နယ်လှည့်ဖျော်ဖြေပွဲ ကို ထပ်မံရွှေ့ဆိုင်းလိုက်ရပြန်တဲ့ ရှာကီရာ

sh.jpg

ဂရမ်မီဆု ပိုင်ရှင်ပေါ့ စတား ရှာကီရာဟာ နယ်လှည့်ဖျော်ဖြေပွဲအစီအစဉ်ကို ထပ်မံရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ကမ္ဘာကျော်အဆိုတော် ရှာကီရာ ဟာ အသံအိုးပြဿနာကြောင့် နယ်လှည့်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။ မြောက်အမေရိက မှာ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားခြင်းဖြစ်ရာ အသံအိုးမှာ မျှော်လင့်သလောက် ကောင်းမွန်မှုမရှိသေးတာကြောင့်ပွဲကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ ရှာကီရာက ဇန်နဝါရီလမှာ မြောက်အမေရိကနယ်လှည့်ဖျော်ဖြေပွဲကို ပြန်လုပ်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာအခြေနေမှာ အချိန်ပိုမိုယူရဖွယ်ရှိနေတာကြောင့် ပွဲကိုရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ရှာကီရာ ဟာ အသံအိုးပြဿနာကြောင့် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ဂျာမနီကိုလုံးမြို့ဖျော်ဖြေပွဲ အစီစဉ်ကို စတင်နိုင်ခြင်းမရှိခဲ့သလို နိုဝင်ဘာ ၁၀ ရက်နေ့ ကလည်း ပဲရစ်မြို့ဖျော်ဖြေရေးပွဲကို စတင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး၊ အဲဒီ နောက်ပိုင်းမှာ ဆရာဝန်က သူမကိုအနားယူဖို့ အကြံပေးခဲ့ခြင်းကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဖျော်ဖြေပွဲအစီစဉ်ကို ရွှေ့ဆိုင်းတာကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လမှာ ဖျော်ဖြေပွဲအစီစဉ်ကို ပြန်လည်စတင်သွားမှာဖြစ်ပြီး ဂျာမနီ နိုင်ငံ ကနေ စတင်သွားမှာ ဖြစ်ပါတယ်။ လက်တင်အမေရိက ၊ အမေရိကန် နယ်လှည့်ဖျော်ဖြေပွဲအစီစဉ်ကိုမကြာမီ အတိကျ ကြေညာသွားမှာပါ။ သူမက ဇန်နဝါရီလ ၁၇ ရက်နေ့မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့နယ်လှည့်ဖျော်ဖြေပွဲကို ဩဂုတ်လ ၁၀ ရက်နေ့မှာသာ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
Ref: Gulf Times: Shakira postpones her concert tour
ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top