အမှန်တကယ်မယူဘဲ အော်ဒါ ၂၀၀၀ ကျော် မှာယူခဲ့တဲ့ ဂျပန်အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

japan.jpg

အမှန်တကယ် မယူဘဲ အော်ဒါ ၂၀၀၀ ကျော် မှာယူပြီး ကုမ္ပဏီကို ဆုံးရှုံးနစ်နာစေမှုကြောင့် ဂျပန်အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အိုဆာကာမြို့မှ အသက် ၃၂ နှစ်အရွယ်ရှိ စားသောက်ဆိုင်ဝန်ထမ်းအမျိုးသမီး မာယုယိုရှီဒါဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး စာပေထုတ်ဝေရေးကုမ္ပဏီဖြစ်တဲ့ Shueisha Inc. ကနေ ယန်း ၄.၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၇ သန်း) တန်ကြေးရှိတဲ့ အော်ဒါပေါင်း ၂၀၀၀ ကျော် မှာယူခဲ့ပေမဲ့ အမှန်တကယ် ငွေပေးချေခြင်း၊ ပစ္စည်းလက်ခံ ရယူခြင်း မရှိခဲ့ပါဘူး။

ယိုရှီဒါဟာ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကြားကာလအတွင်း အကောင့်ပေါင်း ၂၃၈ ခု အသုံးပြုကာ အော်ဒါမှာယူမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ယိုရှီဒါဟာ စတိုးဆိုင်မှတစ်ဆင့် ပေးချေမှုစနစ်ရဲ့ ဟာကွက်ကို အခွင့်ကောင်းယူပြီး အခုလို လုပ်ခဲ့တာပါ။ ခရက်ဒစ်ကတ်နဲ့ ငွေမချေချင်သူတွေဟာ အော်ဒါမှာယူမှုတွေအတွက် စတိုးဆိုင်မှတစ်ဆင့် ငွေပေးချေပြီး မှာယူထားတဲ့ ပစ္စည်း သွားယူနိုင်ပါတယ်။ ပစ္စည်းလာယူသူ မရှိရင်တော့ ကုမ္ပဏီဘက်က ပြန်သိမ်းသွားမှာပါ။

ယိုရှီဒါရဲ့ အော်ဒါမှာယူမှုတွေကြောင့် Shueisha ကုမ္ပဏီဟာ (ပစ္စည်းပြတ်သွားတဲ့အခါ အမှန်တကယ် ဝယ်ယူမယ့်သူတွေကို မရောင်းချနိုင်ခြင်း၊ ပစ္စည်း ပို့ဆောင်/ ပြန်လည်သိမ်းဆည်းရတဲ့ စရိတ်တွေ) ယန်း ၇.၅ သန်း ( အမေရိကန်ဒေါ်လာ ၄၇၀၀၀) ဝန်းကျင် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

ယိုရှီဒါဟာ ဖမ်းဆီးခံခဲ့ရပေမဲ့ သူ့လုပ်ရပ်တွေကြောင့် နောင်တမရဘူး၊ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ဖိအားတွေကို ဖြေလျှော့နိုင်ဖို့၊ စိတ်ပျော်ရွှင်ဖို့အတွက် (လူကြိုက်များလွန်းလို့ ဈေးကွက်ထဲ ပြတ်လပ်သွားနိုင်တဲ့ ပစ္စည်းမျိုးတွေကို) အော်ဒါ မှာယူမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

Ref: Woman Arrested For Placing Over 2,000 Fake Orders on Online Manga Store in Less Than a Year

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top