cope with pressure”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top