အနိုင်ရရင် ယူရို ၁၀၀၀ ရမယ့် အအိပ်ပြိုင်ပွဲ

31-8-2022-yyl-04.jpg

မနေ့က လဲလျောင်းပြိုင်ပွဲအကြောင်း တင်တော့ ဝင်ပြိုင်ချင်တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့ မှာလည်း ထူးထူးခြားခြား ပြိုင်ပွဲတစ်ခုရှိတယ်။ အအိပ်ပြိုင်ပွဲတဲ့။ ဒီပြိုင်ပွဲမှာ အမြန်ဆုံး အိပ်နိုင်တဲ့သူက အနိုင်ရတယ်။ အနိုင်ရရင် ယူရို ၁၀၀၀ ပေးတယ်။ (ခေါင်းချတာနဲ့ အိပ်ပျော်တယ်ဆိုသူတွေ ပြိုင်ရမယ့်ပွဲပဲ)။

ဒါပေမဲ့ လူစည်ကားတဲ့ ဈေးဝယ်စင်တာထဲမှာ လုပ်တာဆိုတော့ အသံဗလံတွေ ဆူညံနေလို့ လွယ်လွယ်နဲ့တော့ အိပ်ပျော်မှာ မဟုတ်ဘူး။ တကယ်အိပ်ပျော်/မပျော်ဆိုတာကို အနည်းဆုံး မိနစ် ၂၀ ကြာ အိပ်ပျော်ရမယ်၊ လေ ရှူ/ထုတ်နှုန်း၊ အိပ်စက်တဲ့ ကိုယ်ဟန်အနေအထားကိုကြည့်ပြီး အကဲဖြတ်မှာပါ။ ပြိုင်ပွဲနာမည်ကတော့ National Siesta Championship ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top