PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ လီဗာပူးကစားသမား ၅ ယောက် ပါဝင်

9-9-2020-yyl49.jpg

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား ၁၁ ယောက်စာရင်းမှာ လီဗာပူးကစားသမား ၅ ယောက်အထိ ပါဝင်လာခဲ့ပါတယ်။ နည်းပြဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အနီးဆုံးပြိုင်ဘက် မန်စီးတီးကို ၁၈ မှတ်ဖြတ်ပြီး နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

PFA တစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းမှာ PFA တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆွတ်ခူးခဲ့တဲ့ အလက်ဇန္ဒားအာနိုး၊ မာနေး၊ ဗန်ဒိုက်ဂျ်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန် စတဲ့ လီဗာပူး ကစားသမား ၅ ယောက် ပါဝင်လာခဲ့တာပါ။ ဒါပေမဲ့ ဘန်လေဂိုးသမား နစ်ပုတ်က လီဗာပူးဂိုးသမား အလစ်ဆန်ဘက်ကာ၊ မန်စီးတီးဂိုးသမား အီဒါဆန်တို့ကို ကျော်ဖြတ်ပြီး ဂိုးသမားနေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။ PFA တစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းမှာ မန်စီးတီးကစားသမား ၂ ယောက်( ဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးလ်ဗား)၊ လက်စတာအသင်း ကစားသမား ၂ ယောက် ( ဗာဒီနဲ့ ဆိုယန်ကူ)၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း စတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top