ကျောင်းဆရာတစ်ဉီး နာရီပေါင်း (၄၀) နီးပါး ရက်ပ် အကြာကြီးရွတ်ပြီး ကမ္ဘာ့စံချိန်တင်

26-5-2022-yyl-08.jpg

နာရီပေါင်း (၄၀) နီးပါး ရက်ပ်ရွတ်ခဲ့တဲ့ ဗြိတိန်လူမျိုးကျောင်းဆရာ ဒန်နီရယ် အယ်လ်ကွန်က ကမ္ဘာ့စံချိန်မှတ်တမ်းသစ်တင်ခဲ့ပါတယ်။ သူ့ရဲ့ဂီတနာမည် DAlcon နဲ့ ရက်ပ်ရွတ်ခဲ့တာပါ။ နှစ်ညမအိပ်ဘဲ ၃၉ နာရီနဲ့ ၃၇ မိနစ်ကြာ ရက်ပ်ရွတ်ခဲ့ပါတယ်။ အင်္ဂလိပ်စာသင်ကြားတဲ့ ဒန်နီရယ်က အကြာဆုံးရက်ပ်ရွတ်ခဲ့လို့ ကမ္ဘာ့ဂင်းနစ်စ်စံချိန်ချိုးခဲ့တာကြောင့် အရမ်းဂုဏ်ယူတယ်လို့ ပြောပါတယ်။ အရင်က အခုလို တစ်ခါ လုပ်ခဲ့ဖူးပေမဲ့ ကျရှုံးခဲ့ပါတယ်။ ဒါကြောင့် ထပ်ပြီး လုပ်ကြည့်ဖို့ ကြိုးစားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ဒန်နီရယ်ဟာ အကြာဆုံးရက်ပ်ရွတ်တာ ကျရှုံးခဲ့ပြီးနောက် အခုနှစ် ဧပြီလမှာ ထပ်ပြီးကြိုးစားခဲ့လို့ ကမ္ဘာ့ဂင်းနစ်စ်မှတ်တမ်းဝင်ခဲ့ပါတယ်။ သူက အမေရိကန်ရက်ပ်အဆိုတော်ဝက်တ်စကီးရဲ့ စံချိန် ၃၃ နာရီ၊ ၃၃ မိနစ်နဲ့ ၁၆ စက္ကန့်ကို အနိုင်ပိုင်းဖို့လုပ်ခဲ့ပါတယ်။ အခုတော့ သူက ၃၆ နာရီကျော်နဲ့ စံချိန်းချိုးပစ်ခဲ့ပါတယ်။

ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်းတွေ လိုက်နာဖို့ ဒန်နီရယ်ရဲ့ရက်ပ်ရွတ်ခြင်းကို သက်သေခံပေးတဲ့သူတွေက ကြီးကြပ်ခဲ့ကြပါတယ်။ စည်းမျဉ်းတွေအရ ဒန်နီရယ်ကို စည်းချက်မှန်မှန်နဲ့ ရက်ပ်တွေ အဆက်မပြတ်ရွတ်နေတဲ့ကြားမှာ စက္ကန့် ၃၀ မျှ အသက်ရှုခွင့်ပြုထားပြီး ရက်ပ်ရွတ်တဲ့နာရီတိုင်းအတွက် (၅) မိနစ် နားခွင့်ပေးထားပါတယ်။

သူ ရက်ပ်ရွတ်တဲ့တစ်လျှောက်မှာ ကီဝီသီး၊ စပျစ်သီးနဲ့ ရေနွေးကြမ်းတွေကိုပဲ သောက်ခဲ့ရပါတယ်။ ဒီစိန်ခေါ်မှုအစမှာ တွေ့ကြုံရတဲ့ အခက်အခဲဆုံးအခိုက်အတန့်တွေက တစ်ခုကို ဒန်နီရယ်က ပြောပြပါတယ်။ “အပင်ပန်းဆုံးအခိုက်အတန့်တွေထဲကတစ်ခုက ပထမသီချင်းမှာ စိတ်ဓာတ်ခွန်အားမဖြစ်သလို ခံစားရတဲ့အချိန်။ စိန်ခေါ်မှုမစခင် ကျွန်တော် စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါပေမဲ့ စလည်းစရော ကျွန်တော်က စက်တစ်ခုလိုပဲ။ အဆင်ပြေသွားတယ်။ ခွန်အားတွေက တက်လိုက်၊ ကျလိုက်ပဲ။ ရုတ်တရက် အားအင်တွေပြည့်လာတယ်”လို့ သူက ပြောပါတယ်။

ဒန်နီရယ်က စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ရုန်းကန်နေရပြီး ကမ္ဘာ့စံချိန်ချိုးဖို့ သူ့ရဲ့စိတ်အားထက်သန်မှုက Key Changes ပရဟိတအဖွဲ့အစည်း (စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ရင်ဆိုင်ခဲ့ရတဲ့ ဂီတသမားတွေအတွက် ကမ္ဘာ့ပထမဆုံးဂီတအဖွဲ့အစည်း) အကြောင်း လူအများသတိပြုမိလာစေဖို့ အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီပရဟိတအဖွဲ့အစည်းက ဆေးရုံမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ အတွင်းလူနာတွေ၊ အနုပညာရှင်တွေကို စိုးရိမ်ပူပန်မှုတွေ ကျော်လွှားဖို့ ကူညီပေးတဲ့ နည်းပြတွေကို ဂီတစတူဒီယိုတစ်ခု ထောက်ပံ့ပေးထားပါတယ်။

Ref: Metro “Teacher breaks world record for longest rap – going for nearly 40 hours”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top