ONE Championship အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်မည့် online shop စတင်မိတ်ဆက်

Screenshot-2020-04-24-at-11.57.30-AM.png

အာရှတိုက်ရဲ့အကြီးဆုံးသော အားကစားမီဒီယာအဖွဲ့အစည်း ONE Championship ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်မှာ ထင်ရှားလာတဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် ONE Championship ဟာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှာ ကမ္ဘာတစ်လွှားက ပရိသတ်တွေအတွက် ၎င်းတို့ရဲ့တရားဝင်ထုတ်ကုန်တွေကိုရောင်းချမယ့် online shop ဝက်ဘ်ဆိုက်အသစ်ကို ထုတ်ပြန်လိုက်ပါတယ်။ ONE.SHOP လို့အမည်ပေးထားတဲ့ အဆိုပါဝက်ဘ်ဆိုက်ကနေ ONE Championship ရဲ့တရားဝင်ထုတ်လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အထည်တွေကို အွန်လိုင်းကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။

ONE Championship ဟာ ၂၀၁၈ ခုနှစ်ကစလို့ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ထပ်မံအဆင့်မြှင့်တင်တဲ့ အနေနဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကမ္ဘာကျော် အားကစားသမားတွေရဲ့နာမည်နဲ့ ထုတ်လုပ်ထားတဲ့ အ ဝတ်အထည်တွေကို ONE.SHOP ကနေ ရောင်းချပေးသွားမှာပါ။ ကမ္ဘာ့ချန်ပီယံတွေအပါအဝင် အခြား နာမည်ကျော်အားကစားသမား တွေရဲ့နာမည်နဲ့ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကို နာမည်ကျော်ဒီဇိုင်နာတွေရဲ့ဖန်တီးမှုနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းအရ လည်း သင့်တင့်ပါတယ်။ ကမ္ဘာ့ချန်ပီယံအားကစားတွေထဲမှာ ဖလိုင်းဝိတ်တန်း ဂရင်းပရီ ကမ္ဘာ့ချန်ပီယံ Demetrious “Mighty Mouse” Johnson၊ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်၊ အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “Unstoppable” Angela Lee၊ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Brandon “The Truth” Vera၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန် ပီယံ Martin “The Situ-Asian” Nguyen၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Christian “Warrior” Lee တို့ရဲ့ပုံရိပ်တွေ၊ စွဲမက်စရာ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ အဝတ်အထည်တွေကို ဝယ်ယူနိုင်ပါတယ်။

အဆိုပါ အစီအစဉ်ကို ONE’S Gold Corner Loyalty Program လို့ အမည်ပေးထားပြီး နာမည်ကျော် အမှတ်တံဆိပ်တွေ၊ ဒီဇိုင်နာတွေရဲ့ အရေအတွက် ကန့်သတ်ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကို မှာယူနိုင်ပါတယ်။ ONE Championship ရဲ့ဒီဇိုင်းဌာနအကြီးအကဲ Debbie Soon က “ပရိသတ်တွေအတွက် အရည်အသွေးအပြည့်ရှိသလို ဒီဇိုင်းပိုင်းအရလည်း ကောင်းမွန်တဲ့ ထုတ်ကုန်အသစ်တွေကို အွန်လိုင်းစတိုးကနေ ရောင်းချခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ONE Championship ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့တရားဝင်ထုတ်လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါ တယ်။

ONE Championship နဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Citizen တို့ဟာ ဧပြီလ ၁၈ ရက်က ကမ္ဘာကျော်အဆိုတော်တွေ၊ အ နုပညာရှင်တွေ၊ အားကစားသမားတွေပါဝင်တဲ့ အွန်လိုင်းတိုက်ရိုက်တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အလှူငွေ အမေရိ ကန်ဒေါ်လာ သန်း ၁၂၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးရန်ပုံငွေ(COVID-19 Solidarity Response Fund)အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)ထံ လှူဒါန်းခဲ့ပါတယ်။ ONE Championship ကလည်း ရန်ပုံငွေရရှိဖို့အတွက် အရေအတွက် ကန့်သတ်ထုတ် လုပ်ထားတဲ့ “We Are ONE” တီရှပ်တွေကိုရောင်းချကာ ရရှိတဲ့ ငွေကြေးအားလုံးကို ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးရန်ပုံငွေထဲ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

Debbie Soon က ONE.SHOP ကနေ နေဝယ်ယူတဲ့ ပစ္စည်းတစ်ခုစီထဲက ၁၀ ရာခိုင်နှုန်းခန့်ကို COVID-19 တိုက်ဖျက်ရေးရန်ပုံငွေအ တွက် လှူဒါန်းသွားမှာဖြစ်ပြီး ရှေ့တန်းကနေ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်နေတဲ့ ဆေးလောကဝန်ထမ်းတွေသာမက အစားအ စာ၊ ရေ၊ အစားအသောက်လိုအပ်နေတဲ့ လူမှုအဖွဲ့အစည်းတွေအတွက်ပါ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ ONE.SHOP ကနေ မှာယူ တဲ့ပစ္စည်းတိုင်းအတွက် ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူသူထံ ပေးပို့သွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top