ဖာဂူဆန်က သူ့ကို မန်ယူနည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ဖူးတယ်လို့ အန်စလော့တီ ပြော

23-12-2020-yyl21.jpg

ဂန္ထဝင်နည်းပြ ( ဟောင်း) ဖာဂူဆန် အနားယူတော့မယ့်အချိန်မှာ သူ့ကို မန်ယူနည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခဲ့ဖူးတယ်လို့ အဲဗာတန်နည်းပြ အန်စလော့တီက ပြောပါတယ်။ အဲဒီတုန်းက အန်စလော့တီဟာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေပြီး ရီးရဲလ်ကို ပြောင်းဖို့ သေချာသလောက် ဖြစ်နေချိန်ပါ။

ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ မန်ယူနဲ့ ကစားရမယ့် ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အန်စလော့တီက အခုလို ပြောခဲ့တာပါ။ မန်ယူနည်းပြအဖြစ် ကျွန်တော် တာဝန်ယူမလားဆိုတဲ့ကိစ္စကို ခင်ဗျားတို့သိချင်ကြတယ်မလား။ ဆာအဲလက်စ် ( ဖာဂူဆန်)နဲ့ ကျွန်တော့်ကြားမှာ ဆက်ဆံရေးကောင်း ရှိနေဆဲပါပဲ။ သူ အနားမယူခင် ကျွန်တော်တို့ ဆုံခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်လည်း ရီးရဲလ်ကို ပြောင်းဖို့ နီးစပ်နေပြီ။ အဲဒီတုန်းက သူ ပြောခဲ့တဲ့ကိစ္စကို ကျွန်တော် တန်ဖိုးထားပါတယ်။ နောက်ပိုင်းတော့ မန်ယူကို ကိုင်တွယ်ဖို့ အခွင့်အရေးထပ်မရတော့ပါဘူး” လို့ အန်စလော့တီက ပြောပါတယ်။

အန်စလော့တီလက်ထက်မှာ အဲဗာတန်အသင်းက ရလဒ်ကောင်းတွေရရှိနေပြီး ဒီရာသီ ပွဲစဉ် (၁၄)ပွဲ ကစားပြီးချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အဲဗာတန်နဲ့ မန်ယူအသင်း တွေ့ဆုံခဲ့ပြီး အဲဒီပွဲစဉ်မှာတော့ မန်ယူက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Ref: Goal ” Ancelotti reveals why he rejected Manchester United coaching job “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top