စီးပွားရေးတစ်ခု စတင် လုပ်ကိုင်တော့မယ်ဆိုရင်

picture-of-busy-man-using-calculator-in-office-ECBU7LY.jpg

စီးပွားရေး…… ပြောတော့ လွယ်ပေမဲ့ တကယ်လုပ်ကြည့်ရင် အခက်အခဲတွေ တွေ့ကြုံရတာ အမှန်ပါ။ စီးပွားရေးလုပ်တော့မယ်ဆိုရင် တစ်ဦးတစ်ယောက်တည်းလုပ်ကိုင်လို့မရပါဘူး။ အသင်းအဖွဲ့နဲ့ ပတ်ဝန်းကျင်ဆက်ဆံရေးကောင်းမွန်ဖို့အတွက် အထူးလိုအပ်ပါတယ်။

အွန်လိုင်းရှော့ပင်းလောက်ကနေစပြီး တခြား စီးပွားရေးလုပ်ငန်းကြီးတွေအထိ အခက်အခဲများစွာ ရှိနေနိင်ပါတယ်။ စတင်လုပ်ကိုင်ချိန်မှာ အောင်မြင်နိင်ချေထက် ကျရှုံးနိင်ချေက ပိုများပါတယ်။ ရှုံးနိမ့်မှုကိုလက်ခံပြီး ဘာတွေ ဘယ်လို လိုအပ်နေသေးလဲဆိုတာကို လေ့လာပြီး နောက်ထပ်တစ်ကြိမ် ပြန်လည်ကြိုးစားသင့်ပါတယ်။ ရှုံးနိမိ့မှုမရှိဘဲ အောင်မြင်မှုရရှိခြင်းဟာ ဘာအနှစ်သာရမှ မရှိပါဘူး။

ဒီနေ့တော့ ရိုးရာလေးပရိသတ်များအတွက် အသေးစားစီးပွားရေးတစ်ခု စတင် လုပ်ကိုင်တော့မယ်ဆိုရင် မဖြစ်မနေ ပြင်ဆင်ထားသင့်တဲ့ အချက်အလက်လေးများကို ဖော်ပြပေးလိုက်ပါတယ်။

အမည်ကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ပါ

သင်လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အမည် (Brand Name)ကို မှန်မှန်ကန်ကန် ရွေးချယ်ပါ။ သင့်တော်မယ့် လိုဂို (Logo)၊ ဒီဇိုင်းများ (Design) ကို ဖန်တီးပါ။ ဒီအရာတွေဟာ သင့်ရဲ့လုပ်ငန်းကို ပထမဆုံး သတိပြုစေမယ့်အရာတွေ ဖြစ်တဲ့အတွက် အထူးဂရုပြုပြီး လုပ်ဆောင်သင့်ပါတယ်။

တတ်ကျွမ်းနားလည်သူတွေကို မေးမြန်းပါ

သင်က အခုမှ စီပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်မှာဆိုရင် စီးပွားရေးလောကထဲက တတ်ကျွမ်း နားလည်သူများကို ဦးစွာမေးမြန်းပါ။ ထင်မြင်ယူဆချက်များကို လက်ခံပြီး အကောင်းဆုံး နည်းလမ်းတွေကို ရွေးချယ်ပါ။

အသုံးပြုမယ့် အခြေခံပစ္စည်းတွေကိုရွေးချယ်ပါ

ထုတ်လုပ်မယ့် ကုန်ပစ္စည်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ရွေးချယ်ရာမှာ အရည်အသွေးကို အဓိကထားပြီး ရွေးချယ်ပါ။

အချိန်တစ်ခုသတ်မှတ်ထားပါ

သင်လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းအတွက် အချိန်ဘယ်လောက်အတွင်း ဘယ်လောက်ထိ တိုးတက်မှုရှိမလဲ ဆိုတာကို သတ်မှတ်ထားပေးပါ။ ဒါမှသာ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို သတိပြုနိုင်ပြီး ပြန်လည်ပြင်ဆင်တဲ့အခါမှာလည်း ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

ပြိုင်ဘက်တွေကို ဂရုပြုပါ

သင့်စီးပွားရေးလုပ်ငန်းနဲ့ လုပ်ငန်းတူ ပြိုင်ဘက်များရဲ့ ဈေးနှုန်း၊ နည်းလမ်း၊ လှုပ်ရှားမှုတွေကို အစဉ်မပြတ် လေ့လာပါ။ သုံးသပ်ပါ။ လိုအပ်ရင် ပညာယူပြီး သင့်ရဲ့ လုပ်ငန်း အခုထက်ပိုပြီး တိုးတက်အောင်မြင်စေဖို့ တွေးတော ကြံဆပါ။

အရည်အသွေးကို ထိန်းထားပါ

သင်ထုတ်လုပ်တဲ့ ပစ္စည်းရဲ့ အရည်အသွေး၊ သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ လုပ်ဆောင်မှုတို့ကို ထိန်းထားပါ။ ဒီလိုပြုမူခြင်းက သင့်လုပ်ငန်း ရေရှည် တည်တံစေဖို့အတွက် အခြေနေကောင်း တစ်ရပ်ကို ပိုင်ဆိုင်စေနိုင်ပါတယ်။

အချိန်ကာလအလိုက် ဖန်တီးတတ်ပါစေ

အချိန်ကာလ ပျော်ပွဲရွှင်ပွဲများအလိုက် သင့်ထုတ်ကုန်ပစ္စည်းများကို ဆန်းသစ် တီထွင်သင့်ပါတယ်။ အချိန်ကာလအလိုက် ဆန်းသစ် တီထွင်ခြင်းဟာ သင့်ရဲ့စီးပွားရေးကို အချိန်တိုအတွင်း အလျင်အမြန် အောင်မြင်လာစေမှာပါ။

လူမှုကွန်ယက်ကို အသုံးချခြင်း

အင်တာနက်ကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ် (Facebook)၊ ဝက်ဆိုက်ဒ် (Website)များမှာ သင့်ရဲ့လုပ်ငန်းကို လူသိအောင် ကြေငြာပါ။ လူများများသိလေ သင် ပိုအောင်မြင်လေ ဖြစ်တာကြောင့် Boosting Service တွေထံ အပ်နှံပြီး သင့်လုပ်ငန်းပေ့ဂ်ျ (page)ကို လူသိများအောင် လုပ်ဆောင်ပါ။

အတွေးအခေါ် အယူအဆတွေ ဆန်းသစ်နေပါစေ

သမရိုးကျနည်းလမ်းတွေပဲ အသုံးပြုခြင်းထက် ဆန်းသစ်တဲ့နည်းလမ်းတွေ အသုံးပြုခြင်းက သင့်လုပ်ငန်းကို ပိုပြီးတွင်ကျယ်လာစေမှာပါ။ သင်ကိုယ်တိုင် အသုံးပြုသူ တစ်ယောက်အနေနဲ့ မှတ်ယူပြီး ဘယ်လိုမျိုး အရည်အသွေး၊ ဘယ်လိုမျိုး ဝန်ဆောင်မှုများက ပိုပြီး ဆွဲဆောင်မှု ပိုဖြစ်စေမလဲ ဆိုတာကို လေ့လာသုံးသပ်ပြီး ဖန်တီးပါ။

အခုဖော်ပြထားတဲ့ အချက်တွေကတော့ အသေးစား စီပွားရေးပဲဖြစ်ဖြစ်၊ စီပွားရေးလုပ်ငန်းကြီးပဲဖြစ်ဖြစ် မဖြစ်မနေ ချမှတ်ထားသင့်ပြီး လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အသေးစားမှသည် အလတ်စား၊ အလတ်စားမှသည် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များအထိ တိုးတက်အောင်မြင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top