ဘောလုံးကစားရင်း အကြောဆိုင်းသွားခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းအတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ အထက်တန်းကျောင်းသားလေး

30-2-2022-yyl13.jpg

၆ တန်းနှစ်မှာ ဂျော်ဒန် စလိုအန် (Jordan Sloan) နဲ့ မာကို့စ် ဆန် မီကူရယ် (Marcos San Miguel) ဆိုတဲ့ ကျောင်းသားလေး ၂ ယောက်ဟာ အားကစားခန်းမမှာ ဆုံကြရင်း သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ မာကို့စ်အတွက် ဂျော်ဒန်က သူ့ရဲ့စိတ်ထဲမှာရှိတဲ့ အရာအားလုံးနီးပါးကို ဖွင့်ပြောပြလောက်အောင် အရမ်းရင်းနှီးတဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲ။

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်စလုံးက ထူးချွန်တဲ့ အားကစားသမားတွေပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၈ လကျော်က ဂျော်ဒန်ဟာ ဘောလုံးကစားရင်း ဉီးခေါင်းထိခိုက်မိခဲ့ပြီး ဉီးနှောက်နဲ့ ကျောရိုးနာဗ်ကြောမကို ဆက်သွယ်ပေးထားတဲ့ Brain Stem ကို အနာတရဖြစ်သွားစေခဲ့ပါတယ်။ သူ့ရဲ့ခြေထောက်တွေ (ဒါမှမဟုတ်) လက်တွေ လှုပ်ရှားလို့မရနိုင်တော့အောင် အကြောဆိုင်းသွားခဲ့ပါတယ်။

အခုဆိုရင် အားကစားထပ်ပြီး လုပ်ချင်စိတ်ရှိနေတဲ့ ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားလေးက တစ်ပတ်မှာ ၆ ရက်လောက် ခြေလက်တွေ အရင်အတိုင်းပြန်ဖြစ်ဖို့ လုပ်ဆောင်နေရပါတယ်။ မာကို့စ်က သူ့အချစ်ဆုံးသူငယ်ချင်း အခုလိုဖြစ်နေတာ မကြည့်ရက်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် မာ့ကိုစ်က သူ့သူငယ်ချင်းပြန်လည်ကောင်းမွန်လာဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့အနေနဲ့ သူ့သူငယ်ချင်းမိသားစုအတွက် ရန်ပုံငွေရှာပေးခဲ့ပါတယ်။ ဘတ်စကတ်ဘောကွင်းမှာ အခကြေးငွေကောက်တဲ့အခါတိုင်း အားပေးပံ့ပိုးကြတဲ့သူတွေက လှူဒါန်းပေးကြပါတယ်။ သူ ကူညီပေးနိုင်သမျှအရာတိုင်းကို တကယ်ပဲ လုပ်ပေးချင်ကြောင်းနဲ့ သူသာ အခုလိုထိခိုက်မိခဲ့ရင် ဂျော်ဒန်ကလည်း သူ့အတွက် အလားတူကိစ္စမျိုးလုပ်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

မာကို့စ်က သူ့အချစ်ဆုံးသူငယ်ချင်းအတွက် ဒေါ်လာ ၁၃၀၀၀ ကျော် ရန်ပုံငွေရှာပေးနိုင်ခဲ့ပါတယ်။ “မာကို့စ်ကို အမြဲတမ်းကျေးဇူးတင်သွားနိုင်မလား ကျွန်မ မသိပါဘူး။ ဒါပေမဲ့ တစ်သက်လုံး ကြိုးစားသွားမှာပါ”လို့ ဂျော်ဒန်ရဲ့အမေက ဆိုပါတယ်။

Ref: CBSNews “High school athlete raises more than $13,000 for best friend who was paralyzed while playing football”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top