AMAဆုပေးပွဲရဲ့ Artist of the Yearဆုကို ရရှိခဲ့တာ (၆) ကြိမ်ရှိပြီဖြစ်တဲ့ တေလာဆွစ်ဖ်

24-11-2020-yyl-010.jpg

ပေါ့စ်ဘုရင်မလို့ တင်စားထားတဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်ဂီတဆုပေးပွဲ (American Music Awards) မှာ အခြားဆု (၂) ဆုအပြင် Artist of the Year ဆုကြီးကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို တေလာဆွစ်ဖ်မတက်ရောက်ဖြစ်ခဲ့ပေမဲ့ ဗီဒီယိုကနေတဆင့် Folklore အယ်လ်ဘမ်ကို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ အမေရိကန်ဂီတဆုပေးပွဲက ပေးအပ်တဲ့ Artist of the Year ဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တာ အခုတစ်ခါနဲ့ဆို (၆) ကြိမ်ရှိသွားခဲ့ပါပြီ။

ထွက်ရှိသမျှသီချင်းတိုင်းနဲ့ ဆုကြီးတွေဆွတ်ခူးပိုင်ဆိုင်ရတဲ့ တေလာဆွစ်ဖ်အပြင် ဂျက်စတင်ဘီဘာနဲ့ The Weeknd တို့ကလည်း တစ်ယောက်ကို ဆု (၃) ဆုစီရတဲ့ နောက်ထပ်ဆုကြီးတွေရရှိခဲ့သူတွေဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာက Favorite Male Pop/Rock Artist ဆုကြီးအပြင် အခြားအနုပညာရှင်နဲ့ ပူးပေါင်းတင်ဆက်တဲ့သီချင်းတွေနဲ့ အခြားဆု(၂) ဆုကို ရရှိခဲ့ပါတယ်။ Th Weeknd ကတော့ Best Soul/R&B Male Artist ဆု အပါအဝင် After Hours အယ်လ်ဘမ်နဲ့ Heartlessသီချင်းတွေအတွက် ဆု (၂) ဆု အားလုံးပေါင်း (၃) ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပါ။

အဆိုတော် Becky G ကလည်း Best Female Latin Artist ဆုကို ရရှိခဲ့ပြီး အဲဒီဆုကို ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရည်ညွှန်းခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ရက်ပါအဆိုတော် သီ စတေလီယံ (Thee Stallion) ကလည်း ပထမဆုံးအကြိမ်အနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့အပြင် Best Rap/Hip-Hop Song ဆုကို လက်ခံခဲ့ရပါတယ်။ သူ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Best New Artist ဆုကိုတော့ အဆိုတော် Doja Cat ကရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီအနုပညာရှင်တွေအပြင် အခြားအနုပညာရှင်တွေလည်း ဆုတွေကိုယ်စီဆွတ်ခူးပိုင်ဆိုင်ခဲ့ကြပါသေးတယ်။

ဒီဆုပေးပွဲမှာ အခြားအနုပညာများစွာလည်း ဖျော်ဖြေတင်ဆက်ခဲ့သလို ဂျက်စတင်ဘီဘာကလည်း Lonely နဲ့ Holy သီချင်းတွေကို ဖျော်ဖြေပေးခဲ့ပါတယ်။ Shawn Mendes နဲ့လည်း ပူးပေါင်းတင်ဆက်ဖျော်ဖြေခဲ့ပါသေးတယ်။ ကေပေါ့စ်အဖွဲ့ BTS ကလည်း Best Pop/Rock Group နဲ့ Favorite Social Artist ဆု (၂) ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့အပြင် ကိုရီးယားကနေ သူတို့ရဲ့နာမည်ကြီးသီချင်း (၂) ပုဒ်ဖြစ်တဲ့ Dynamite၊ Life Goes On တို့နဲ့ ဆုပေးပွဲကိုလည်း ပိတ်သိမ်းပေးခဲ့ပါတယ်။

Ref: American Music Awards: Taylor Swift wins Best Artist for sixth time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top