ဗုဒ္ဓဘုရားရှင်ရဲ့ ဟောကြားမှုတစ်ခုကို အင်စတာဂရမ်ပေါ် ရေးသားခဲ့တဲ့ မက်ဂွဲရား

photo1.jpg

ဂရိနိုင်ငံကို အပန်းဖြေခရီးထွက်ချိန်အတွင်း ဂရိရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ ရဲအရာရှိတစ်ဦးကို လာဘ်ထိုးဖို့ ကြိုးစားမှုတွေအတွက် အပြစ်ရှိတယ်လို့ စီရင်ချက်ချမှတ်ခံရပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်း ကစားသမားစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ မန်ယူအသင်းခေါင်းဆောင် မက်ဂွဲရားက ဗုဒ္ဓဘုရားရဲ့ဟောကြားမှုတစ်ရပ်ကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

မက်ဂွဲရားဟာ ဂရိနိုင်ငံ မိုင်ကိုနော့စ်မြို့မှာ ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် စွဲချက်အားလုံးအတွက် အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီး နာရီပိုင်းအကြာမှာတော့ မက်ဂွဲရားက ” သားကောင်ဖြစ်ခဲ့ရတာ သူပဲ”လို့ ပြောခဲ့ပြီး အဲဒီစီရင်ချက်အပေါ် အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ” ကြာကြာဖုံးကွယ်လို့မရနိုင်တဲ့ အရာ ၃ ခုရှိတယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ်ပဲ – ဗုဒ္ဓ”လို့ အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အစောပိုင်းမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အိုက်စလန်၊ ဒိန်းမတ်တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေအတွက် မက်ဂွဲရားကို လက်ရွေးစင် ၂၄ ယောက်စာရင်းမှာ ထည့်သွင်းခဲ့ပေမဲ့ အဲဒီဖြစ်ရပ်အပြီးမှာတော့ သူ့ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့တာပါ။ အသက် ၂၇ နှစ်ရှိတဲ့ မက်ဂွဲရားဟာ လက်စတာကနေ မန်ယူကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကမ္ဘာ့တန်ကြေးအကြီးဆုံး နောက်ခံလူဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top