မြတ်စွာဘုရားကို လူဆင်းရဲ တစ်ယောက်က မေးပါတယ်။ အရှင်ဘုရား တပည့်တော် ဘာကြောင့်ဆင်းရဲ နေရတာလဲ။
မြတ်စွာဘုရားရှင်က သင်သူများတွေကို မပေးကမ်းဘူး၊ ဘယ်လို ပေးရမလဲဆိုတာလည်း သင်က မသိဘူး။
ကျွန်တော့်မှာ ဘာမှ မရှိလို့ ဘာမှသူများကို မပေးကမ်းနိုင်ခဲ့ပါဘူး။
သင့်မှာ သူများတွေကို ပေးလို့ မကုန်တဲ့ အရာတွေ အများကြီးရှိပါတယ်။
မျက်နှာ – အမြဲတမ်း သင့်မျက်နှာကို ပြုံးထားပါ၊ ပျော်အောင်နေပါ၊ မျက်နှာဟာ ရွှင်ပျနေပါစေ။
ပါးစပ် – သင်ရဲ့ပါးစပ်က ချိုချိုသာသာ ပြောပါ၊ အခြားသူတွေကို အားပေးတတ်အောင် ကြိုးစားပါ၊ အားနည်းတဲ့သူတွေကို နှစ်သိမ့်စကား ပြောဆိုပါ။
စိတ်နှလုံး – ရိုးသားပါ၊ အမှန်တရားကို မြတ်နိုးပါ အခြားသူများကို စိတ်မှ ကြင်နာယုတတ်ပါ။
မျက်လုံး – အခြားသူတွေကို ကြင်နာစွာ ကရုဏာရှေ့ထားပြီး မာန်မာနတွေ မပါဘဲ ကြည့်ပါ။
ခန္ဓာကိုယ် – မင်းရှေ့မှာ ရှိတဲ့ လူတွေအားလုံးကို လက်တွေ့ကျကျ ကူညီနိုင်ပါတယ်။
ကြည့်ပါ။ သင့်မှာ ဘာမှ မဆင်းရဲတော့ပါဘူး။
“ကျွန်တော်တို့ နှလုံးသားထဲမှာ အမှန်တကယ် ဆင်းရဲသူများသည် ညံ့ဖျင်းသော သူများသာဖြစ်၏”
Team (ရိုးရာလေး)