ရုရှားနိုင်ငံရဲ့ နျူကလီးယားရေငုပ်သင်္ဘောတွေ တည်ဆောက်ရာ သင်္ဘောကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေ

3-6-2020-yyl-001.jpg

ရုရှားနိုင်ငံရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်ရာ သင်္ဘောကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေပါတယ်။ ရုရှားနိုင်ငံရဲ့ အာတိတ်စက်ဝိုင်းမြောက်ပိုင်းမှာရှိတဲ့ ဆီဗရိုဗင့်စ်ဒေသရဲ့ ဗျူဟာမြောက်သင်္ဘောကျင်းမှာ ရေတပ်အတွက် နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ပါတယ်။ ဆီဗရိုဗင့်စ်ဒေသရဲ့ ဆက်မက်ရှ်မြို့မှာ သင်္ဘောကျင်းအလုပ်သမား ၃၀၀၀ လောက်ရှိပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ဝက်လောက်ပဲ အလုပ်ဆင်းနိုင်ကြပါတယ်။

မေလ ၂၆ ရက်အထိ စစ်ဆေးမှုအရ ဆက်မက်ရှ်မြို့ သင်္ဘောကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၉၉ ယောက် ရှိနေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရေငုပ်သင်္ဘောတွေ ပြုပြင်ပေးပြီး အလုပ်သမား ၁၁၀၀၀ ရှိတဲ့ ဇက်ဒေါ့ချ်ကီသင်္ဘောကျင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေပြီး အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ကုသပေးနိုင်ဖွယ်ရှိတဲ့ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း ၅၀ မှာ စမ်းသပ်ထိုးနှံံ့ဖို့ ရှိနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဆေးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top