အဝေးပြေးလမ်းပေါ်မှာ ကားမောင်းနေတုန်း သတိလစ်သွားသူကို အသက်စွန့်ကယ်တင်ခဲ့တဲ့ အမျိုးသား

9.2.2023-yyl-image-၇.jpg

အဝေးပြေးလမ်းပေါ်မှာ ကားမောင်းနေရင်း သတိလစ်သွားတဲ့ ယာဉ်မောင်းအမျိုးသမီးကို အသက်စွန့် ကယ်တင်ပေးခဲ့တဲ့အတွက် မက်ဆာချူးဆက်ပြည်နယ်က အမျိုးသားတစ်ဦးဟာ သူရဲကောင်းအဖြစ် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရပါတယ်။

မိုလီနာဘာဂို့စ်ဟာ ဘော်စတွန်မြို့ လိုဂန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူတစ်ယောက်ကို သွားကြိုဖို့ ပြည်နယ်ချင်းဆက် လမ်းမကြီး ၉၃ ပေါ်မှာ ကားမောင်းနေတုန်း အပြာရောင်ကားတစ်စီးက တခြားယာဉ်ကြောတွေထဲ ဝင်ရောက်နေတာ သတိထားမိခဲ့တာပါ။ ကားထဲမှာတော့ ယာဉ်မောင်းအမျိုးသမီးက သတိလစ်နေပါတယ်။

အဲဒီနောက်မှာ ဘာဂို့စ်က သူ့ကားကို လမ်းဘေးချရပ်ပြီး အမြန်လမ်းကို ဖြတ်ကူးကာ ကားနောက်ကို ပြေးလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ခရီးသည်ထိုင်ခုံဘက် တံခါးကို ဖွင့်ချိန်မှာ တံခါးက လော့ခ်ချထားလို့ ဖွင့်မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အကူအညီပေးမယ့်သူ နောက်တစ်ယောက် ရောက်လာခဲ့ပြီး အပြာရောင်ကားကို ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယာဉ်မောင်းအမျိုးသမီးကို အနီးနားက ဆေးရုံ ပို့ဆောင်ခဲ့တာပါ။

ဘာဂို့စ်က လုပ်စရာတွေ လုပ်ပြီး အိမ်ပြန် အိပ်နေချိန်မှာ (တခြားသူတစ်ယောက် ရိုက်ကူးထားတဲ့) သူ့လှုပ်ရှားမှု ဗီဒီယိုက TikTok ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများက သူ့ကို သူရဲကောင်းအဖြစ် ချီးကျူးခဲ့ကြတာပါ။

ဗီဒီယိုကို ကြည့်ရှုရန်

Ref: ‘God Really Watched Over Me’: Hero Sprints Across Highway To Save Driver In Distress

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top