ခါဘီနဲ့ ထိုးမယ့်ပွဲမှာ မရဏဇုန် ဖန်တီးထားတယ်ဆိုတဲ့ ဂျက်စတင်ဂါသီ

12-8-2020-yyl-021.jpg

ပွဲတိုင်းနိုင် ရုရှားသိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်နဲ့ ထိုးသတ်မယ့်ပွဲစဉ်အတွက် အစီအစဉ်တွေ ချမှတ်ရာမှာ မရဏဇုန်တစ်ခု ဖန်တီးမှု ပါဝင်နေတယ်လို့ အမေရိကန် သိုင်းပေါင်းစုံ ကစားသမား ဂျက်စတင်ဂါသီက ပြောပါတယ်။ UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ ဂျက်စတင်ဂါသီတို့ဟာ အောက်တိုဘာလ ၂၄ ရက်မှာ ကျင်းပမယ့် UFC 254 ပြိုင်ပွဲမှာ ရင်ဆိုင်ရမှာပါ။ သိုင်းပေါင်းစုံ ပရိသတ်တွေ အလွန်အမင်း မျှော်လင့်နေကြတဲ့ ဒီပွဲစဉ်အတွက် သူ့ရဲ့ပွဲအစီအစဉ်ကို ဂျက်စတင်ဂါသီက အခုလို ထုတ်ပြောထားပါတယ်။

” ကျွန်တော့်ရှေ့မှာ ဇုန်တစ်ခုထားမယ်။ အဲဒီဇုန်က သိပ်မကြီးပါဘူး။ ဒါက မရဏဇုန် ဖြစ်လာလိမ့်မယ်။ အဲဒီဇုန်ထဲကို သူ ဝင်လာတိုင်း ကျွန်တော်က သေခြင်းတရားကို ကိုယ်စားပြုလိမ့်မယ်။ ဒါက ကျွန်တော် အကျွမ်းကျင်ဆုံးအပိုင်းပါပဲ။ ကားတိုက်ခံရသလို ပုံစံမျိုးပေါ့”လို့ ဂါသီက ပြောပါတယ်။ ဂါသီဟာ ပြီးခဲ့တဲ့မေလက တိုနီဖာဂူဆန်ကို အနိုင်ရထားပြီး ၄ ပွဲဆက် အနိုင်ရတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ခါဘီကတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ပွဲထိုးသတ်ခဲ့ခြင်းမရှိပါဘူး။ လွန်ခဲ့တဲ့ ၂ လမှာ သူ့အဖေ သေဆုံးသွားလို့ သိုင်းပေါင်းစုံ ကစားသမားဘဝကနေ အနားယူမယ်လို့လည်း သတင်းထွက်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top