ချဲလ်ဆီးကနေ မော်ရင်ဟိုထွက်သွားချိန်မှာ ဒရော့ဘာ၊ တယ်ရီတို့ ထိုင်ငိုခဲ့

15-4-2020-yyl-006.jpg

ချဲလ်ဆီးအသင်းကနေ နည်းပြမော်ရင်ဟို ပထမအကြိမ် ထွက်ခွာသွားချိန်မှာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဂျွန်တယ်ရီ၊ ဒရော့ဘာ၊ လမ်းပတ်တို့ ထိုင်ငိုခဲ့ကြတယ်လို့ ချဲလ်ဆီးကစားသမားဟောင်း ဆစ်ဒ်ဝဲလ်က ပြောပါတယ်။ ၂၀၀၄ ခုနှစ် နွေရာသီမှာ ပေါ်တိုကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တဲ့ နည်းပြ မော်ရင်ဟိုဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလား ၁ လုံး၊ လိဂ်ဖလား(ခရာဘောင်း) ၂ လုံး ဆွတ်ခူးပေးနိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ချဲလ်ဆီးကနေ အံ့အားသင့်ဖွယ် နုတ်ထွက်သွားခဲ့တာပါ။

” မော်ရင်ဟိုအတွက် ပြဿနာကြုံရတဲ့ အငွေ့အသက်မျိုး မခံစားရပါဘူး။ ချဲလ်ဆီးကနေ မော်ရင်ဟို ထွက်ဖွယ်ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပေမဲ့ အသင်းအတွင်းမှာတော့ အဲဒီလို ခံစားမှုမျိုးမရှိပါဘူး။ ကစားသမားအားလုံး စည်းစည်းလုံးလုံးပါပဲ။ သူ့ကို အာခံသူမရှိပါဘူး။ သူထွက်သွားတော့ ကျွန်တော်တို့ ကော့ဟမ်းလေ့ကျင့်ရေးကွင်းမှာ စုဝေးပွဲလုပ်တယ်။ သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောတော့ တမျိုးကြီးခံစားရတယ်။ တစ်ယောက်ယောက် သေသွားသလို ခံစားမှုမျိုးပေါ့။ ဒရော့ဘာ၊ လမ်းပတ်၊ တယ်ရီတို့လို စိတ်မာတဲ့သူတွေတောင် ထိုင်ငိုခဲ့ကြပါတယ်။ ကျွန်တော်လည်း စိတ်မသက်မသာဖြစ်မိတယ်” လို့ ဆစ်ဒ်ဝဲလ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top