ဆီးချိုရောဂါသည်တွေအတွက် လိမ္မော်သီးက ဘေးကင်းရဲ့လား

23-12-2020-yyl16.jpg

ဆောင်းရာသီရဲ့ရာသီစာသစ်သီးဖြစ်တဲ့ လိမ္မော်သီးကို မကြိုက်တဲ့သူမရှိကြဘူးထင်ပါတယ်။ အခုလိုကပ်ရောဂါအတွင်းမှာ ကိုယ်ခံအားစနစ်မြှင့်တင်ဖို့အတွက် ဗီတာမင်စီများများစားပေးလို့ပြောကြပါတယ်။ လိမ္မော်သီးက ဗီတာမင်စီကြွယ်ဝတဲ့အတွက် ကိုယ်ခံအားကောင်းဖို့အတွက် စားပေးသင့်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါရှိသူတွေက သူတို့စားတဲ့အစားအစာတွေကို အရမ်းသတိထားပြီးစားရပါတယ်။ သူတို့တွေက သွေးအတွင်း သကြားဓာတ်ကို ထိန်းနိုင်ဖို့အတွက် အချိုများတဲ့အစားအစာတွေကို ရှောင်ရပါတယ်။ ဒါကြောင့် တချို့ဆီးချိုရောဂါသည်တွေက အရည်ရွှမ်းတဲ့ ချိုတဲ့ လိမ္မော်သီးကို သွေးအတွင်း သကြားဓာတ်ကို ထိခိုက်မိမှာဆိုးတဲ့အတွက် မစားမိအောင် ရှောင်ကြပါတယ်။ ဒီဗီတာမင်စီကြွယ်ဝတဲ့ အသီးကို ဆီးချိုရောဂါသည်တွေက တကယ်ရှောင်သင့်ရဲ့လားဆိုတာကို ဒီဆောင်းပါးကနေ တဆင့် မျှဝေပေးပါမယ်။

ဆီးချိုရောဂါသည်တွေက လိမ္မော်သီးကို စားလို့ရရဲ့လား

ဒီမေးခွန်းအတွက် အဖြေကတော့ ရိုးရှင်းပါတယ်။ ဆီးချိုရောဂါသည်တွေလည်း သွေးအတွင်း သကြားဓာတ်အတွက် စိုးရိမ်စရာမလိုဘဲ လိမ္မော်သီးကို စားပေးလို့ရပါတယ်။ ဆီးရောဂါသည်တွေကို အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစားတွေကို ချင့်ချိန်တွက်ချက်ပြီး စားပေးဖို့ ထောက်ခံချက်ပေးထားပါတယ်။ လိမ္မော်သီးက အမျှင်ဓာတ်ပြည့်ဝပြီး glycemic အညွှန်းကိန်းဂလူးကို့စ်ပမာဏလည်း ၄၀နဲ့ ၅၀ ကြားရှိပါတယ်။ သဘာဝအချိုဓာတ်ပဲပါဝင်တဲ့အတွက် ဆီးချိုရောဂါသည်တွေစားဖို့အတွက် ဘေးကင်းပါတယ်။

ဒါပေမဲ့ လိမ္မော်သီးကို အချိုရည်အဖြစ်ထုတ်လုပ်ထားတဲ့ ဖျော်ရည်ဗူး၊ ပုလင်းတွေကိုတော့ မသောက်သုံးသင့်ပါဘူး။ ဒါတွေက ကြာရှည်ခံအောင်လုပ်ထားပြီး ဓာတုဆေးသကြား၊ အချိုဓာတ်တွေနဲ့ ပြည့်ဝနေတတ်ပါတယ်။ အသီးစစ်စစ်နဲ့ဖျော်ထားတဲ့ ဖျော်ရည်ကိုတော့ သောက်ပေးလို့ရပါတယ်။ ဆီးချိုရောဂါသည်တွေ ဒီအသီးကို ဘာကြောင့်စားပေးသင့်လဲဆိုတဲ့ နောက်ထပ်အကြောင်းအရင်းတွေရှိပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်

လိမ္မော်သီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင်စီဓာတ်ကြွယ်ဝပါတယ်။ ဆောင်းရာသီက သင့်ခန္ဓာကိုယ်မှာ အမျိုးမျိုးသောရောဂါပိုးမွှားတွေ ကပ်ညှိလာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတဲ့အစားအစာတွေ စားပေးတာက ရာသီတုပ်ကွေး၊ ဖျားနာတာတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

နှလုံးကျန်းမာရေးအတွက် အမျှင်ဓာတ်၊ အန်တီအောက်စီဒန့်ဓာတ်၊ ဗီတာမင်ဓာတ်တွေပါဝင်တဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။ လိမ္မော်သီးက အဲဒီဓာတ်တွေပါဝင်ပြီး နှလုံးကျန်းမာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအတွင်း သကြားဓာတ်နဲ့ ကိုလက်စထရောပမာဏတို့ကိုလည်း ထိန်းပေးပါတယ်။

အစာခြေစနစ်အားကောင်းစေတယ်

အမျှင်ဓာတ်က အစာခြေစနစ်ကျန်းမာဖို့အတွက် အဓိကအခန်းကဏ္ဍမှာပါဝင်ပါတယ်။ အမျှင်ဓာတ်က အူလမ်းကြောင်းကောင်းအောင်၊ ဇီဝဖြစ်စဉ်အားကောင်းအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ လိမ္မော်သီးက အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာကောင်းကောင်းချေဖျက်နိုင်ဖို့အတွက် ကောင်းမွန်ပါတယ်။

Ref: Oranges for diabetics: Is the immunity-boosting fruit safe for people suffering from type 2 diabetes?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top