မော်ရိုကိုငလျင်မှာ သေဆုံးသူ ၂၀၀၀ ကျော် ရှိလာ

10.9.23-yyl-1.jpg

မော်ရိုကိုငလျင်မှာ သေဆုံးသူ ၂၀၀၀ ကျော် ရှိလာခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၁၄၀၄ ဦးအထိ ရှိနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ မဂ္ဂနီကျူ့စ်ငလျင်ဟာ ဆယ်စုနှစ်များစွာအတွင်း မော်ရိုကိုနိုင်ငံမှာ လူသေဆုံးမှုအများဆုံးငလျင် ဖြစ်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အပျက်အစီးတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေကို လိုက်လံရှာဖွေလျက် ရှိပါတယ်။ ငလျင်လှုပ်ခတ်မှုအပြီး ပထမဆုံး ၇၂ နာရီဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Residents rest along Avenue de la Menara, following a powerful earthquake in Marrakesh, Morroco September 10, 2023. REUTERS/Nacho Doce

မော်ရိုကိုစစ်တပ်က အပျက်အစီး အပိုင်းအစတွေ ပိတ်ဆို့နေတဲ့ အဓိကလမ်းမကြီးကို ရှင်းလင်းဖယ်ရှားနေပြီး အထောက်အပံ့ပစ္စည်းတွေ ပေးပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန်၊ စပိန်၊ အီတလီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားက မော်ရိုကိုနိုင်ငံအတွက် အထောက်အပံ့ အကူအညီတွေ စေလွှတ်ပေးထားပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဘေးအန္တရာယ်တုံ့ပြန်ရေး အရေးပေါ်ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ကူညီပေးဖို့ ကတိပြုထားပါတယ်။

Ref: More than 2,000 people are confirmed dead, making it the country’s deadliest quake in years.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top