ရည်မှန်းချက်ကြီးမားသော The Panda နှင့် ၂၀၂၀

11-3-2020-yyl-013.jpg

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားမှာ အမျိုးသားတွေနည်းတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ အမျိုးသမီးတွေလည်း ရှိပါ တယ်။ နည်းပညာ တိုးတက်ထွန်းကားလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကျားမတန်းတူ ညီမျှရေး စံနှုန်းက ပိုမိုကောင်းမွန်လာတယ်လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာဆိုရင်လည်း အမျိုးသားတွေနဲ့တန်းတူ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အားကစားသမားတွေ ရှိပါတယ်။

အလေးမကို စိတ်ဝင်စားခဲ့သူ

အဲဒီထဲမှာ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား “The Panda” Xiong Jing Nan လည်း တစ်ယောက်အပါအ ဝင် ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် The Panda ဟာ မူလက အလေးမ အားကစားကို စတင်သင်ယူခဲ့ပေမယ့် နောက်ပိုင်းကျတော့ လက်ဝှေ့အားကစားကို စိတ်ဝင်စားကာ အသက် ၁၈ နှစ်အရွယ်မှာ တစ်ဦးနဲ့တစ်ဦး ထိုးကြိတ်သတ်ပုတ်ရတဲ့ ကစားနည်းကို စနစ်တကျ လေ့လာသင်ယူခဲ့ပါတယ်။ ဒီနောက် တရုတ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရကာ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ ဒီနောက် သူဟာ တရုတ်နိုင်ငံအခြေစိုက် Kickboxing ပြိုင်ပွဲတွေကျင်းပတဲ့ Kunlun Fight နဲ့လက်တွဲကာ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင် ကာ လူသိများလာခဲ့ပါတယ်။

သိုင်းပေါင်းစုံ အားကစားနည်းကို ရွေးချယ်

မတ်တပ်ရပ် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ Kickboxing ပြိုင်ပွဲတွေမှာ ၉ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ပြီးနောက် The Panda ဟာ ကိုယ်ခံပ ညာ သိုင်းပေါင်းစုံအားကစားကို စိတ်ဝင်စားခဲ့ပါတယ်။ ကိုယ်ခံပညာရပ်ပေါင်းစုံ အသုံးပြုတိုက်ခိုက်နိုင်တဲ့ ဒီအားကစားဟာ သူ့အတွက် အသင့်တော်ဆုံးဖြစ်သလို ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုရင်လည်း အထောက်အကူပေးနိုင်တယ်ဆိုတာ လက်ခံထားပါတယ်။ ဒါ ကြောင့် ၂၀၁၇ ခုနှစ်မှာ စင်ကာပူအခြေစိုက် ONE Championship နဲ့စာချုပ်ကာ ပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီ ဇင်ဘာ ၉ ရက်မှာ အဖွင့်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အားကစားသမား April Osenio နဲ့ယှဉ်ပြိုင်ခဲ့ပြီး ပထမအချီမှာတင် လက်သီးထိုးချက်တွေနဲ့ အနိုင်ယူကာ အဖွင့်မျက်နှာပန်းလှခဲ့ပါတယ်။

ချန်ပီယံဆုရ ပထမဆုံး တရုတ်ကစားသမားဖြစ်လာ

အဖွင့်ပွဲစဉ်မှာ အနိုင်ရပြီးနောက် တစ်လကျော်အကြာမှာပဲ The Panda ဟာ သမိုင်းတွင်မယ့် မဟာအခွင့်အရေးတစ်ခုကို လက်ခံရရှိခဲ့ပါ တယ်။ အဲဒါကတော့ ONE Championship က အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ပေးအပ်နိုင်ဖို့အတွက် စင်ကာပူအား ကစားသမား Tiffany “No Chill” Teo နဲ့ ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ကပ်ပေးခဲ့တာပါပဲ။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က အင်ဒိုနီးရှားမှာပြု လုပ်တဲ့ ONE: KINGS OF COURAGE ပြိုင်ပွဲမှာတော့ The Panda ဟာ စတုတ္ထအချီမှာပဲ လက်သီးထိုးချက်တွေနဲ့အတူ ဒိုင်ပွဲရပ်အနိုင် ယူကာ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကိုယ် ခံပညာ သိုင်းပေါင်းစုံအားကစား အဖွဲ့အစည်းတစ်ခုကနေ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးရယူနိုင်တဲ့ တရုတ်အားကစားသမားအဖြစ် စံ ချိန်သစ်တစ်ခု တင်လိုက်နိုင်ပါတယ်။

၂၀၂၀ အတွက် အားမွေးထား

စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်ပြီးနောက်ပိုင်း သူ့ရဲ့နေရာကို စိန်ခေါ်လာသူတွေရှိခဲ့ပေမယ့်လည်း The Panda က အောင်မြင်စွာပဲ ကျော်ဖြတ်ပြခဲ့ပါတယ်။ တိတိကျကျဆိုရရင် The Panda ဟာ သရဖူကာကွယ်ပွဲ ၃ ပွဲမှာ ပြိုင်ဘက်တွေ ကို အနိုင်ယူခဲ့ပြီး အဲဒီထဲမှာ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee လည်း ပါဝင်ပါ တယ်။ Angela Lee က ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုအိပ်မက်အတွက် The Panda ကို စိန်ခေါ်ထိုးသတ်ခဲ့တာဖြစ်ပေမယ့်လည်း နောက် ဆုံးအချီမှာ ဒိုင်ပွဲရပ်အရေးနိမ့်ခဲ့ပါတယ်။ ကိုယ့်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာတဲ့ Angela Lee ကို နှိပ်ကွပ်ခဲ့တဲ့ The Panda ဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှာတော့ စင်ကာပူအားကစားသမားရဲ့ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ပြန်လည် စိန်ခေါ်ခဲ့ပါတယ်။

ဂျပန်မှာကျင်းပတဲ့ အဆိုပါတွဲဆိုင်းမှာတော့ The Panda ဟာ အချီစေ့ခါနီး စက္ကန့်ပိုင်းအလိုမှာ ချုပ်ကွက်ကို မခံနိုင်တာကြောင့် အရှုံးပေး ခဲ့ရပါတယ်။ ဒါဟာ သူ့အတွက် ONE Championship ပထမဆုံးရှုံးပွဲနဲ့ ကစားသမားဘဝတစ်လျှောက် ဒုတိယမြောက်ရှုံးပွဲဖြစ်လာခဲ့ပါ တယ်။ ၂၀၂၀ မှာတော့ အသက် ၃၂ နှစ်အရွယ် The Panda ဟာ ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲဒါက တော့ Bali MMA ကနေ စင်ကာပူအခြေစိုက် Evolve MMA ကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စင်ကာပူ မှာပြုလုပ်တဲ့ ONE: KING OF THE JUNGLE ပြိုင်ပွဲကို The Panda တက်ရောက်ကြည့်ရှုခဲ့ပြီး ဂျပန်အားကစားသမား Ayaka Miura ကို အနိုင်ရခဲ့တဲ့ အိမ်ရှင်အားကစားသမား Tiffany Teo က သူ့ရဲ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့် ရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မကြေပွဲကို ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပဖို့ရှိနေပြီး Teo အတွက် ၂၀၁၈ ရှုံး ကြွေးကို ပြန်လည်ပေးဆပ်ခွင့်ရခဲ့တာ ဖြစ်ပေမယ့်လည်း The Panda ကတော့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို အကောင်းဆုံး ကာကွယ်သွားမယ်လို့ ကြုံးဝါးပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top