သက်တမ်းကုန်နေတဲ့ နှုတ်ခမ်းနီက ဖြစ်စေတဲ့ ဆိုးကျိုးတွေ

22-11-2021yyl13.png

နှုတ်ခမ်းနီသက်တမ်းကုန်သွားပြီလားဆိုတာ မကြည့်ဘဲ ဆက်ပြီးသုံးနေမိပြီလား။ အဲဒီလို လုပ်မိနေတယ်ဆိုရင် သက်တမ်းကုန်နေတဲ့ နှုတ်ခမ်းနီတွေက သင့်ကို နေမကောင်းဖြစ်စေနိုင်တဲ့အတွက် အသုံးပြုနေတာ ရပ်တန့်လိုက်ပါ။ မိတ်ကပ်ပစ္စည်းတွေလိုပဲ နှုတ်ခမ်းနီမှာလည်း ဘယ်လောက်ပဲအသုံးပြုရမယ်ဆိုတဲ့ သက်တမ်းပါတယ်ဆိုတာ လူတိုင်းသိထားကြမှာပါ။ ကပ်ရောဂါကာလအတွင်းမှာ နှုတ်ခမ်းနီ မဆိုးဖြစ်ကြတဲ့ သူတွေများပါတယ်။ ကပ်ရောဂါငြိမ်သွားတဲ့အခါမှာ နှုတ်ခမ်းနီ ပြန်ဆိုးကြတဲ့အခါ နှုတ်ခမ်းနီ သက်တမ်းကုန်နေလား မကုန်ဘူးလားဆိုတာကို စစ်ဆေးကြည့်ကြပါ။

လွန်ခဲ့တဲ့ နှစ်က ဝယ်ခဲ့တဲ့ နှုတ်ခမ်းနီကို အသုံးပြုဖို့ လုပ်နေတယ်ဆိုရင် အသုံးပြုတာ ရပ်တန့်လိုက်ဖို့ လိုပါပြီ။ အကောင်းစားနှုတ်ခမ်းနီတစ်ချောင်းက (၁၂) လ – (၁၈) လပဲ သက်တမ်းခံပါတယ်။ သင့်ရဲ့နှုတ်ခမ်းနီကို အသုံးပြုလို့ရသေးလာဆိုတာ သိနိုင်မယ့် နည်းလမ်းတွေကတော့

  • အရိုးရှင်းဆုံးနည်းက သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးကြည့်ဖို့ပါ
  • အနံ့ကို သတိပြုမိပါစေ။ နှုတ်ခမ်းနီအရမ်းကြာသွားပြီဆိုရင် အနံ့တမျိုးကြီးဖြစ်နေပါလိမ့်မယ်။
  • အစိုဓာတ်များ စိမ့်ထွက်ပြီး နှုတ်ခမ်းပေါ် အလွယ်တကူ နှုတ်ခမ်းနီစွဲထင်မှု ရှိ၊ မရှိ စစ်ဆေးပါ။

ဒါတွေကို သတိမထားမိဘဲ သက်တမ်းကုန်နေတဲ့နှုတ်ခမ်းနီကို အသုံးပြုနေတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

ပါးစပ်တစ်ဝိုက် ယားယံခြင်း

သက်တမ်းကုန်နေတဲ့ နှုတ်ခမ်းနီများသည် ပါးစပ်တစ်ဝိုက်ယားယံခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေရှိနိုင်ပါတယ်။ နှုတ်ခမ်းနီက ရှုပ်ထွေးလှတဲ့ဖွဲ့စည်းမှုရှိတဲ့ lanolin ပါရှိပြီး ခြောက်သွေ့ခြင်း၊ ယားယံခြင်းနဲ့ နာကျင်ခြင်းတွေလို ဓာတ်မတည့်မှုတုံ့ပြန်ချက်တွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။

ကျောက်ကပ်အလုပ်မလုပ်ခြင်း၊ သွေးအားနည်းခြင်းနဲ့ ဉီးနှောက်ပျက်စီးခြင်း

သက်တမ်းကုန်တဲ့ နှုတ်ခမ်းနီမှာ ပါရှိတဲ့ Lanonin က စုပ်ယူမှုအားကောင်းပါတယ်။ လေထဲက ဖုန်မှုန့်၊ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ သတ္တုတွေကို စုပ်ယူနိုင်ပါတယ်။ အဲဒီနှုတ်ခမ်းနီကို ဆိုးလိုက်တဲ့အခါ လေထဲက အဲဒီအရာတွေကို နှုတ်ခမ်းက စုပ်ယူလိုက်သလိုဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီတွေကို စားမိတဲ့အခါ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ဖျားနာခြင်းတွေဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းနီတွေက ခဲနဲ့ ကက်ဒ်မီယမ် (Cadmium) ဓာတ်ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။ သက်တမ်းကုန်တဲ့ နှုတ်ခမ်းနီတွေကို အသုံးပြုတာက ခဲအဆိပ်သင့်တာဖြစ်စေနိုင်ပြီး ကျောက်ကပ်အလုပ်မလုပ်ခြင်း၊ သွေးအားနည်းခြင်း၊ ဦးနှောက်ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ရင်သားအကျိတ်

နှုတ်ခမ်းနီတွေမှာ ပါဝင်တဲ့ BHA အပါအဝင် တာရှည်ခံပစ္စည်းတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့အရာတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။ သက်တမ်းကုန်တဲ့ နှုတ်ခမ်းနီဆိုးလိုက်တဲ့အခါ ရင်သားအကျိတ်ဖြစ်လာနိုင်ပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ နှုတ်ခမ်းနီကို ဆိုးလိုက်မိလို့ တစ်ခုခုခံစားရရင် အရေပြားဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Ref: Are You Using An Expired Lipstick? It’s Making You Sick

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top