ကျူးကျော်သူတွေ အိမ်ထဲမဝင်နိုင်အောင် သက်တော်စောင့်ခွေးတစ်ကောင်ကို ပေါင် ၂၀,၀၀၀ ပေးပြီး ဝယ်ယူခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ

30-7-2020-yyl-015.jpg

ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင် သူ့အိမ်ထဲကို ကျူးကျော်သူတွေ မဝင်လာနိုင်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အာဆင်နယ်နည်းပြ အာတီတာက သက်တော်စောင့်ခွေးတစ်ကောင်ကို ပေါင် ၂၀၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ အာတီတာဟာ အထူးပုဂ္ဂိုလ်တွေအတွက် သီးသန့်လေ့ကျင့်ပေးထားတဲ့ခွေးတွေ ရောင်းချပေးနေတဲ့ Elite Protection Dogs အဖွဲ့ထံကနေ ဟော်လန်သိုးထိန်းခွေး ဝယ်ယူခဲ့ပြီး သက်တော်စောင့်ခွေးနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်ပေါ် တင်ခဲ့တာပါ။

စပိန်လူမျိုးနည်းပြ အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ် တာဝန်ယူဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မန်စီးတီးအသင်း လက်ထောက်နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့သူပါ။ အာတီတာမတိုင်ခင်တုန်းကလည်း ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတွေက သက်တော်စောင့်ခွေးတွေကို ငွေကြေးအကုန်အကျခံပြီး ဝယ်ယူခဲ့ဖူးပါတယ်။ ဝက်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ဝီရှီးယားက လွန်ခဲ့တဲ့ ၂ ပတ်ကပဲ Elite Protection Dogs အဖွဲ့ထံကနေ ခွေးကြီးတစ်ကောင် ဝယ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် စပါးအသင်းရဲ့ ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်ကလည်း ဘယ်လ်ဂျီယံသိုးထိန်းခွေးတစ်ကောင်ကို ပေါင် ၁၅၀၀၀ နဲ့ ဝယ်ယူခဲ့ပါသေးတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top