ပွဲကြည့်စင်ပေါ်တက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ စပါးကွင်းလယ်လူကို ၄ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၄၀,၀၀၀ ချမှတ်

8-7-2020-yyl-046.jpg

ပရိသတ်တစ်ယောက်ကို တိုက်ခိုက်ဖို့ ပွဲကြည့်စင်ပေါ်တက်သွားခဲ့တဲ့ဖြစ်ရပ်ကြောင့် စပါးကွင်းလယ်လူ အဲရစ်ဒီယာကို အက်ဖ်အေက ၄ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၄၀၀၀၀ ချမှတ်လိုက်ပါပြီ။ ပြီးခဲ့တဲ့မတ်လ ၄ ရက်က နောဝစ်ချ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အပြီးမှာ အဲဒီလိုဖြစ်ပွားခဲ့တာပါ။

ကွင်းထဲကနေ ထွက်လာချိန်မှာ ပွဲကြည့်စင်ပေါ်မှာ သူ့ညီနဲ့ ပရိသတ်တစ်ယောက် ခိုက်ရန်ဖြစ်ပွားနေတာကို လှမ်းမြင်လိုက်လို့ သူ့ညီကို ကာကွယ်ဖို့ ပွဲကြည့်စင်ပေါ် တက်သွားခဲ့တာလို့ အဲရစ်ဒီယာက ပြောပါတယ်။ သူ့လုပ်ရပ်က မတော်တရော်ဖြစ်ခဲ့တယ်လို့ အဲရစ်ဒီယာက ဝန်ခံခဲ့ပေမဲ့ ခြိမ်းခြောက်တာမျိုး မလုပ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top