ကိုဗစ်ကာကွယ်ဆေးထိုးတဲ့လူတွေ သိထားသင့်တဲ့ အခြေခံအချက်များ

rk_thailand-covid_180421.jpg

Covid-19 ရောဂါက တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါဖြစ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ Covid-19 ကာကွယ်ဆေးတွေကို လူတိုင်းထိုးနှံသင့်ပါတယ်။

ဘယ်ကာကွယ်ဆေးတွေကို အသိအမှတ်ပြုထားလဲ

  • အက်စထရာ ဇီနီကာ/ အောက်စ်ဖို့(AstraZeneca/ Oxford vaccine)
  • ဂျွန်ဆင်နဲ့ ဂျွင်ဆင်(Johnson and Johnson)
  • မိုဒါးနား(Moderna)
  • ဖိုင်ဇာ/ဘိုင်အိုတက်ခ်(Pfixer/BionTech)
  • ဆိုင်နိုဖန်း(Sinopharm(Beijing Bio-Institute of Biological Products Co Ltd)
  • ဆိုင်နိုဗက်(Sinovac) စတဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီး ကာကွယ်ဆေးတွေနဲ့ ရောဂါဖြစ်ပွားခြင်း၊ ဆေးရုံတက်ရောက်ကုသခြင်းနဲ့ သေဆုံးခြင်းတွေကို လျော့နည်းစေပါတယ်။

ဘာကြောင့်ကာကွယ်ဆေးထိုးနှံသင့်တာလဲ

  • Covid-19 ကာကွယ်ဆေးကို မစောင့်ဆိုင်းဘဲ တတ်နိုင်သမျှ အမြန်ဆုံးထိုးထားရန် အရေးကြီးပါတယ်။
  • Covid-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိတာနဲ့ ကာကွယ်ဆေးကို ချက်ချင်းထိုးနှံပါ။
  • WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကနေ ထောက်ခံချက်ရယူထားတဲ့ Covid-19 ကာကွယ်ဆေးတွေမှာ သေချာစွာစစ်ဆေးမှုပြုလုပ်ထားပြီး Covid-19 ရောဂါကြောင့် သေဆုံးခြင်း၊ ရောဂါပြင်းထန်စွာ ခံစားရခြင်းမရှိစေရန် မြင့်မားစွာ ကာကွယ်ပေးနိုင်ပါတယ်။

လူတိုင်းကာကွယ်ဆေးထိုးနှံသင့်လား

  • မိမိဟာ Covid-19 ရောဂါကူးစက်ခံရပြီးရင်တောင် ကာကွယ်ဆေးထိုးရန် လိုအပ်ပါတယ်။
  • ရောဂါကူးစက်ခြင်းမှ ခုခံနိုင်စွမ်းက မည်မျှကြာရှည်ခံနိုင်မယ်ဆိုတာကို မိမိတို့အနေနဲ့ မသိရှိနိုင်ပါ။
  • Covid-19 ကာကွယ်ဆေးကို ရောဂါမှ တာရှည်ကာကွယ်စေနိုင်ရန် အားဖြည့်ဆေးအဖြစ်သာ သဘောထားပါ။

ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အားသာချက်

  • Covid-19 ကာကွယ်ဆေးကို အမြန်ဆုံး ကာကွယ်မှု ရစေရန် အကြံပြုထားတဲ့ အကြိမ်အရေအတွက်အားလုံးကိုထိုးနှံသင့်ပါတယ်။
  • Covid-19 ကာကွယ်ဆေးထိုးခြင်းက မိမိကို ဖျားနာခြင်းမှ ကာကွယ်ပေးခြင်း၊ ပြင်းထန်တဲ့ Covid-19 ရောဂါခံစားရခြင်းနဲ့ ဆေးရုံတက်ရခြင်းတို့ကို လျော့ချပေးပါတယ်။
  • လူအများစုက Covid-19 ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါမှာ မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဘေးထွက်ဆိုးကျိုးလုံး၀ မရှိခြင်းတွေ့ရပါတယ်။
  • ကာကွယ်ဆေးထိုးနှံပြီးတဲ့တိုင် သင့်ကိုယ်တိုင်၊ သင်ရဲ့မိသားစု၊ သူငယ်ချင်းတွေကို ကာကွယ်ရန် ကြိုတင် ကာကွယ်မှုတွေကို ဆက်လက် ပြုလုပ်သင့်ပါတယ်။
  • မိမိအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးနောက် Covid-19 ဗိုင်းရပ်စ်ပိုးကြောင့် ဖျားနာခြင်း ဖြစ်နိုင်ချေရှိပေမယ့်လည်း ရှားပါးပါတယ်။ မိမိရဲ့ ရောဂါလက္ခဏာတွေက မပြင်းထန်ရန် အလားအလာပိုများပါတယ်။
  • ကာကွယ်ဆေးတွေက Delta မျိုးကွဲအပါအဝင် Covid-19 မျိုးရိုးဗီဇကွဲ ဗိုင်းရပ်စ်တွေကြောင့် ပြင်းထန်စွာ ဖျားနာခြင်းနဲ့ သေဆုံးခြင်းတို့က ကာကွယ်ပေးရန် အလွန်ထိရောက်ပါတယ်။

Covid-19 ကာကွယ်ဆေးရဲ့ ဆိုးကျိုးများ

  • Covid-19 ကာကွယ်ဆေးထိုးနှံပြီး သူအများစုက မောပန်းနွမ်းနယ်ခြင်းနဲ့ ခေါင်းကိုက်ခြင်း
  • ဖျားခြင်း/ ကိုယ်ပူရှိန်တက်ခြင်း
  • ချမ်းတုန်ခြင်း
  • ဆေးထိုးတဲ့ နေရာမှာ နာခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်း စတဲ့ရောဂါလက္ခဏာတွေဖြစ်ပွားတတ်ပြီး အချိန်တိုအတွင်းမှာ သက်သာလေ့ရှိပါတယ်။
  • ကာကွယ်ဆေးထိုးပြီး (၂၄) နာရီကျော်တဲ့အခါ ပိုမိုနာကျင်ကိုက်ခဲလာပါက (သို့မဟုတ်) ရက်အနည်းငယ်ကြာတဲ့အထိ ဆေးရဲ့ဆိုးကျိုးသက်ရောက်မှုတွေ မသက်သာပါက တတ်ကျွမ်းတဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူ/ ဆရာဝန်တွေထံကနေ ဆက်သွယ်ပါ။
  • တချို့သောရောဂါလက္ခဏာတွေကို ဆေးဆိုင်မှာ ဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးတွေကနေ သက်သာစေနိုင်ပေမယ့်လည်း လူနာတွေအနေနဲ့ ဆေးတွေသောက်သုံးရာမှာ တချို့သော အချက်အလက်တွေကို ကြိုတင်လိုက်နာရန် လိုအပ်ပါတယ်။

source- WHO
Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top