လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ ဆီဗီးလ်ဒေသခံ ပရိသတ်တွေ ကွင်းအပြင်ဘက်မှာ လာရောက်စုဝေး

12-6-2020-yyl-016.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ လကြာ ရပ်နားထားတဲ့ လာလီဂါပြိုင်ပွဲကို ပြန်လည်စတင်ချိန်မှာ ပထမဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆီဗီးလ်ဒါဘီပွဲမှာ ၂ ဖက်အသင်း ပရိသတ်တွေက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ရေမွန်ဆန်းချက်ဇ်ပစ်ဟွန်ကွင်းအပြင်ဘက်မှာ လာရောက်စုဝေးခဲ့ကြပါတယ်။ ကွင်းအပြင်ဘက်မှာ နေရာချထားတဲ့ ဖန်သားပြင်တွေကလည်း ပရိသတ်တွေ မျှော်လင့်ထားတာထက် ပိုဆိုးခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲဟာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ၅ ရပ်ထဲမှာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲပြီးရင် ဒုတိယမြောက် ပြန်လည်စတင်တဲ့ လိဂ်ပြိုင်ပွဲဖြစ်ပြီး လာမယ့်တစ်ပတ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်မှာပါ။

ဆီဗီးလ်ဒါဘီပွဲ မကစားခင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်တဲ့အနေနဲ့ တစ်မိနစ် ငြိမ်သက်ဆုတောင်းခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပရိသတ်အသံတု အသုံးပြုနေပေမဲ့ လာလီဂါမှာတော့ ပရိသတ်အားပေးသံအတုက အရမ်းတိုးလွန်းပြီး တစ်ပွဲလုံးနီးပါး မကြားရသလောက်ပါပဲ။ ရေမွန်ဆန်းချက်ဇ်ပစ်ဟွန်ကွင်း ပွဲကြည့်စင်ပေါ်မှာ ဆီဗီလာအသင်းဂျာစီ ဝတ်ဆင်ထားတဲ့ အသင်းပရိသတ်တွေရဲ့ ရုပ်ပုံတွေကို ပုံဖော်ပြီး ပရိသတ်တွေ ရှိသယောင် ဖန်တီးခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top