စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း။ ( ၃၁-၇-၂၀၂၂ မှ ၆-၈-၂၀၂၂) ရက်နေ့အထိ

BayDin31to6.jpg

တနင်္ဂနွေ

ယခုအပတ်မှာတော့ တနင်္ဂနွေသားသမီးတို့သည် စိတ်လေနေမည့် အချိန်ဖြစ်သည်။ ဟိုဟာလုပ်ရကောင်းမလား၊ ဒီဟာလုပ်ရကောင်းမလား အတွေးတွေလည်းများနေမည်။ မဖြစ်လာသေးသည့် ကိစ္စတစ်ခုအတွက် ပူပင်သောကရောက် နေလိမ့်မည်။(၂၀၂၂ ခုနှစ် (၈) လပိုင်းသည် အလုပ်အကိုင်များအတွက် နှစ်ကြိမ်၊နှစ်ခါ ပြုလုပ်နေရတတ်သည်) ရင်းနှီးသောလူကို အကြောင်းပြုပြီး အာမခံခြင်း ၊ ကတိပြုခြင်းများကြောင့် ပြဿနာတက်တတ်သည်၊စိုက်လျှော်ရလိမ့်မည်။ စိတ်ကောက်တတ်သောချစ်သူအတွက် လက်ဆောင်ဝယ်ပေးပါ။ အိမ်ထောင်ရေး ရှိသူများအနေဖြင့် ခေတ္တခွဲခွာရတတ်သည်။ ခါးနာဝေဒနာရှင်များ အထူးပြုသင့်သည့် ကာလဖြစ်သည်။ ပညာရေးသမားများ သင်တန်းသစ်စတက်ပါ။ ဝန်ထမ်းများ ကံကောင်းနေပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၅၊ ၄၊ ၇။
ယတြာ –တနင်္ဂနွေ နံနက်တွင် သံဃာတစ်ပါးအား ငွေ ၉၀၀ လှူပါ။

တနင်္လာ

ယခုအပတ်မှာတော့ တနင်္လာ သားသမီးတို့သည် စိတ်လိုက်မာန်ပါ လုပ်မိသဖြင့် ရုံးတွင် ဖြေရှင်းရတတ်သည့် ကာလအပိုင်းဖြစ်သည်။ စီးပွားရေးတွင် ဆုံးဖြတ်ချက်မြန်သဖြင့် အမှားတွေ့ပါလိမ့်မည်။ အချစ်ရေးတွင် အတ္တမဆန်ပါနှင့် ချစ်သူကစွန့်ပြစ်သွားလိမ့်မည်။ ကျန်းမာရေးအတွက် ထိခိုက်ရှနာများဖြစ်တတ်၍ အထူးဂရုစိုက်ပါ၊ ညာဘက်လက် သတိထားပါ။ လူယုံထားပြီး စီးပွားရေးမလုပ်ပါနှင့်။ ယခုအချိန်သည် စိတ်ညစ်ဖွယ်များ စုလာတတ်သည့်အချိန်ဖြစ်သည်။အဝေးမှ လက်ဆောင်ရောက်လာမည်။ အိမ်ထောင်ရှင်တို့ ဖောက်ပြန်မှုဖြစ်နိုင်သည်။ အင်တာဗျူး အောင်မည်။ဝန်ထမ်းများ အလုပ်တွင် စိတ်ညစ်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂၊ ၄၊၈။
ယတြာ – တနင်္လာနေ့တွင် ငှက်လွှတ်ပါ။

အင်္ဂါ

ယခုအပတ်မှာတော့ အင်္ဂါသားသမီးတို့သည် ကြိုးစားအားထုတ်ခြင်းကြောင့် တိုးတက်မှုတို့ စတင်ရရှိလာသောကာလဖြစ်သည်။ အနာဂတ်အတွက် အကောင်းဆုံး ပြောင်းလဲခြင်းများ ပေါ်ပေါက်လာပြီး အောင်မြင်ခြင်းတို့စတင် ဖြစ်ပေါ်လာလိမ့်မည်။ သူတပါး အကူအညီ မယူဘဲ ကိုယ့်ဒူးကိုယ့်ချွန် ကြိုးစားပါ။ အချစ်ရေးအဆင်မပြေဖြစ်မည် (ကြားလူစကားနားမယောင်သင့်ပါ)။ အိမ်ထောင်သည်တို့ နေရာထိုင်ခင်း ၊ အလုပ် ၊ နေရာ ပြောင်းရွှေ့ ရမှုတွေ ဖြစ်မည်၊ ယာယီခွဲနေရမည်။လုပ်ငန်းသစ်ကို ရှယ်ယာမလုပ်ပါနှင့် ရန်ရှိသည်။ သားချင်းမိဘ ဆွေမျိုးများ၏ ကျန်းမာရေး အတွက် စိတ်ရှုပ်ရမည်။ ဝန်ထမ်းများ ကုန်ကျငွေ များမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၅ ၊ ၇
ယတြာ – အင်္ဂါနေ့ နံနက် တွင် အိမ်ဘုရားကို ဇီးသီးလှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်မှာတော့ ဗုဒ္ဓဟူးသားသမီးတို့သည် စိတ်လေနေတတ်သည်။။ စီးပွားရေးလုပ်ငန်းများ အောင်မြင်လာတတ်သည်။ယခုအချိန်ငွေစုပါ။ ပညာရေး အောင်မြင်ပါမည်။ အချစ်ရေးမှာ ခေတ္တခွဲခွာ နေရမည်။ အိမ်ထောင်ရှင်အမျိုးသားများ ဇနီးသည်၏ သံသယကြောင့် အလွန်စိတ်ဆင်းရဲရလိမ့်မည်။အလုပ်ကိစ္စ များအဆင်ပြေလာမည်။ အတိုက်အခံ တွေကို ကျော်လွှားနိုင်မည်။နိုင်ငံခြားခရီးစီစဉ်ထားပါက သွားဖြစ်မည်။မျက်လုံးဝေဒနာရှင်များ သတိထားပါ။ စက်ပစ္စည်းအချို့ ပျက်တတ်သည်။ဝန်ထမ်းများ လူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်။

ရာဟုသားသမီးများ၊ စိတ်လိုက်မာန်ပါလုပ်ကိုင်ခြင်း အထူးသတိထားပါ၊ ရန်ဖြစ်ပါက ထိခိုက်နိုင်သလို ရုံးဖြေရှင်းရကိန်းရှိသည်၊ ကျန်းမာရေးကောင်းပြီး ငွေဝင်မည်။ ယခုကာလသည် ယာဉ်ကားကိုယ်တိုင်မောင်းနှင်ခြင်း အထူးရှောင်ရမည်။ (၂၀၂၂ ခုနှစ် (၈) လပိုင်းသည် ငွေဝင်ကောင်းသလို အထွက်လည်း ကြမ်းနေမည်)

အကျိုးပေးဂဏန်း – ၄၊ ၉၊ ၆။
ယတြာ – အိမ်ဘုရားတွင် ရွက်လှပန်းဝေနေအောင်ပူဇော်ပါ။

ကြာသပတေး

ယခုအပတ်မှာတော့ ကြာသာပတေးသားသမီးတို့သည် မိသားစုချင်း စိတ်ဝမ်းကွဲ စရာအကြောင်းများ ပေါ်မည်။ မရည်ရွယ်ဘဲ စီးပွားရေးလုပ်ငန်းအောင်မြင်လိမ့်မည်။ ထီပေါက်သကဲ့သို့ငွေစုလိုက်ဝင်ခြင်း ဖြစ်မည်။ ကားဝယ်ဖြစ်မည်။ထိုကားဖြင့် ခရီးဝေးယာယီ သွားဖြစ်မည်။ မိဘ ၊ ဆွေမျိုး သားချင်း တို့ ကျန်းမာရေး အထူးသတိပြုပါ။ စီးပွားရေးလုပ်ငန်းသစ်တွင် ရှယ်ယာ လုပ်ငန်းများကြောင့် လုပ်ငန်းရပ်နေရတတ်သည်။ ချစ်သူ နှင့် စိတ်ဝမ်းကွဲ နေတတ်ပြီး မိမိချစ်သူ၏ ဆွေမျိုးတို့နှင့် အဆင်မပြေဖြစ်နေမည်။ ဝါကျွတ်လျှင် မင်္ဂလာဖြစ်မည်။ အိမ်ထောင်သည်များ ကံကောင်းပါမည်။ ဝန်ထမ်းများ အဆင်ပြေပြီး နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၁
ယတြာ – ကြာသပတေးနေတွင် သံဃာများအား ဆွမ်းလောင်းပါ။

သောကြာ

ယခုအပတ်မှာတော့ သောကြာ သားသမီးတို့သည် စီးပွားရေးလုပ်ငန်းတွင် တယူဿန် တဇွတ်ထိုး လုပ်သဖြင့် အ မှားကြီးမှားတတ်သည်။ထိုအမှားကြောင့် တာဝန်ခံရခြင်း၊တာဝန်ယူရခြင်းရှိပြီး ရလဒ်အဖြစ် ရည်ရွယ်ချက် ၊ ရည်မှန်းချက် ဦးတည်ချက်တို့ ပျောက်သွားတတ်သည်။ ချစ်သူ၏ လှည့်စားခြင်းကို ခံရပြီး စိတ်လေလွင့်သွားမည်။ ကျန်းမာရေး ညံပြီး ဦးခေါင်းတွင် ဒဏ်ရာရတတ်သည်။ အိမ်ထောင်ရှင်များ ရန်ရှိမည်။ ပညာရေးသမားများ အဆင်ပြေမည်။ ငွေဝင်ကောင်းလာမည်။ လက်ဆောင်ရမည်။ ကား ၊ ဆိုင်ကယ် ဂရုစိုက် စီးပါ။ ဝန်ထမ်းမျာ အကြီးအကဲ ၏အထင်လွဲ ခြင်းခံရမည်၊ ထက်အောက် ဆက်ဆံရေးကို အလွန်သတိထားရမည့်အချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၆၊ ၈၊ ၉။
ယတြာ – သောကြာနေ့ ညနေတွင် တိရိစ္ဆာန်လေးများကို အစာကြွေးပါ။

စနေ

ယခုအပတ်မှာတော့ စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းတွင် လူယုံသတ်သဖြင့် စိတ်သောကရောက် ရမည်။ လျှို့ဝှက်ချက်များ ပေါက်ကြားမည်။ ယာယီခရီးသွားရမည်။ ပြောဆိုမှု့ လုပ်ကိုင်မှု့များ မအောင်မမြင်ဖြစ်မည်။ အလုပ်တစ်ခု ထက်ပို၍ မလုပ်ပါနှင့်။ ဆွေမျိုးအကြီးအကဲ ထံမှ အကူအညီယူရမည်။ အင်တာဗျူး တွေ အောင်မြင်မည်။ချစ်သူနှင့် အဆင်မပြေဖြစ်မည်။အိမ်ထောင်ရှင်များ ငယ်ချစ်နှင့် ပြန်ဆုံပြီး အိမ်ထောင်ဘက်နှင့် မသင့်ဖြစ်မည်။ မိဘ ၊ သားချင်းတို့ ကျန်းမာရေး ညံ့သည်။ ဝန်ထမ်းများ လုပ်ငန်းတွင်း အရေးကြီး စာရွက်စာတမ်းပျောက်ဆုံးတတ်သည်။( နိုင်ငံခြားကိစ္စဆောင်ရွက်ထားပါက ယခုအချိန်သည် အလွန်ကောင်းသော အချိန်ဖြစ်သည်၊ ပြည်ပနိုင်ငံသို့သွားရောက်ရန် ရည်ရွယ်သူများ စာရွက်စာတမ်းကိစ္စအနည်းငယ်တော့ ပြသနာရှိနိုင်သော ကာလဖြစ်သည်)

အကျိုးပေးဂဏန်း – ၇၊ ၂၊ ၉။
ယတြာ – စနေနံနက်တွင် အိမ်ယာမဲ့အား ထမင်းကြွေးပါ

Team (ရိုးရာလေး )

KimKaThu
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top