အန်သိုနီဂျိုရှုအာနဲ့ စိန်ခေါ်သူ ပူလက်ဗ်တို့ ဒီဇင်ဘာလ ၁၂ ရက်မှာ ထိုးသတ်မယ်

hotsports03.jpg

WBA (Super)၊ IBF၊ WBO၊ IBO ချန်ပီယံခါးပတ်တွေ ပိုင်ဆိုင်ထားတဲ့ ဗြိတိန် ဟဲဗီးဝိတ်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာက ဒီဇင်ဘာလ ၁၂ ရက်ကျရင် လန်ဒန်မြို့ O2 Arena မှာ စိန်ခေါ်သူ ကူဘရတ်ပူလက်ဗ်နဲ့ ထိုးသတ်သွားမယ်လို့ ပွဲစီစဉ်သူ အက်ဒီဟန်းက ထုတ်ပြောခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို ပြီးခဲ့တဲ့ ဇွန်လက စပါးအသင်း ဘောလုံးကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတာပါ။ ကူဘရတ်ပူလက်ဗ်က အန်သိုနီဂျိုရှုအာရဲ့ IBF ချန်ပီယံခါးပတ်ကို လက်လွှဲရယူနိုင်ဖို့ စိန်ခေါ်ထိုးသတ်တာဖြစ်ပါတယ်။

” ဟုတ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်ကျရင် O2 Arena မှာ အန်သိုနီဂျူနီယာအတွက် အစီအစဉ်ရှိပါတယ်”လို့ အက်ဒီဟန်းက ပြောပါတယ်။ စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးရမယ့်ကိစ္စတွေ ရှိနေသေးပေမဲ့ ဒီတစ်ပတ်အတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပူလက်ဗ်ရဲ့ပွဲတွေကို ပူးတွဲစီစဉ်နေသူ ဂျွန်ဝါ့တ်က ပြောပါတယ်။ အန်သိုနီဂျိုရှုအာနဲ့ ပူလက်ဗ်တို့ပွဲစဉ်အပြီး နောက်တစ်ပတ်အကြာမှာ တိုင်ဆန်ဖျူရီနဲ့ ဒီယွန်တေးဝှိုက်ဒါတို့ရဲ့ တတိယမြောက် စိတ်မကျေပွဲ ပြန်ထိုးဖွယ်ရှိနေတယ်လို့ talkSPORT သတင်းဌာနက ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်မှာ အဲဒီပွဲစဉ်ဖြစ်မြောက်ခဲ့ရင်တော့ လာမယ့်နှစ်ထဲမှာ အန်သိုနီဂျိုရှုအာနဲ့ တိုင်ဆန်ဖျူရီတို့ရဲ့ Battle of Britain(ဗြိတိန်သား ၂ ယောက်ဆုံတဲ့ပွဲစဉ်) ဖြစ်မြောက်လာနိုင်ဖွယ် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top