တရုတ်နိုင်ငံမှာကျင်းပတဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မကွေးမြို့ကို နှစ်လိုဖွယ်ရာမြို့အဖြစ် ခင်းကျင်းပြသထားတဲ့သတင်း

yyl-005-9.jpg

တရုတ်နိုင်ငံ၊ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပလျက်ရှိသည့် ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့အဖြစ် မကွေးမြို့ကို ရွေးချယ်သတ်မှတ်၍ မြန်မာအမျိုးသားပြခန်းဆောင်တွင် ခင်းကျင်းပြသထားကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ မကွေးမြို့ကို ခင်းကျင်းပြသထားရှိသည့် မြန်မာအမျိုးသားပြခန်းဆောင်ဖွင့်ပွဲကို စက်တင်ဘာ ၂၀ ရက်က ဒုတိယသမ္မတ ဦးမြင့်ဆွေကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့်အပြင် ယင်းပြခန်းဆောင်နှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပါဝင်ပြသသည့် မြန်မာနိုင်ငံကိုယ်စားပြု ကုန်စည်ပြခန်း များကိုလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၆၀၀ ခန့်တို့က အမေရိကန်ဒေါ်လာ ၁ဒသမ၉၃၇ သန်း တန်ဖိုးရှိ မြန်မာ့ကော်ဖီနှင့် လက်ဖက်ထွက်ကုန်ပစ္စည်းများ၊ မြန်မာ့လက်မှုပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ သစ်သီးဝလံများ၊ မြန်မာ့တိုင်းရင်းဆေးများအပါအဝင် ပြခန်း စုစုပေါင်း ၁၆၉ ခန်း ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top