ပလတ်စတစ်အစားထိုးဖို့ ဝါးရေဘူးကို တီထွင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား

ba1.jpg

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်က IIT Dhanbad ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ စွန့်ဦးတီထွင်သူ Dhritiman Bora က ပလတ်စတစ်အစားထိုးအသုံးပြုဖို့အတွက် သဘာဝပတ်ဝန်းကျင်အကျိုးပြု ဝါးရေဘူး ကို စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူ တီထွင်ခဲ့တဲ့ ဝါးရေဘူးအမျိုးအစားကို ဝါးစစ်စစ်နဲ့သာပြုလုပ်ထားတာဖြစ်ပြီး သဘာဝဝါးရေဘူးအစစ်သာဖြစ်တယ်လို့ သိရပါတယ်။

ရေယိုဖိတ်မှုမရှိအောင် စိတ်ချရတဲ့ အလုံပိတ်ဘူးအဆို့ကို အသုံးပြုထားတာကြောင့် ရာနှုန်းပြည့် ရေလုံစေမှာဖြစ်ပြီး သုံးနေကျဖြစ်တဲ့ ရေဘူးတွေလိုမျိုး သွားလေရာ စိတ်ချလက်ချ ယူဆောင်သွားစေနိုင်မှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ သဘာဝဝါးရေဘူး တစ်ဘူးကို အရွယ်အစားအလိုက် အိန္ဒိယ ရူပီးငွေ (၄၀၀) ကနေ (၆၀၀) အတွင်းကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ဝါးနဲ့ပြုလုပ်တဲ့ သဘာဝထုတ်ကုန်အမျိုးအစားများစွာကို မြင်တွေ့ခဲ့ဖူးပြီးဖြစ်သလို ဒီစာရင်းထဲမှာ ဝါးရေဘူးတစ်မျိုးကို ထပ်တိုးမြင်တွေ့လာရဖို့ရှိနေပါပြီ။ သဘာဝဝါးကို အသုံးပြုထားတဲ့ အကျိုးကျေးဇူးကြောင့် ရေဘူးထဲကရေဟာ အေးမြလို့ ကျန်းမာရေးနဲ့ညီညွတ်စေပါတယ် လို့ Bora က ဆိုပါတယ်။

ပလတ်စတစ်ရေဘူးတွေဟာ လူကိုဘေးဥပါဒ်ဖြစ်စေတတ်သလို နွေရာသီမှာဆိုရင် အပူရှိန်ဒဏ်နဲ့ ဓာတုဓာတ်တွေ ရေထဲပျော်ဝင်နေတတ်တာပါပဲ။ ဒေသခံလူထုမှာ ပလတ်စတစ်အစားထိုး နေ့စဉ်သုံး သဘာဝအခြေပြုအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုတတ်ဖို့အတွက် အသိပညာအားနည်းနေဆဲဖြစ်တာက Dhritiman Bora တို့အုပ်စုအတွက် သဘာဝဝါးရေဘူးနဲ့ပတ်သက်ပြီး အဓိကကျော်နင်းရမယ့် စိန်ခေါ်မှုလဲဖြစ်နေပါတယ်။

Ref: NorthEastToday ” An Assam-Based Entrepreneur Has Invented Leak-Proof, Eco-Friendly Bamboo Bottles ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top