ကမ္ဘာ့အရပ်အပုဆုံးဆယ်ကျော်သက် (ယောကျ်ားလေး) အဖြစ် စံချိန်တင်ခဲ့တဲ့ အသက် ၁၈ နှစ်ကောင်လေး

25-5-2022-yyl-10.jpg

နီပေါနိုင်ငံက အသက် ၁၈ နှစ် ကောင်လေးဟာ အရပ်အမြင့် ၂ ပေ ၄.၉ လက်မ (၇၃.၄၃ စင်တီမီတာ) နဲ့ ကမ္ဘာ့အရပ်အပုဆုံးယောကျ်ားလေးဆယ်ကျော်သက်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့က ကတ်သ်မန်ဒူမြို့မှာ ဒေါ ဘာဟာဒါ ခါပန်ဂီ ဆိုတဲ့ အဲဒီကလေးလေးကို ကမ္ဘာ့ဂင်းနစ်စ်စံချိန်မှတ်တမ်း ပေးအပ်ခဲ့ပါတယ်။

ဒေါ ဘာယာဒါ ခါပန်ဂီက သူ့ရဲ့အစ်ကို နာရာ ဘာဟာဒါ ခါပန်ဂီနဲ့အတူ Nepal Tourim Board (နီပေါခရီးသွားဆိုင်ရာအကူအညီပေးရေးစင်တာ) ရဲ့ စီအီးအို ဒါနန်ဂျေ ရက်ဂျ်မီ ချီးမြှင့်တဲ့ ဒီမှတ်တမ်းဆုကို လက်ခံခဲ့တာပါ။ ဒေါက သူ့ရဲ့အငယ်ဆုံးတူမလေး အွန် ကူမာရီ ပူလာမီ မာဂါရဲ့လက်ကို တွဲပြီး မှတ်တမ်းချီးမြှင့်တဲ့အခမ်းအနားကို လာခဲ့တာလည်းဖြစ်ပါတယ်။ သတင်းသမားတွေနဲ့ ဓာတ်ပုံဆရာတွေလည်း အဲဒီအခမ်းအနားကို ရောက်လာခဲ့ကြပြီး ဒေါရဲ့ပုံတွေကို ရိုက်ခဲ့ကြပါတယ်။

ဒေါရဲ့ကမ္ဘာ့ဂင်းနစ်စ်စံချိန်မှတ်တမ်းမှာ “အရပ်အပုဆုံးဆယ်ကျော်သက် (ယောကျ်ားလေး) က ၂၀၂၂ခုနှစ် မတ်လ ၂၃ ရက်နေ့ နီပေါနိုင်ငံ၊ ကတ်သ်မန်ဒူမြို့မှ ပျမ်းမျှ ၇၃.၄၃ စင်တီမီတာ (၂ ပေ ၄.၉ လက်မ) ရှိတဲ့ ဒေါ ဘာယာဒါ ခါပန်ဂီ (၁၄ နိုဝင်ဘာ ၂၀၀၄) ဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

အရင်က ကမ္ဘာ့အရပ်အပုဆုံးဆယ်ကျော်သက် (ယောကျ်ားလေး)ကတော့ ၂၀၁၀ခုနှစ်မှာ သတ်မှတ်ခံခဲ့ရတဲ့ အရပ်အမြင့် ၂ ပေ ၂.၃ လက်မ (၆၇စင်တီမီတာ) နဲ့ ခါဂန်ဒရာ သာပါ မာဂါ (နီပေါနိုင်ငံ) ပါပဲ။ သူကတော့ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့က သေဆုံးသွားခဲ့ပါပြီ။၂၀၀၉ခုနှစ်က အိန္ဒိယနိုင်ငံမှ ဂျယိုတီ အမ်ဂီ ဆိုသူကလည်း ၆၁.၉၅ စင်တီမီတာ (၂ ပေ)နဲ့ ကမ္ဘာ့အရပ်အပုဆုံးဆယ်ကျော်သက်ဖြစ်ခဲ့တာပါ။ ၂၀၁၁ခုနှစ် သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာတော့ အရပ်အမြင့် ၂ ပေ ၀.၇၂ လက်မ (၆၂.၈စင်တီမီတာ) နဲ့ ကမ္ဘာ့အရပ်အပုဆုံးမိန်းကလေးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ သူက ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ ဒီမှတ်တမ်းကို ထိန်းထားပါတယ်။

Ref: TheMirror “World’s shortest teenager named as 18-year-old from Nepal measuring 2ft 4.9in”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top