yyl-020-7.jpg

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆို

စျေးကွက်တည်ငြိမ်မှု ကင်းမဲ့စေပြီး ကမ္ဘာ့စီးပွားရေးကို ဖိစီးစေခဲ့တဲ့ ကုန်စည်စစ်ပွဲ ဖြေလျှော့ဖို့အတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံက ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်က အမေရိကန်စီးပွားရေးကို အသွင်ပြောင်းစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေး…

yyl-019-6.jpg

ဂျပန် ဝန်ကြီးက မိဘခွင့် ၂ ပတ်ယူမယ့်အတွက် အလုပ်ဖိအားများတဲ့ ဂျပန်နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်

ရင်သွေးလေး မွေးဖွားလာရင် မိဘခွင့်ယူဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ကိုအိဇုမိက ပြောပါတယ်။ ဒါဟာ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်က မိဘခွင့်ယူတဲ့ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။ အဲဒီအတွက် ကိုအိဇုမိရဲ့ ဆုံးဖြတ်ချက်က ဂျပန်နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်စေခဲ့ပါတယ်။ ဇနီးဖြစ်သူ…

yyl-018-7.jpg

ယူကရိန်းလေယာဉ် ပစ်ချခံရပုံကို ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့တယ်ဆိုတဲ့ အမျိုးသားကို အီရန်အစိုးရ ဖမ်းဆီး

ယူကရိန်း ခရီးသည်တင်လေယာဉ် ဒုံးကျည်နဲ့ပစ်ချခံရပုံကို ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့တယ်ဆိုတဲ့ လူတစ်ယောက်ကို အီရန်အစိုးရက ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခံထားရသူဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်တွေ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် PS752 လေယာဉ်ဟာ ဇန်နဝါရီလ ၈ ရက်က…

yyl-035-6.jpg

လေထုအရည်အသွေး ဆိုးရွားပြီး မိုးရွာသွန်းလို့ သြစတြေးလျအိုးပင်းပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကို ရွှေ့ဆိုင်း

သြစတြေးလျနိုင်ငံမှာ တောမီးလောင်ကျွမ်းနေလို့ လေထုအရည်အသွေး ဆိုးရွားပြီး မိုးရွာသွန်းခဲ့တဲ့အတွက် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လေထုအရည်အသွေးက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ သတ်မှတ်ခဲ့ရတဲ့အတွက် အစောပိုင်းမှာ လက်ရည်စစ်ပွဲတွေ စတင်မယ့်အချိန်ကို ၃ နာရီကြာ ဆိုင်းငံ့ခဲ့ပါတယ်။ လက်ရည်စစ်ပွဲတွေကို ဒေသစံတော်ချိန်…

yyl-033-5.jpg

အဲရစ်ဆင်အတွက် အင်တာမီလန်ရဲ့ကမ်းလှမ်းမှုကို စပါးအသင်း ပယ်ချ

ကွင်းလယ်လူ အဲရစ်ဆင်အတွက် အင်တာမီလန်အသင်းရဲ့ ပေါင် ၁၀.၅ သန်းတန် ကမ်းလှမ်းမှုကို စပါးအသင်းက ပယ်ချခဲ့ပါတယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်နဲ့ စပါးအသင်း ချုပ်ဆိုထားတဲ့ စာချုပ်က လာမယ့်နွေရာသီမှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့အနေနဲ့ အခုချိန်ကစပြီး ပြည်ပကလပ်တွေနဲ့…

yyl-034-6.jpg

ဘင်ဖီကာကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူလိုက်တဲ့ စပါး

စပါးအသင်းဟာ ဘင်ဖီကာကွင်းလယ်လူ ဂတ်ဆန်ဖာနန်ဒက်စ်ကို ၁၈ လ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၂၁)နှစ်ရှိတဲ့ ဂတ်ဆန်ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ(၅၃)ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဂတ်ဆန်ဖာနန်ဒက်စ်ကို ခေါ်ယူတဲ့စာချုပ်မှာ ခြေစွမ်းသဘောကျရင် အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ အချက်ပါဝင်နေပါတယ်။ ဂတ်ဆန်ဖာနန်ဒက်စ်ဟာ…

yyl-032-6.jpg

ဘာစီလိုနာဂန္တဝင်ရဲ့ သားဖြစ်သူကို အီကွေဒေါအသင်း နည်းပြ ခန့်အပ်

ဘာစီလိုနာဂန္တဝင် ကစားသမားဟောင်း ဂျိုဟန်ခရိုက်ဖ်ရဲ့သားဖြစ်သူ ဂျော်ဒီခရိုက်ဖ်ကို အီကွေဒေါအသင်းက နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဂျော်ဒီခရိုက်ဖ်ကို အီကွေဒေါနည်းပြအဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ သူဟာ အီကွေဒေါအသင်းကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ဦးဆောင်ပေးရမှာပါ။…

yyl-031-7.jpg

မန်စီးတီးကစားသမားတွေက အင်စတာဂရမ်မော်ဒယ် ၂၂ ယောက်နဲ့ အဖော်အချွတ်ပါတီဆင်နွှဲခဲ့

တည်းခိုစရိတ်မြင့်မားတဲ့ ဟိုတယ်နဲ့ အပန်းဖြေစခန်းမှာ အဖော်အချွတ်ပါတီ ဆင်နွှဲဖို့အတွက် မန်စီးတီး ဘောလုံးသမားတွေက အင်စတာဂရမ်မော်ဒယ် ၂၂ ယောက်ကို ချက်ရှိုင်းယားစီရင်စုထံ ခေါ်ဆောင်သွားခဲ့ပါတယ်။ မန်စီးတီးက ဗီလာကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အင်စတာဂရမ်မော်ဒယ်တွေက မန်ချက်စတာမြို့ကို…

yyl-030-6.jpg

အိမ်ကွင်းမှာ ကစားရပေမဲ့ အဝေးကွင်းအသင်းအဖြစ် သတ်မှတ်ခံရမယ့် ဘာမင်ဂမ်

ဘာမင်ဂမ်အသင်းဟာ ကိုဗင်ထရီနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ အဝေးကွင်းအသင်းအဖြစ် သတ်မှတ်ခံရမှာပါ။ ကိုဗင်ထရီအသင်းဟာ ဘရစ္စတိုးရိုဗာနဲ့ ကစားခဲ့တဲ့ တတိယအဆင့် ပြန်ကန်ပွဲမှာ (၃)ဂိုးပြတ် အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်ကို တက်လှမ်းလာခဲ့တာပါ။ ကိုဗင်ထရီအသင်းဟာ ရက်ဘီကလပ် ဝက်စ်အသင်းရဲ့…

yyl-025-4.jpg

စပိန်နိုင်ငံမှာ လူသေဆုံးစေတဲ့ ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွား

စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာတာလန်ဒေသရဲ့ ဓာတုစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပြီး အခြားသူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ စပိန်နိုင်ငံ အရာရှိတွေက ပြောပါတယ်။ ဇန်နဝါရီလ ၁၄ ရက် ဒေသစံတော်ချိန် ည…