အပတ်စဉ် ဗေဒင်ဟောစာတမ်း ကဏ္ဍ

yyl-027.jpg

အပတ်စဉ် တင်ဆက်ပေးနေကျ ဗေဒင်ဟောစာတမ်း ကဏ္ဍ ကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန် စောင့်မျှော် ဖတ်ရှုမှုအတွက် ရိုးရာလေးက ကျေးဇူးတင်ရှိပါကြောင်း…ဆရာကင်္ကသူ ၏ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း 

(၁၅-၄-၂၀၁၈ မှ ၂၁-၄-၂၀၁၈ ရက်နေ့အထိ)

 

တနင်္ဂနွေ

စီးပွားရေးပိုင်းတွင် အတွေးတခြား အလုပ်တစ်ခြား ဖြစ်နေမည်။ စီးပွားရေးတွင်ဝေဖန် ဆန်းစစ်ပြီးမှ ယုံတတ်သူ ဖြစ်သော်လည်း အမှားမှား အယွင်းယွင်း တွေ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဤတပတ်အတွင်းမှာ မှန်ကန်မှု့ နှင့် အောင်မြင်မှု့ တွေ ရချင်လျှင် စဉ်းစားပြီးမှ သေချာဆုံးဖြတ်ပါ။ ကိုယ့်အရေးထက် မိဘဆွေမျိုးများအရေးပို လုပ်ရလိမ့်မည်။ ပစ္စည်းပျောက် ငွေပျောက် ခြင်းဖြစ်မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။ အချစ်ရေးတွင် မရည်ရွယ်ဘဲ အိမ်ထောင်ကျမည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာ မည်။ ဝန်ထမ်းများ အထက်လူကြီး၏ အထင်လွဲမှားမှု့များရှိတတ်သဖြင့် အထူးသတိထားပါ။

အကျိုးပေးဂဏန်း – ၅၊ ၀၊ ၂။

ယတြာ – တနင်္ဂနွေ နေ့မှာ အိမ်ဘုရားအား အမွှေးနံ့ (၆) တိုင်လှူပါ။

 

တနင်္လာ

မမျှော်လင့်ဘဲ သွားရသော ခရီးများ ပေါ်ပေါက်မည်။ စီးပွားရေးတွင် ဖြစ်ပေါ်လာသောအခြေအနေအရ မရည်ရွယ်ဘဲ ရုတ်တရက် ဆောင်ရွက်ရမှု့တို့ကြုံရလိမ့်မည်။ လူယုံက ကိုယ့်အပေါ် သစ္စာ ဖောက်လိမ့်မည်။ စက် ၊ မြေ ၊ ရွှေ အဝင်အထွက်ဖြစ်မည်။ တိုက်၊ကား၊စက်ပစ္စည်းများလည်း ဝင်ခြင်း ၊ ထွက်ခြင်းများ ဖြစ်မည်။ နေရာ ဒေသ အိမ် ၊ အလုပ် ပြောင်းလဲမှု့ နှင့် ပြောင်းရွှေ့မှု့ တွေ ဖြစ်လာမည်။ အချစ်ရေးမှာ မသေချာသော လမ်းပေါ်ရောက်နေရမည်။ သို့သော်လည်း မုချပြန်၍ အဆင်ပြေပါမည်။ အိမ်ထောင်သည်များ စာကားများနေရတတ်သည်။ ကုမ္ပဏီဝန်ထမ်းများလုပ်ရသလောက် အကျိုးမရှိရာမှ အကျိုးရှိလာပါတော့မည်။ သားချင်း ၊ ဆွေမျိုး အတွက် စိတ်ရှုပ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း – ၂၊ ၃၊ ၄။

ယတြာ – တနင်္လာနေ့တွင် ငှက်(၁၅) ကောင်ဝယ်လွှတ်ပါ။

 

အင်္ဂါ

မိမိနေအိမ်ရှိ မိသားစုနှင့် အတိုက်အခံတစ်ခု ပေါ်ပေါက်လာမည်။ စီးပွားရေးလုပ်ငန်းများတွင် ကား၊ စက် ၊ မြေ ၊ ရွှေ တို့ဝင်ခြင်း ၊ ထွက်ခြင်း ၊ လဲလှယ်ခြင်း တွေဖြစ်လိမ့်မည်။ စီးပွားရေးလုပ်ငန်းကို အကြောင်းပြုပြီး မရည်ရွယ်ဘဲ ခရီးဝေး သွားရမည်။ထိုခရီးတွင် မတော်တဆ ရုတ်တရက် ခိုက်မိခြင်း ဖြစ်တတ်သည်။ ငွေကြေးကိစ္စ အာမခံပါက ရှုပ်မည်။ ငွေဝင်နည်းမည်။ ခါးနာခြင်း၊အစာအိမ်ရောဂါရှိသူများ သတိပြုပါ၊ ရောဂါသည်းတတ်သည်။ လျို့ဝှက်စွာချစ်လာခဲ့သော အချစ်ရေးတစ်ခု လူသိရှင်ကြား ဖြစ်လာလိမ့်မည်။ သို့သော် ထိုအတွက် အခက်အခဲ တစ်ခု အဆင်ပြေသွားပြီး လက်ထပ်ဖြစ်မည်။ အိမ်ထောင်သည်များကောင်းပါသည်။ ဝန်ထမ်းများ စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၉

ယတြာ – အင်္ဂါနေ့တွင် လမ်းဘေးခွေးကို အစာပါ။

 

ဗုဒ္ဓဟူး

လုပ်ငန်းများ အားလုံးနီးပါး အဆင်ပြေပါသည်။ စပ်တူလုပ်ငန်းတွင်မူ မမျှော်လင့်သောလည်း ထစ်ငေါ့မှု့ ၊ အတိုက်အခံကြုံမှု့ ၊ လုယူခံရမှု့ တွေကြုံလိမ့်မည်။ ပညာရေးကောင်းသည်။ အိမ်ပြောင်းရွှေ့ မှု့ (သို့) ပြင်ဆင်မှု့ (သို့) ရောင်းဝယ်မှု့ တစ်ခုခု ဖြစ်မည်။ စီးပွားရေးအခက်အခဲများ မုချကျော်လွှား နိုင်ပါမည်။ အကူအညီပေးသူများ ပေါ်မည်။ လက် ၊ ခြေ အပူလောင်တတ်၍ ဆင်ခြင်ပါ။ ယာဉ်အန္တရာယ်နှင့် တွေ့ကြုံရတတ်ပါတယ်။ ပစ္စည်း ၊ ငွေကြေး လုယူခြင်းခိုးယူခြင်းတွေ ခံရတတ်တယ်။ အချစ်ရေးရာတစ်ခု အတွက် စိတ်ညစ်ရတတ်ပါသည်။အချစ်ရေးသည် မိမိမျှော်လင့်ထားသလို ဖြစ်မလာပါ။ အိမ်ထောင်သည်များ အေးစက်နေတတ်သည်။ ဝန်ထမ်းများ အဆင်ပြေပါမည်။

အကျိုးပေးဂဏန်း – ၉၊ ၄၊ ၆။

ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ငှက်လေးများအား အစာပါ။

 

ကြာသပတေး

လူမှု့ရေးများတွင် ပါဝင်ကူညီရာမှ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ စီးပွားရေးတွင် လုပ်ဖော်ကိုင်ဘက်ချင်း စိတ်ဝမ်းကွဲ လိမ့်မည်။ မောင်နှမများတွင် ကိုယ်ကကောင်းစေချင်၍ ပြောသော်လည်း အကောင်းမထင်ခံရတတ်တယ်။ လုပ်ငန်း ပြောင်းလဲမှု့ ဖြစ်မည်။ ပညာရေးကောင်းသည်။ အချစ်ရေးတွင် ဘာမဟုတ်တာလေး တစ်ခု နှင့် စိတ်ဝမ်းကွဲ အထင်မြင်လွဲ လိမ့်မည်။ မမျှော်လင့်ဘဲ ခရီးထွက်ဖြစ်မည်။ အိမ်ထောင်သည်များ ကံကောင်းပါလိမ့်မည်။ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ ဝန်ထမ်းများ ကျန်းမာရေးသတိပြုပါ။

အကျိုးပေးဂဏန်း – ၅ ၊ ၇ ၊ ၂

ယတြာ – ကြာသပတေးနေ့နံနက် တွင် အိမ်ဘုရားအား ဆွမ်းကပ်လှူပါ။

 

သောကြာ

စီးပွားရေးတွင် နာမည်ကြီးထမင်းငတ်ဖြစ်လိမ့်မည်။ စီပွားရေးလုပ်ငန်းများ ယာယီရပ်ထားရမည်။ ဘဏ်မှငွေချေးရတတ်ငည်။ အချစ်ရေး ညံပါသည်။ မိမိချစ်သူတွင် ရည်းစားရှိနေတတ်သည်။ ထိုအတွက်လည်း စိတ်ခံစားချက်ဖြစ်နေတတ်သည်။ ဤ တပတ်မှာ သင့်ဘဝအတွက် စဉ်းစားစရာများ ပေါ်ပေါက်လာမည်။ လက်ဆောင်ကောင်းတွေရတတ်သည်။ အခက်အခဲ ၊အတိုက်အခံတွေ ကျော်လွှားနိုင်ပါလိမ့်မည်။ စွန့်စားမှု့ကြောင့်စပ်တူရှယ်ယာ လုပ်ငန်းတွင် အမှားဖြစ်ပြီး အခက်တွေ့တတ်သည်။ ငွေကြေးကိစ္စ ရှုပ်တတ်တယ်။ အိမ်ထောင်သည်များ အနည်ငယ်ညံသည်။ ဝန်ထမ်းများ ရာထူးတိုးတက်လိမ်မည်။

အကျိုးပေးဂဏန်း – ၆၊ ၃၊ ၉။

ယတြာ – သောကြာနေ့တွင် ဘုရားကို ရေကပ်လှူပါ။

 

စနေ

ဒီတစ်ပါတ်ကံကောင်းသောအချိန်ဖြစ်သည်။ အလုပ်လျှောက်ထားသူဖြစ်က အလုပ်ရမည်။ ဖြေထားသော စာမေးပွဲရှိလျှင်အောင်လိမ့်မည်။ ကျန်းမာရေးကောင်းမည်။ သင်၏အလုပ် ၊ သင်၏ပညာရေးယှဉ်ပြိုင်သူပေါ်မည်။ အချစ်ရေးတွင် မိဘသားချင်းပေါ် ငဲ့ညှာသူဖြစ်၍ သင်စိတ်ချမ်းသာစရာတွေကြားရလိမ့်မည်။ ယူရန်ကြံစည်ထားသော ချစ်သူနှင့် လက်ထပ်ဖြစ်မည်။ အိမ်ထောင်သည်များ အဆင်ပြေမည်။ စက် ၊ ရွှေ ၊ မြေ တို့ ဝင်ထွက်မည်။ လုပ်ငန်းသစ်တစ်ခု မုချလုပ်ဖြစ်မည်။ဝန်ထမ်းများ လက်ဆောင်ပစ္စည်းများ လက်ခံရရှိမည်။

အကျိုးပေးဂဏန်း – ၇၊ ၂၊ ၉။

ယတြာ – စနေနေ့မှာ ငှက်(သို့) ငါးလွှတ်ပါ

 

KimKaThu

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top