14-7-2022-12.jpg

သီရိလင်္ကာကနေ ထွက်ပြေးလာတဲ့ သမ္မတ စင်ကာပူနိုင်ငံထံ ဦးတည်နေ

သီရိလင်္ကာကနေ မော်လ်ဒိုက်ဗ်ကို ထွက်ပြေးခဲ့တဲ့ သမ္မတ ဂိုတာဘာယာရာဂျာပါကစဟာ ဆော်ဒီလေကြောင်းလိုင်းနဲ့အတူ စင်ကာပူနိုင်ငံကို လိုက်ပါလာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရာဂျာပါကစအနေနဲ့ စင်ကာပူမှာ နေမလား၊ စင်ကာပူတစ်ဆင့် တခြားနိုင်ငံကို ထပ်သွားမလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သမ္မတရာထူးကနေ…

14-7-2022-11-1.jpg

အထင်သေးတတ်သူတွေရဲ့စိတ်ကို ပြောင်းလဲစေခဲ့တဲ့ လေယာဉ်ပေါ်က အဘွားအို

လေဆိပ်စစ်ဆေးရေးဂိတ်မှာ သူ့ဆီကနေ ” တီ တီ တီ ” အသံမည်နေလို့ လုံခြုံရေးက အခန်းထဲ ခေါ်သွားပြီး ပစ္စည်းအားလုံး ထုတ်ပြခိုင်းတယ်။ တကယ်တော့ မေ့မှာစိုးလို့ ဖိနပ်ထဲ ထည့်ထားတဲ့ အိမ်သော့ကနေ အသံမြည်နေတာပါ။ ဒီတော့မှ…

14-7-2022-08.jpg

ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၂၀ ဘီလျံ ထပ်မံလှူဒါန်းပေးမယ့် ဘီလ်ဂိတ်

သူ့ရဲ့ပိုင်ဆိုင်မှုထဲက အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကို Bill and Melinda Gates ဖောင်ဒေးရှင်းအတွက် ဘီလ်ဂိတ်က လွှဲပြောင်းပေးအပ်သွားမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲ အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ Bill…

14-7-2022-01.jpg

ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးအသုံးပြု သင်းကွပ်ဖို့ နီးစပ်လာ

ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးအသုံးပြုပြီး သင်းကွပ်မယ့် ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ပိုနီးစပ်လာပါပြီ။ အဲဒီဥပဒေကြမ်းဟာ ပြီးခဲ့တဲ့မတ်လက အောက်လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိခဲ့ပြီး ပြီးခဲ့တဲ့တနင်္လာနေ့နှောင်းပိုင်းက အထက်လွှတ်တော် မဲခွဲမှုမှာ ထောက်ခံမဲ ၁၄၅ မဲ ရရှိခဲ့ပါတယ်။ အကျဉ်းဦးစီးဌာနရဲ့…

13-7-2022-28.jpg

မော်လ်ဒိုက်ဗ်မှာ တည်ဆောက်နေတဲ့ ရေပေါ်မြို့

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ ဗိသုကာဒီဇိုင်းတွေလည်း ပုံစံသစ်တွေ ရှာဖွေရတယ်။ ပုံစံသစ်တစ်မျိုးကတော့ ရေပေါ်မြို့တွေ ဆောက်ကြတာပါပဲ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရှေ့တန်းကနေ ရင်ဆိုင်နေရတဲ့ မော်လ်ဒိုက်ဗ်နိုင်ငံမှာလည်း ရေပေါ်မြို့ တည်ဆောက်နေပါပြီ။ နယ်သာလန်ဗိသုကာလုပ်ငန်းစု Waterstudio က ဒီဇိုင်းဆွဲထားတဲ့ ရေပေါ်မြို့မှာ နေအိမ်တွေ၊…

13-7-2022-17.jpg

မျက်စိနှစ်ကွင်း အလင်းမရသူနဲ့ လက်နှစ်ဖက်မရှိသူက သစ်ပင် ၁၀၀၀၀ ကျော် စိုက်ပျိုး

တစ်ယောက်က မျက်စိနှစ်ဖက်လုံး အလင်းမရဘူး၊ နောက်တစ်ယောက်က လက်နှစ်ဖက်လုံး မရှိဘူး။ ဒါပေမဲ့ သူတို့က ၁၀ နှစ်အတွင်း သစ်ပင် ၁၀၀၀၀ ကျော် စိုက်ပျိုးခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ လူအဖြစ် ရှင်သန်ခွင့်ရတဲ့ဘဝမှာ အဓိပ္ပာယ်ရှိချင်လို့ပါတဲ့။ကျားဟိုင်ရှားနဲ့ ကျားဝမ်ချီတို့ဟာ ကလေးဘဝကတည်းက…

13-7-2022-01.jpg

လတိုင်း အိမ်ငှားခအများကြီးပေးနေရတာ စိတ်ကုန်လာလို့ အိမ်အသေးလေးတစ်လုံး ကိုယ်တိုင်ဆောက်လုပ်နေထိုင်ခဲ့သူ

မီချီဂန်ပြည်နယ်က နစ်ခ် ဆိုအာဗီဟာ နှစ်တိုင်း အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် အိမ်ငှားခအများကြီးပေးနေရတာကို စိတ်ကုန်လာခဲ့ပါတယ်။ ဒါကြောင့် ပေါင် ၁၉၂၀၀ အကုန်အကျခံပြီး သူတစ်ယောက်တည်း နေထိုင်လို့ရမယ့်အိမ်အသေးလေးတစ်လုံးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါတယ်။ အခုဆို သူက အိမ်ငှားခလည်း ပေးစရာမလိုတော့ပါဘူး။ နစ်ခ်က…

11-7-2022-37.jpg

ရှင်ဇိုအဘေးကို ဘာကြောင့် လုပ်ကြံခဲ့သလဲ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို သူ ဘာကြောင့်လုပ်ကြံခဲ့သလဲဆိုတာ ယာမာဂါမီက ဖြောင့်ချက်ပေးတယ်။ သူ့အမေက ဘာသာရေးအဖွဲ့အစည်းတစ်ခုကို အရမ်းကြီး ယုံကြည်သက်ဝင်လွန်းပြီး ရှိသမျှအကုန် လှူပစ်ခဲ့လို့ ငွေကြေးအကျပ်အတည်း ဖြစ်သွားတာကို ယာမာဂါမီက ဒေါသထွက်ခဲ့တာပါ။ အဲဒီဘာသာရေးအဖွဲ့အစည်းကို ရှင်ဇိုအဘေးက လူသိများထင်ရှားအောင် လုပ်ပေးခဲ့လို့…

11-7-2022-34.jpg

ဆိုင်ယာနိုက်ထက် အဆ ၁၂၀၀ အဆိပ်ပိုပြင်းတဲ့ ငါးပူတင်း

ငါးပူတင်း (Fugu or blowfish)ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး ငါးတစ်မျိုးဖြစ်ပြီး ဆိုင်ယာနိုက်ထက် အဆ ၁၂၀၀ ပိုပြီး အဆိပ်ပြင်းပါတယ်။ ငါးပူတင်းတစ်ကောင်မှာ ငါးသားဥက အဆိပ်အပြင်းဆုံးဖြစ်ပြီး အရေခွံ၊ အသည်း၊ အူတွေမှာလည်း အဆိပ်ပါပါတယ်။ Tetrodotoxin အဆိပ်မိရင်…

11-7-2022-30.jpg

တစ်ရက်တည်းမှာ လူ ၂ ယောက်ကို အသက်ကယ်ပေးခဲ့တဲ့ ၁၁ နှစ်သား

၁၁ နှစ်သား ဒေဗီယွန်ဂျွန်ဆင်(Davyon Johnson)ဟာ တစ်ရက်တည်းမှာ လူ ၂ ယောက်ကို အသက်ကယ်ပေးနိုင်ခဲ့လို့ ဂုဏ်ထူးဆောင် ရဲအရာရှိ၊ ဂုဏ်ထူးဆောင် တရားဥပဒေစိုးမိုးရေးအရာရှိအဖြစ် ဂုဏ်ပြုခံခဲ့ရပြီး သူ့ကျောင်းကလည်း သူရဲကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။ ဒေဗီယွန်ဂျွန်ဆင်ဟာ ၂၀၂၁ ခုနှစ်…