အလုပ်ထဲ၌ မည်သို့ အပြုသဘောဆောင် ပြီးလုပ်ကိုင်ရမလဲ

natural-woman-in-soft-sweater.jpg

လုပ်ငန်းခွင်ထဲမှာ ပိုမိုပျော်ရွှင်တဲ့ဘ၀ကို ကြိုက်နှစ်သက်ပါသလား။ အလုပ်ထဲမှာ အပြုသဘောဆောင် တတ်တဲ့အကျင့်ကြောင့် ပိုပျော်ရွှင်လာရမယ်၊ မိမိရဲ့ လုပ်ရည်ကိုင်ရည်တွေကိုမြှင့်တင်လာနိုင်မယ့်အပြင် ကိုယ့်ရဲ့အလုပ်ပြီးမြောက်မှုတွေအပေါ်မှာလည်း ဂုဏ်ယူ၀င့်ကြွားမှုရှိလာစေပါတယ်။ သင့်အနေနဲ့ နာရီပေါင်းများစွာအလုပ်ထဲမှာ ရင်းနှီးမြုပ်နှံထားပေမယ့် မပျော်ပိုက်နေဘူးဆိုရင် ပိုပြီးတော့ခက်ခဲမှုရှိလာပြီး နောက်တစ်နေ့အလုပ်သွားချင်စိတ်တောင်ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အောက်ဖော်ပြပါ အချက်များကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ တစ်နည်းတစ်ဖုံအလုပ်ထဲတိုး တက်မှုရှိလာစေမယ် လို့မျှော်လင့်မိပါတယ်။ နည်းလမ်း (၂) မျိုးနဲ့ ပြောပြချင်ပါတယ်။

နည်းလမ်း(၁)။ မှန်ကန်သောသဘောထားရှိခြင်း

(က) မိမိဘာကြောင့်အလုပ်လုပ်နေတာကိုသိရှိပါ။

သင့်အနေနဲ့ ရှင်သန်ဖို့အတွက် အလုပ်လုပ်နေတာလား (သို့) အလုပ်လုပ်ဖို့အတွက်ရှင်သန်နေတာလား။ သင့်ကိုဒီအလုပ်မှာ တည်မြဲစေအောင် ထိန်းထားတဲ့အချက်ကဘာလဲ။ ကိုယ်လုပ်နေတဲ့အလုပ်ကို ကြိုက်သလား၊ (သို့) ကိုယ်နေချင်တဲ့ လူနေမှုပုံစံရအောင် ထိုအလုပ်လစာက ပံ့ပိုးပေးနေပါသလား။ သင့်အနေနဲ့ အလုပ်ထဲမှာ အခက်အခဲတွေကြုံခဲ့ရ (သို့) ငြီးငွေ့လာခဲ့ရင် မှတ်ထားဖို့က ဘာကြောင့်ဒီ အလုပ်ကသင့်အတွက်အရေးကြီးတာလဲဆိုတာ မေးဖို့မမေ့ပါနဲ့။ သင့်အနေနဲ့ ဒီအလုပ်က ဘာကြောင့် အရေးကြီးတာလဲလို့ စဥ်းစားမရတော့ရင် အလုပ်မှာ အပြုသဘောဆောင်ဖို့ တစ်ခုတည်း သောနည်းလမ်းက အလုပ်သစ်ကိုရှာဖို့သာကျန်ပါတော့တယ်။

ဘ၀မှာမိမိဘာလုပ်ဆောင်ရမလဲဆိုတာ နဲ့ မိမိဘယ်နေရာကိုသွားနေတာကို သိရှိနေခြင်းက မိမိအတွက် အပြုသဘောဆောင်စေတဲ့ခံစားမှုများကိုပေးစေပါတယ်။

(ခ) ဘယ်တော့မှမိမိကိုယ်ကို အခြားသူများ နဲ့ နှိုင်းယှဥ်မှုမလုပ်ပါနဲ့

အားလုံးမှာ မိမိဘ၀ စတင်မှု နေရာမတူကြလို့ သွားနေတဲ့ ဘ၀ခရီးတွေကလည်းမတူကြပါဘူး။ ဒါကြောင့် အခြားသူတွေသွားနေတဲ့ဘ၀ခရီးကို သင့်အနေနဲ့ အတိအကျသိနိုင်မှာမဟုတ်ပါဘူး။ မျက်စိစုံပိတ်ပြီး တထစ်ချ နှိုင်းယှဥ်မှုတွေက သင့်ကို အနှုတ်သဘောဆောင်တဲ့ခံစားမှုတွေပေးစေပြီး အချိန်လဲကုန်စေပါတယ်။ သင့်အနေနဲ့ တစ်ခုတည်းသောလုပ်နိုင်တာက မိမိရဲ့ အတွေးတွေနဲ့ ကံကြမ္မာ ကိုသိရှိဖို့နဲ့ ထိုအတွက်အလုပ်လုပ်ဖို့သာ အရေးကြီးတယ်။

(ဂ) မိမိထိန်းချုပ်လို့မရတဲ့အရာတွေနဲ့ ခေါင်းရှုပ်မခံနေပါနဲ့။

ဆိုလိုတာက သင့်ဘ၀မှာအရေးကြီးတဲ့အရာတွေကိုသိရှိဖို့နဲ့ ထိုအရာကိုလုပ်ဆောင်ဖို့ပါ။ သာဓက အားဖြင့် စီးပွားရေး၊ သင့်ရဲ့စျေးကွက်၊ အခြားသူတွေလုပ်ဆောင်နိုင်သည့်လုပ်ဆောင်ချက်များ စသည့်အရာများ ကိုသိရှိရန်နဲ့ အာရုံစိုက်ရန်ဖြစ်သည်။ ဒါကြောင့်သင့်ရဲ့ အတွင်းစိတ်ကူး အကြံဥာဏ်တွေနဲ့ လုပ်ဆောင်ချက်တွေက ပဓာနကျသည်ဆိုတာ မမေ့ပါနဲ့။

(ဃ) မိမိကိုယ်ကို (သို့) မည်သူတစ်ဦးတစ်ယောက်ကိုမှ အလေးအနက်မထားပါနဲ့။

နေတတ်သလို ပျော်ရွှင်အောင်နေပါ။ မိမိကိုယ်ကိုလှောင်ပြောင်စနောက်ခြင်းဟာလည်း အားအင်တွေ တက်စေပြီး ထိုအရာက သြဇာရှိမှုနဲ့ ဆွဲဆောင်မှုလည်းရှိစေပါတယ်။ ဟာသဥာဏ်ရှိခြင်းဟာလည်း ဆုတ်ယုတ်မှုများကို ရှု့ထောင့်တစ်နေရာမှမြင်တတ်စေပြီး မိမိအနေနဲ့ အလုပ်ဆိုတာ ဘ၀ကြီးတစ်ခုလုံး မဟုတ်ဘူး ဆိုတာကို အသိ၀င်စေပါတယ်။

ဒီလိုမြင်တတ်စေမှုက သိထားသင့်တဲ့အရာဖြစ်ပြီး သင်ယူစရာမလိုတဲ့ အမြင်ဖြစ်တယ်။ သင့်ရဲ့ အတွေးတွေထဲမှာ ပေါ့ပါးမှုရှိစေဖို့ လိုပါတယ်။ သို့သော် အရေးကြီးတဲ့အခြေအနေတွေမှာတော့ နှောက်ပြောင်ခြင်းကို ရှောင်ဖို့လိုပါမယ်။ အထူးသဖြင့်အခြေအနေတွေက ပြင်းထန်တဲ့အကျိုး ဆက်များဖြစ်ပေါ်နိုင် (သို့) ဘေးနားက သူက အတည်ယူလိုက်ရင် မလိုလားအပ်တဲ့ အရာတွေဖြစ် လာနိုင်လို့ပါ။

(င) တိုင်တန်းဖို့အတွက် အချိန်အချို့ထားရှိပါ၊ သို့သော် အကျဥ်းကျုပ်တတ်ပါစေ။

မိမိရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ စွဲကပ်နေသလိုခံစားရတဲ့အခိုက်အတန့်ရှိပါလိမ့်မယ်။ အလိုမကျတဲ့ အခိုက်အတန့်တွေရှိလာပါက အရေးယူသင့်ရင်ယူ၊ ဖြေရှင်းသင့်ရင်ဖြေရှင်းရပါလိမ့်မယ်။ ဆက် လုပ်စရာရှိတဲ့ အရာတွေကို ဆက်လုပ်ပါ။ ပိုမိုကောင်းမွန်တဲ့ အကျိုးဖြစ်ထွန်းစေတဲ့အတွေး များကို ဆက်သွားပါ။

(စ) မကြာခဏ ပြုံးတတ်ပါစေ။

တမင်ဖိအားပေးပြီး အတင်းပြုံးခိုင်းသည့်တိုင် ဖြစ်ပေါ်လာတဲ့အပြုံးကြောင့် သင့်ရဲ့ ဦးနှောက်အတွင်း ပျော်ရွှင်မှုတွေဖြစ် ပေါ်စေတဲ့ ဓာတုတွေပြန့် ပွားစေပါတယ်။ ဒါကြောင့် သင့်ရဲ့အလုပ်ကိုတတ်နိုင်သမျှ ပျော်မွှေ့ တတ်အောင် အချိန်ယူသင့်ပါတယ်။ မိမိနဲ့ခင်မင်တဲ့ လုပ်ဖော်ကိုင်ဘက်များနဲ့ စကားပြောပါ၊ နေ့လည်စားအချိန်အတွင်းရယ်မောစရာ ဗီဒီယိုများကြည့်ပါ၊ ဒီ့နောက် မိမိကိုပျော်ရွှင်စေမယ့် သီချင်းများကိုနားထောင်ပါ။ အပြုသဘောဆောင်တတ်တဲ့အတွေးတွေက သင့်ကို အပြုသဘောဆောင်လာစေအောင် လမ်းပြပေးတယ် ဒါကြောင့် ဒီလိုမဟုတ်ရင်တော့ တစ်ချိန်လုံး အနှုတ်သဘော ဆောင်နေမှာဖြစ်တယ်။

(ဆ) အားလုံးကိုကြင်နာမှုနဲ့ လေးစားမှု ဖြင့် ဆက်ဆံပါ

မိမိရဲ့ လုပ်ဖော်ကိုင်ဘက်တွေအပေါ် စိတ်ကောင်းစေတနာကောင်းဖြင့် ဆက်ဆံပါက ထိုသို့သော တန်ပြန်သက်ရောက်မှုကို ရရှိစေမှာအမှန်ပါပဲ။ တစ်နေ့တစ်လေမှာတော့ မိမိအပါအ၀င် အလုပ်ထဲ ကသူတွေ စိတ်ဖိစီးမှုရှိနေကြမယ် သို့သော် မိမိဘေးကလူတွေမိမိကို တတ်နိုင်တဲ့အကူ အညီများ ပေးကြမယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာ ပိုပြီးစိတ်ပေါ့ပါးသွားရပြန်ပါတယ်။ လူတွေက အားလုံး ပူးပေါင်းဆက်နွယ်နေကြရတယ် ဒါကြောင့် မိမိဘေးက အလုပ်ဖော်တွေနဲ့ ရင်းနှီးမှု တည် ဆောက်ဖို့မ မေ့ပါနဲ့။

(ဇ) မငြိမ်သက်မှု (သို့) ခက်ခဲတဲ့အချိန်တွေမှာ အခွင့်အလမ်းရှာဖို့မမေ့ပါနဲ့။

ထိုအခြေအနေကာလအတွင်းမှာ လုပ်နိုင်တဲ့အရာကို အာရုံစိုက်ပြီး မလုပ်နိုင်တဲ့အရာကို အာရုံမစိုက်ပါနဲ့။ စတင်ရန်နည်းလမ်းကောင်းတစ်ခုက ပြဿနာကိုရှုံးနိမ့်ခြင်းလို့ မမြင်ပဲ အခွင့်အလမ်းလို့မြင် တတ်ဖို့လိုပါတယ်။ အပြောင်းအလဲသည် ရှုမြင်တတ်ခြင်းမှစတင်သည်။ ထိုရှုမြင်တတ်ခြင်းကို ကွင်းကွင်းကွက်ကွက် မြင်လျှင် အကောင်အထည်ဖော်နိုင်သည်။ ပြဿနာတွေကိုဖြေရှင်းရာမှာ အတိတ်က အဖြစ်အပျက်တွေကို ​ဝေဖန်နေဖို့မဟုတ်ပဲ နဲ့ အပြုသဘောဆောင်တဲ့ ရှု့ထောင့်က နေဖြေရှင်းဖို့လိုပါမယ်။ လုပ်ငန်းခွင်တိုင်းမှာ ပျော်စရာတွေနဲ့ မပြည့်နှက်နေနိုင်တာသဘာ၀ပါ။ အပြုသဘောင်ဆောင်နေခိုင်းတာ ပြဿနာတွေကို ရှောင်ရှားခိုင်းနေတာမဟုတ်ပါဘူး။ တကယ်တော့ ပြဿနာတွေကနေ သင်ခန်းစာယူဖို့ သာဖြစ်တယ်။

နည်းလမ်း (၂)။ အလုပ်ကို ပျော်ရွှင်အောင်လုပ်တတ်ခြင်း

(က) အလုပ်ထဲမှာ ဘယ်အရာတွေကို ဖြည့်စွက်နိုင်သလဲဆိုတာကိုတွေးပါ။

လုပ်ငန်းခွင်ထဲမှာ ပိုမိုကောင်းမွန်လာစေဖို့ ဘယ်လို စွမ်းရည်တွေလိုသလဲ၊ ဘယ်လိုအမြင်တွေလို အပ်သလဲ (သို့) အတွေးအကြံဥာဏ်တွေပါရှိသင့်သလဲဆိုတာကိုမေးကြည့်ပါ။ အလုပ်အပေါ်မှာ မိမိအ နေနဲ့ အမြဲ စတင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒါ့အပြင် မိမိကိုယ်ပိုင်အလုပ်သဖွယ် စိတ်နစ်မြုပ်ပါက အလုပ်ကို လုပ်ချင်စဖွယ်ဖြစ်လာစေမှာဖြစ်တယ်။ သင့်ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင်များတွင် ပါ၀င်ခြင်းအားဖြင့် အလုပ်ပေါ်ပိုမိုပျော်ရွှင်လာစေပြီး အလုပ်ကလဲ လွယ်ကူသလိုခံစားလာရစေမည်။ ရောက်လိုရာ ပန်းတိုင်တွေက တစ်ဦးချင်းစီနဲ့သာဆိုင်ပါတယ်။ သင့်အနေနဲ့ မိမိလုပ်တဲ့ ကုမ္ပဏီကို မကြိုက်သော်ငြားလည်း မိမိကအလုပ်ပေါ်တက်ကြွစွာဆောင်ရွက်ခြင်းဖြင့် လိုအပ်တဲ့စွမ်းရည်များတိုး တက်လာစေပြီး နောင်တစ်ချိန်ထပ်လုပ်မည့် အလုပ်တစ်ခုအတွက်လဲ ပြင်ဆင်ထားသလိုရှိသည်။

(ခ) အလုပ်ထဲ၌မိမိရဲ့ အကန့်အသတ်ကို သိပါ။

ကိုယ်မလုပ်နိုင်ဘူးလို့ ထင်တဲ့ အလုပ်ကိစ္စတစ်ခုကို ခေါင်းခံပြီး တာ၀န်မယူမိပါစေနဲ့။ ဒီလိုလုပ်ခြင်း အားဖြင့် မိမိတတ်နိုင်တဲ့ အလုပ်တာ၀န်အပိုင်းကို ခေါင်းရှောင်နေတာလို့မဆိုလိုပါ။ အဓိကတော့ ကုမ္ပဏီအတွက်ထက် မိမိရဲ့ အကန့်အသတ်နဲ့ လုပ်ကိုင်နိုင်စွမ်းကိုနားလည်တတ်ပြီး မျှတတဲ့ အလုပ် တာ၀န်ကိုယူတတ်ပါစေ။ မိမိအထက်က ခိုင်းသမျှ အလုပ်ပိုမှန်သမျှ လုပ်စရာမလိုပါ။ ငြင်းပယ်တတ်ပြီး မိမိအနေနဲ့ လုပ်ကိုင်နိုင်ရာ တာ၀န်များကိုသာယူပါ။ မိမိရဲ့လူနေမှုဘ၀ ကိုမထိခိုက်ဖို့လိုပါတယ်။

(ဂ) အလုပ်ခွင်ကို ကိုယ်ပိုင်နေရာသဖွယ်လုပ်ဆောင်ပါ။

ရုံးခန်းအတွင်း မိမိနှစ်သက်တဲ့ ရုပ်ပုံကားချပ်ကိုချိတ်ဆွဲထားပါ။ သီချင်းနားထောင်ဖို့ နားကြပ်၊ အလှထားဖို့ အသေးအဖွဲပစ္စည်းများဖြင့် တန်ဆာဆင်ထားပါ။ မိမိအတွက် နေချင့်စဖွယ်ရှိတဲ့အလုပ် ခွင်ဖြစ်ဖို့အရေးကြီးပါတယ်။ ပုံမှန်အလုပ်သွားအလုပ်ပြန်ဆိုသကဲ့သို့ သဘောမထားမိပါစေနဲ့။

(ဃ) အာဟာရမျှတစွာနေထိုင်စားသောက်ပါ။

အလုပ်ခွင်ထဲမှာ ပျော်ရွှင်ပြီး အပြုသဘောဆောင်နိုင်ဖို့ သင့်တင့်မျှတစွာနေထိုင်စား သောက်ထား ဖို့လိုပါမယ်။ ဆာလောင်မှုရှိတာ၊ ရေငတ်တာတွေက အားအင်တွေကိုကုန်ဆုံးစေပြီး အလုပ်အပေါ် အာရုံစိုက်နိုင်ဖို့ အခက်အခဲဖြစ်နေလိမ့်မယ်။

(င)အချိန်အတိအကျလိုက်နာတတ်ပါစေ သို့သော် ပြောင်းလွယ်ပြင်လွယ်တတ်ပါစေ။

ကိုယ်တိုင်ပြင်ဆင်မှုလုပ်ပါ။ သို့သော် အချိန်ဇယားတွေနဲ့ မချည်နှောင်ထားပါနဲ့။ နောက်ကျမှ တင် တတ်တဲ့အရာတွေကိုရှောင်နိုင်သမျှရှောင်ပါ၊ အစီအစဥ်တကျနဲ့အရာအားလုံးကို ဟန်ချက်ညီညီ ထား တတ်ပါစေ။ စိတ်တွေရှင်းလင်းကြည်လင်နေစေဖို့ အလုပ်စားပွဲနဲ့ အလုပ်ပတ်၀န်းကျင်ကို သန့်ရှင်းပြီး ရှင်းလင်း အောင်ထားပါ။ စီစဥ်ထားတာတွေ က ထင်ထားတဲ့အတိုင်းမဖြစ်လာတတ်တာကို နားလည်ရ မယ်။ ပြင်လွယ်ပြောင်းလွယ်နိုင်အောင် လိုက်လျှောညီထွေမှုနဲ့ နေထိုင်ရမယ်။ အလုပ်ခွင်ဆိုတဲ့နေရာက အမြဲရှုပ်နေတတ်တာကို သိထားရမယ်။

(စ) တက်ကြွမှုရှိပါ။

အိပ်ယာထပြီး အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လေ့ကျင့်ခန်းအတွက်အချိန်ပေးပါ။တစ်နေကုန် နေရာတစ်နေရာတည်းမှာထိုင်ပြီး အလုပ်အတွက်အချိန်ကုန်စေတာက ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် တက်ကြွမှုရှိတာက တစ်နေကုန် အဆင်ပြေစေပါတယ်။ နေ့လည်စာအနားယူချိန် လမ်းထွက်လျှောက်ပါ။ အလုပ်ချိန်မပြောင်းခင် အားလပ်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ လိုပါမယ်။ ခန္ဓာကိုယ်က တက်ကြွနေရင် စိတ်လည်းတက်ကြွနေမှာဖြစ်တယ်။ ဒါကြောင့် ကိုလက်လေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့။

(ဆ) ပိုပြီးစိတ်ကူးယဥ်ကြည့်ပါ။

စိတ်ကိုတစ်နေရာထဲမှာမနစ်ပဲ တစ်ခါတစ်လေ ဟိုအကြောင်း ဒီအကြောင်းစဥ်းစားဖို့လိုပါတယ်။ ဒီအချက်က စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်စေသလို အကျိုးလည်းဖြစ်ထွန်းစေပါတယ်။ ဒီလိုစိတ်ကူးယဥ်မှုသည် အလုပ်နဲ့သက်ဆိုင်သည်ဟုသော အငြင်းပွားမှုသည် (၂၀) ရာစုအထိ ဖြစ်ခဲ့သည်။ တစ်ကယ်တော့ အတွေးတွေကြောင့် အကြံဥာဏ်ကောင်း တွေရရှိစေမှာဖြစ်တယ်။

(ဇ) အလုပ်နဲ့ သီးခြားခွဲထားပါ။

တချို့အချိန် ဘ၀မှာ အလုပ်ဟာ အလွန်မှအရေးကြီးနေတယ်လို့ထင်နေပါလိမ့်မယ်။ သင့်အနေနဲ့ အလုပ်ကို သင့်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ သီလသမာဓိကို ထိခိုက်စေနိုင်လောက်အောင် ခွင့်ပြုထားတယ်ဆိုရင်တော့ မိမိကို မိမိပြန်သတ်နေသလိုပဲဖြစ်နေပါလိမ့်မယ်။ တစ်ကယ်တော့ အလုပ်ဟာ အလုပ်ပါပဲ၊ အလုပ်ဟာ မိမိရဲ့ အိမ်မဟုတ်၊ ဒါကြောင့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ပိုင်းခြားထားဖို့အရေးကြီးပါတယ်။ အလုပ်ချိန်ပြီးတာနဲ့ အလုပ်နဲ့ အဆက်သွယ်ဖြတ် တောက်ဖို့လို ပါတယ်။ သို့မှသာ အခြားသောမိမိလုပ်ချင်တဲ့ အရာတွေနဲ့ ထိတွေ့မှုရှိနိုင်မှာဖြစ်တယ်။ အလုပ်နဲ့ အဆက်သွယ်ဖြတ်တောက်ထားတတ်ဖို့ဆိုရင် ၀ါသနာတစ်ခု (သို့) စိတ်ပါ၀င်စားရာတစ်ခုရှိသင့်ပါတယ်။ အလုပ်ပြင်ပဟာ သင့်အတွက်ကိုယ်ပိုင်အချိန်တွေပါပဲ။ ဒီအချိန်အတွင်းမှာတောင် လုပ်ဖော်ကိုင်ဖက် တွေနဲ့ ဒွန်တွဲပြီး ရှိနေစရာမလိုပါဘူး (မပါမဖြစ်မှတပါး)။ ဥပမာ အားကစားတစ်ခုခုလုပ်တောင် မိမိလုပ်ဖော်ကိုင်ဖက်နဲ့ လုပ်စရာမလိုပါဘူး။ ကျန်တဲ့ပြင်ပ လူတွေနဲ့ တွဲလုပ်သင့်ပါတယ်။

Ref: WikiHow

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top