ရာသီဥတု အပြောင်းအလဲတွေကို တွန်းလှန်နိုင်ဖို့ ဒေါ်လာသန်း ၁၀၀ ကျော် မတည်လှူဒါန်းခဲ့တဲ့ လီယိုနာဒို

48406777_1238163669668710_8795892176652337152_n.jpg

မင်းသား လီယိုနာဒိုရဲ့ ဖောင်ဒေးရှင်းကနေ ရာသီဥတုအပြောင်းအလဲတွေကို ကူညီဟန့်တားပေးနိုင်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် မတည်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲတွေကို သတိပြုလေ့လာမှု တိုးမြှင့်နိုင်ဖို့ လီယိုနာဒို ဖောင်ဒေးရှင်းကို ၁၉၉၈ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး တစ်နှစ်မှာ ရန်ပုံငွေပွဲတော်များစွာလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်က ပတ်ဝန်းကျင်ဆိုင်ရာ အလေးပြုတဲ့ စီမံကိန်းပေါင်း ၂၀၀ ကျော်အတွက် ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တောရိုင်းတိရ စ္ဆာန်တွေကို ကာကွယ်ပြီး ဂေဟစနစ်နဲ့ အဖွဲ့အစည်းအတွက် သမမျှတမှု ရှိအောင် ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ဆန်းသစ်တီထွင်တဲ့ စီမံချက်တွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဖောင်ဒေးရှင်းရဲ့ အကြိမ် ၂၀ မြောက် နှစ်ပတ်လည်မှာတော့ လီယိုနာဒိုအတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေးပြီး အခမ်းအနားကိုတော့ မက်ဒေါးနား နဲ့ အာနိုးလည်း တက်ရောက်ခဲ့ပါတယ်။ လီယိုနာဒိုက ဂုဏ်ပြုပွဲရဲ့ စင်မြင့်ထက်ကို တက်ရောက်ပေးပြီး ဖောင်ဒေးရှင်းရဲ့ မတည်မှုက အရင်က ရှိပြီးသား သန်း ၁၀၀ အပြင် နောက်ထပ် ရန်ပုံငွေ ၁၁ သန်း တိုးသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လီယိုနာဒို ဖောင်းဒေးရှင်းကြီး နှစ်ပေါင်း ၂၀ ထိ တည်မြဲနေတာကို ဂုဏ်ယူပါတယ်။ ၁၉၉၈ ခုနှစ်ကစပြီး ကမ္ဘာ့တိုက်အသီးသီးနဲ့ သမုဒ္ဒရာတွေထဲမှာရှိတဲ့ မျိုးစိတ်လေ့လာရေး ၊ ပြန်လည်အသုံးချစွမ်းအင်၊ ရာသီဥတု အပြောင်းအလဲတွေကို လေ့လာထိန်းသိမ်းပေးဖို့ စီမံကိန်းပေါင်း ၂၀၀ ကျော်မှာ ထောက်ပံ့ခဲ့ပါတယ်။ ပရိုဂရမ် နယ်ပယ်ခြောက်ခုနဲ့ လှုပ်ရှားနေတဲ့ ကျွန်တော်တို့ အဖွဲ့ကြီးရဲ့ ရန်ပုံငွေစာရင်း စုစုပေါင်းက ဒေါ်လာ သန်း ၁၀၀ ကျော်သွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် မင်းသားကြီး လီယိုနာဒိုက ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ၂၀၁၄ ခုနှစ်မှာ စတင်ခန့်အပ်ခြင်း ခံရပါတယ်။ အနုပညာအလုပ်ကို အောင်မြင်စွာလုပ်ကိုင်ရင်း အခြားတစ်ဖက်မှာလည်း ဖောင်ဒေးရှင်း လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ မင်းသားချောကြီး လီယိုနာဒိုကတော့ လက်ရှိမှာ မင်းသား Brad Pitt နဲ့ တွဲဖက်ပြီး One Upon a Time in Hollywood ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

Ref: dailymail “Leonardo DiCaprio’s charitable foundation donates $100 MILLION to help fight climate change”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top