ဒိုင်အသစ်တွေပါဝင်လာပြီး မကြာခင်ကျင်းပတော့မယ့် Myanmar Idol Season (4)

62487864_417778219072707_6114179412381401088_n.jpg

အားလုံးမျှော်လင့်နေကြတဲ့ မြန်မာနိုင်ငံရဲ့ ကြည့်ရှူနှုန်းအများဆုံးနဲ့ အအောင်မြင်ဆုံးသီချင်းဆိုပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ Myanmar Idol Season (4) ဟာ ပရိတ်သတ်တွေရှေ့မှောက်ကို မကြာမီအချိန်အတွင်းမှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Myanmar Idol Season (4) စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို ဇွန်လ (၁၁) ရက်၊ နေ့လယ် (၁၁) နာရီမှာ Novotel Hotel မှာပြုလုပ်ခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲမှာ မိုးမြန်မာမီဒီယာရဲ့ Executive Project Director ဒေါ်နန်းမော်လ်လော်ဆိုင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးကိုယ်စား နိုင်ငံတကာဆက်ဆံရေးမှူး ဦးမျိူးဆွေ၊ တေးရေးဆရာ မြင့်မိုးအောင်နဲ့ သတင်းစာဆရာအသင်းဥက္ကဌ ဦးမြတ်ခိုင်တို့က အသီးသီး မုဒိတာစကားပြောကြားပေးခဲ့ပါတယ်။ ဆက်လက်ပြီး Myanmar Idol ရဲ့ Executive Producer ဦးအောင်ဖြိုးဝင်းက ပွဲစီစဉ်ထားပုံတွေကို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

တေးရေးဆရာ မြင့်မိုးအောင်

Myanmar Idol season (4) ရဲ့ အကဲဖြတ်ဒိုင်တွေအဖြစ် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အောင်ကိုလတ်တို့က ဆောင်ရွက်ပေးသွားကြမှာဖြစ်

အခုနှစ် Myanmar Idol season (4) ရဲ့ အကဲဖြတ်ဒိုင်တွေအဖြစ် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အောင်ကိုလတ်တို့က ဆောင်ရွက်ပေးသွားကြမှာဖြစ်ပြီး ပွဲအစီအစဉ်ကြေညာသူကတော့ ကျော်ထက်အောင်ကပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပွဲအစီအစဉ်ကြေညာသူကတော့ ကျော်ထက်အောင်ကပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်

Season (4) အတွက် အသံစစ်ဆေးမှုတွေကို မြန်မာနိုင်ငံကမြို့ကြီး (၅) မြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူနဲ့ ဘားအံ တို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကလော၊ ပင်းတယ၊ မိတ္ထီလာ၊ ရွှေဘို၊ မုံရွာ၊ ပျဉ်းမနား၊ ပြည်၊ မော်လမြိုင်နဲ့ ပုသိမ် စတဲ့မြို့များကိုတော့ Mobile Casting နဲ့သွားရောက်ပြီး အသံစစ်ဆေးမှုများ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အောင်ကိုလတ်

ဖြူဖြူကျော်သိန်း၊ တင်ဇာမော်နဲ့ အောင်ကိုလတ်

အခုကျင်းပမယ့် Season (4) မှာ Winner အတွက်ဆုကြေးငွေကို မြန်မာငွေကျပ် သိန်း (၅၀၀) သတ်မှတ်ချီးမြှင့်သွားမှာဖြစ်ပြီး တစ်ကိုယ်တော်တေးစီးရီးတစ်ခုကိုလည်း ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top