25-5-2020-yyl-038.jpg

အခင်းအကျင်းသစ်မှာ လေ့လာသင်ယူစရာ

စုနှစ်ရဲ့ အကြီးမားဆုံး ကပ်ဘေးလို့ ဆိုရမယ့် COVID-19 ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဓိကကဏ္ဍအသီးသီးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာ အားလုံးအသိပါပဲ။ ကမ္ဘာတစ်လွှားမှာ ကူးစက်ခံရသူ ၅.၅ သန်းကျော်၊ သေဆုံးသူ ၃၄၀,၀၀၀…

25-5-2020-yyl-032.jpg

တောင်ကိုရီးယားမှာ ကလပ်နဲ့ ဘားတွေဆီ လာသူတွေကို ဖုန်းကတစ်ဆင့် ဧည့်သည်တော်မှတ်တမ်း ဖြည့်ခိုင်းမယ်

တောင်ကိုရီးယားနိုင်ငံမှာတော့ ထိတွေ့မှုရာဇဝင် စုံစမ်းရာမှာ အထောက်အကူဖြစ်စေဖို့အတွက် လာမယ့်ဇွန်လကစပြီး ကလပ်၊ ဘား၊ ကာရာအိုကေ၊ စားသောက်ဆိုင်တို့လို ဖျော်ဖြေရေး အဆောက်အအုံတွေဆီ ရောက်လာတဲ့ ဧည့်သည်တွေကို ဆဲလ်ဖုန်း QR ကုဒ်ကနေ ဧည့်သည်တော်မှတ်တမ်း ဖြည့်ခိုင်းတဲ့စနစ် ကျင့်သုံးသွားမယ်လို့ ကြေညာခဲ့ပါတယ်။…

25-5-2020-yyl-016.jpg

လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှာ ဆီဗီးလ်ဒါဘီပွဲနဲ့အတူ ပြန်လည်စတင်မယ်

ဇွန်လ ၁၁ ရက်ကျရင် ဆီဗီးလ်ဒါဘီပွဲစဉ်နဲ့အတူ လာလီဂါပြိုင်ပွဲကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီးယားတီဘက်စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် လာလီဂါပြိုင်ပွဲကို ပြီးခဲ့တဲ့မတ်လကတည်းက ဆိုင်းငံ့ထားခဲ့တာပါ။ ဇွန်လ ၈ ရက်ကစပြီး လာလီဂါပြိုင်ပွဲကို ကွင်းပိတ်ကစားဖို့…

25-5-2020-yyl-015.jpg

မန်ယူအသင်းဖော်တစ်ယောက်နဲ့ သီးသန့်ခွဲခြားနေရမယ်ဆိုရင် မာတာကိုပဲ ရွေးမယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြော

မန်ယူအသင်းဖော်တစ်ယောက်နဲ့အတူ သီးသန့်ခွဲခြားနေထိုင်ရမယ်ဆိုရင် စပိန်ကွင်းလယ်လူ မာတာကိုပဲ ရွေးချယ်မယ်လို့ မန်ယူကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့က မန်ယူကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ကွင်းတွင်း၊ ကွင်းပြင် အသားကျခဲ့ပါတယ်။ သူဟာ မန်ယူအတွက် ၃ ဂိုးသွင်းပြီး…

25-5-2020-yyl-014.jpg

ချီလီနိုင်ငံရဲ့ကျန်းမာရေးစနစ်က နောက်ထပ်မစွမ်းသာတော့တဲ့ အခြေအနေ ရောက်လုနီးပါးဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ချီလီနိုင်ငံရဲ့ ကျန်းမာရေးစနစ်က နောက်ထပ်မစွမ်းသာတဲ့ အခြေအနေရောက်လုနီးပါး ဖြစ်နေပြီလို့ ချီလီသမ္မတ ပင်နီရာက ပြောပါတယ်။ ချီလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၀၀၀၀ နီးပါးရှိနေပြီး လူ ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်…

25-5-2020-yyl-013.jpg

မိုင်းလုပ်သားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ တောင်အာဖရိကနိုင်ငံရဲ့ ကမ္ဘာ့အနက်ဆုံးရွှေမိုင်းတွင်းကို ပိတ်ခဲ့ရ

တောင်အာဖရိကနိုင်ငံရဲ့ ကမ္ဘာ့အနက်ဆုံး ရွှေတူးဖော်ရေးမိုင်းတွင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၄ ယောက် တွေ့ရှိရ၍ မိုင်းတွင်း ပိတ်ထားရပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုကြောင့် ပြီးခဲ့တဲ့မတ်လမှာ ပိတ်ခဲ့ရတဲ့ အမ်ပိုနန်မိုင်းတွင်းဟာ ပြီးခဲ့တဲ့လမှာတော့ မိုင်းတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ပါတယ်။ အမ်ပိုနန်မိုင်းတွင်းမှာ တူးဖော်ရေးလုပ်ငန်း…

25-5-2020-yyl-012.jpg

ရေနံစည်တွေ သယ်လာတဲ့ အီရန်သင်္ဘော ၅ စင်းထဲမှာ တစ်စင်းက ဗင်နီဇွဲလား ရေပိုင်နက်ထဲ ရောက်ရှိ

ရေနံစည်တစ်သန်းကျော် တင်ဆောင်လာတဲ့ အီရန်ရေနံတင်သင်္ဘော ၅ စင်းအနက် တစ်စင်းကတော့ ဗင်နီဇွဲလားရေပိုင်နက်ထဲ ဝင်ရောက်လာပါပြီ။ အီရန်ရေနံတင်သင်္ဘောတွေကို ဗင်နီဇွဲလားရေတပ်နဲ့ လေတပ်က လိုက်လံစောင့်ရှောက်ပေးခဲ့ပါတယ်။ အီရန်နဲ့ ဗင်နီဇွဲလားနှစ်နိုင်ငံလုံးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံက ရေယာဉ်တန်းကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။…

22-5-2020-yyl-049.jpg

တောင်အာဖရိကမှာ COVID-19 ရောဂါကြောင့် နှစ်ရက်သား ကလေးငယ် သေဆုံး

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ရက်သားအရွယ် ကလေးငယ်တစ်ယောက် သေဆုံးခဲ့ပါတယ်။ မိခင်ဖြစ်သူမှာ COVID-19 ရောဂါရှိနေတယ်လို့ တွေ့ရှိခဲ့လို့ ကလေးငယ်ကို စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ကလေးငယ်ဟာ လမစေ့ဘဲ မွေးဖွားလာခဲ့ပြီး မွေးမွေးချင်း အသက်ရှူကြပ်နေလို့ အသက်ရှူစက်တပ်ပေးခဲ့ရပါတယ်။ တောင်အာဖရိကနိုင်ငံမှာ COVID-19…

22-5-2020-yyl-048.jpg

ဂီတဖျော်ဖြေပွဲရွှေ့လိုက်ပေမဲ့ ဝန်ထမ်း ၁၂၀ လုံးကို နှစ်ကုန်အထိ လစာပေးထားမယ့် ကန်းထရီးအဆိုတော် ကင်နီချက်စနေး

နာမည်ကျော် ကန်းထရီးအဆိုတော် ကင်နီချက်စနေးဟာ Chillaxification Tour ဂီတဖျော်ဖြေပွဲကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပေမဲ့ သူ့ရဲ့ဝန်ထမ်း ၁၂၀ လုံးကို နှစ်ကုန်အထိ လစာပေးထားမှာဖြစ်ပါတယ်။ L.A. Times နဲ့ အင်တာဗျူးအစီအစဉ်မှာ ချက်စနေးက အခုလို…

22-5-2020-yyl-047.jpg

ကိုရိုနာဗိုင်းရပ်စ် Lockdown ကြောင့် ရွှေပြားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၀ နှစ်သား ညီအစ်ကို နှစ်ယောက်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြင်သစ်နိုင်ငံတစ်ဝန်း Lockdown (ပိတ်ဆို့မှု) ချလိုက်ချိန်မှာ ပဲရစ်မြို့ကို စွန့်ခွာပြီး ဗန်ဒိုမာမြို့ထံ ပြောင်းရွှေ့ခဲ့တဲ့ မိသားစုဟာ ယူရို ၁ သိန်းနီးပါး တန်ကြေးရှိတဲ့ ရွှေပြားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၁၀ နှစ်သားအရွယ်ရှိတဲ့…