ဗြိတိန်သူဋ္ဌေးဝယ်ယူလိုက်တဲ့ နိစ်အသင်း နွေရာသီဈေးကွက်မှာ ငွေသုံးကြမ်းဖို့ရှိနေ

hotsport03.jpg

ချဲလ်ဆီးအသင်းကို ဝယ်ယူမယ်လို့ သတင်းထွက်ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျင်ရက်ကလစ်ဖ်က လီဂူး-၁ ကလပ် နိစ်အသင်းကို ပေါင် ၉၁ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အသင်းပိုင်ရှင် အပြောင်းအလဲလုပ်ဖို့ ဆွေးနွေးနေခဲ့တာကြောင့် နိစ်နည်းပြ ဗီအဲရာ(အာဆင်နယ်ကွင်းလယ်လူဟောင်း)က နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်လို့မရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂျင်ရက်ကလစ်ဖ်လက်အောက် ရောက်ရှိလာတဲ့ နိစ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးသီတင်းပတ်မှာ ကစားသမား ၄ ဦးထက်မနည်း ခေါ်ယူဖို့ ရှိနေပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ အေဂျက်စ်တိုက်စစ်မှူး ကက်စ်ပါဒိုဘာ့ဂ်၊ ပီအက်စ်ဂျီနောက်ခံလူ အန်ဆိုကီ၊ လိုရီယန့်တိုက်စစ်မှူး ကလုဒီမူရစ်၊ နာပိုလီကွင်းလယ်လူ အူနက်စ်တို့ကို နိစ်အသင်း ပစ်မှတ်ထားနေတယ်လို့ ပြင်သစ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ နိစ်အသင်းဟာ ရာသီကြိုကာလမှာ ဘန်လေကို ၆-၁ ဂိုး၊ ဝုဖ်ဘတ်ကို ၈-၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပေမဲ့ လီဂူး-၁ ရာသီအစ ပွဲစဉ် ၂ပွဲလုံး အနိုင်ရထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top