russia0.jpg

ယူကရိန်းအရှေ့ပိုင်းက ဘူတာရုံမှာ ဒုံးကျည်ကျခဲ့လို့ လူ ၅၀ သေဆုံး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဘူတာရုံတစ်ရုံမှာ ဒုံးကျည်တွေ ကျခဲ့လို့ လူ ၅၀ သေဆုံးခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒွန်ဘတ်စ်ဒေသမှာ ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်။ ဒွန်ဘတ်စ်ဒေသကနေ ထွက်ခွာမယ့်သူတွေက ခရာမာတော့စ်ဘူတာရုံကနေ ရထားစီးကြလေ့ရှိတယ်။ ဘူတာရုံမှာ လူတွေစုဝေးနေတုန်း ဒုံးကျည်တွေ ကျခဲ့တာပါ။…

youth0.jpg

၅၃ နှစ် အမျိုးသမီးရဲ့ အရေပြားဆဲလ်ကို ၂၃ နှစ်အရွယ်လို နုနယ်ပျိုမြစ်အောင် ပြောင်းလဲပေးမယ့် နည်းပညာတွေ့ရှိ

ကမ်းဘရစ်ချ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အရေပြားဆဲလ်တွေကို ၂၃ နှစ်အရွယ်ရှိသူတွေရဲ့ ဆဲလ်တွေလို နုနယ်ပျိုမြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ အခုအသုံးပြုခဲ့တဲ့ နည်းပညာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သိုးမလေး ဒေါ်လီကို ပုံတူဖန်တီးဖို့ အသုံးပြုခဲ့တဲ့…

7-4-2022-yyl12.jpg

ကိုဗစ်-၁၉ ကူးစက်ခံရပြီးရင် ၆ လအတွင်း သွေးခဲနိုင်ခြေ ပိုမြင့်မားတယ်လို့ ဆို

ကိုဗစ်-၁၉ ကူးစက်ခံရပြီးရင် နောက် ၆ လအတွင်း သွေးခဲနိုင်ခြေ မြင့်မားတယ်လို့ ဆွီဒင်နိုင်ငံရဲ့ သုတေသနတစ်ရပ်မှာ သုံးသပ်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူတွေ၊ ပထမလှိုင်းမှာ ကူးစက်ခံရသူတွေဟာ သွေးခဲနိုင်ခြေ အများဆုံးပဲလို့ ဖော်ပြပါတယ်။ ကာကွယ်ဆေး…

7-4-2022-yyl01.jpg

ဘီယာထည့်ဖို့ အညိုရောင်ဖန်ပုလင်းတွေ သုံးရတဲ့အကြောင်းရင်း

အများအားဖြင့် ဘီယာပုလင်းတွေက အညိုရောင်ဖန်ပုလင်းတွေ ဖြစ်နေတာ တွေ့ရမှာပါ။ Tiger ၊ ABC ၊ Leo ၊ Singha အစရှိသဖြင့်ပေါ့။ ဘီယာကို အညိုရောင်ပုလင်းနဲ့ ထည့်ရတဲ့ အကြောင်းရင်းကတော့ ဘီယာရဲ့ အနံ့ကို ထိန်းသိမ်းနိုင်ဖို့ပါပဲ။လက်တွေ့စမ်းသပ်ကြည့်လို့…

7-4-2022-yyl-001.jpg

ထရန်စဖော်မာထဲက ဆီကိုထုတ်ပြီး စားသုံးဆီအဖြစ် ရောင်းချနေ

ဆီထုတ်ရောင်းဖို့အတွက် လျှပ်စစ်ထရမ်စဖော်မာကို ဖျက်လိုဖျက်စီးလုပ်နေတာကြောင့် တစ်လကို ဒေါ်လာသန်းချီ ဆုံးရှုံးနစ်နာနေရတယ်လို့ ကင်ညာနိုင်ငံ လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးရေးကုမ္ပဏီက ပြောပါတယ်။ ဒုစရိုက်သမားတွေက ထရမ်စဖော်မာထဲက ဆီကို ခိုးထုတ်ပြီး စားသောက်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေမှာ စားသုံးဆီဆိုပြီး လိမ်လည်ရောင်းချနေကြတယ်လို့ Kenya Power…

6-4-2022-yyl-43.jpg

အလောင်းရှာပုံတော် ဖွင့်နေရတဲ့ ဘူချာမြို့က သားအဖ ၂ ယောက်

၇၂ နှစ်အရွယ် အဘိုးအို ဗိုလိုဒီမာက ရှိစုမဲ့ အင်အားလေးနဲ့ သူ့အိမ်ကို မီးငြှိမ်းဖို့ ကြိုးစားနေရင်း သူ့ကို လာကူပေးဖို့ သားမက်ဖြစ်သူကို အော်ဟစ်အကူအညီတောင်းနေရှာတယ်။ ဗိုလိုဒီမာတို့ မိသားစုက ယူကရိန်းနိုင်ငံ ကိဗ်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ ဘူချာမြို့မှာ နေထိုင်သူတွေပါ။…

6-4-2022-yyl-32.jpg

ဆာရီကို အလံလွှင့်ပြီး ရထားပေါ်လူရာချီကို အသက်ကယ်နိုင်ခဲ့သူ

သတ္တိကောင်းတဲ့ အမျိုးသမီးတစ်ဦးဟာ ရထားလမ်း ပြတ်နေတာကို သတိထားမိပြီးနောက် အနီရောင်ဆာရီကို အလံလွှင့်ပြီး ရထားပေါ်က လူရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ဥမ္မာဝတီဒေဝီဟာ အလုပ်သွားဖို့ ရထားလမ်းပေါ်ဖြတ်နေချိန်မှာ ရထားလမ်း ပြတ်နေတာကို သတိပြုမိခဲ့ပါတယ်။…

4-4-2022-yyl-26.jpg

၂.၈၉ ဘီလျံတန်ဖိုးရှိတဲ့ တွစ်တာရှယ်ယာ ၉ ရာခိုင်နှုန်းကို အီလွန်မက်စ် ဝယ်ယူ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က တွစ်တာရဲ့ ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ အမေရိကန်နိုင်ငံ ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission) ရဲ့ တင်ပြချက်မှာ ဖော်ပြပါတယ်။ Tesla ကုမ္ပဏီကို တည်ထောင်သူ…

4-4-2022-yyl-27.jpg

Epic Games က Xbox နဲ့ ပူးပေါင်းပြီး ယူကရိန်းအတွက် ရန်ပုံငွေ ၁၄၄ သန်း ရှာဖွေပေးနိုင်ခဲ့

ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ဖို့ Xbox နဲ့ ပူးပေါင်းပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၄ သန်း ရှာဖွေနိုင်ခဲ့တယ်လို့ Epic Games ကုမ္ပဏီက ပြောပါတယ်။ Fortnite အွန်လိုင်းဂိမ်းကို ဖန်တီးခဲ့တဲ့ Epic Games…

4-4-2022-yyl-23.jpg

ဆုကြေးငွေအားလုံးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ နိုဘယ်ဆုရှင်

ဓာတုဗေဒ နိုဘယ်ဆု ဆွတ်ခူးခဲ့တဲ့ ပါမောက္ခတစ်ဦးဟာ ဆုကြေးငွေအားလုံးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ စကော့တလန်နိုင်ငံသား ပါမောက္ခ ဒေးဗစ်မက်မီလန်ဟာ ပါမောက္ခလစ်နဲ့ ပူးပေါင်းပြီး တစ်ခုနဲ့တစ်ခု ကြေးမှုံပြင်လို ရောင်ပြန်ဟပ်စေမယ့် မော်လီကျူးတွေကို တည်ဆောက်နိုင်ခဲ့တာပါ။ သူတို့ဖန်တီးခဲ့တဲ့အရာဟာ ဆေးဝါးသစ်တွေ ရှာဖွေဖို့၊…