အိုင်ဒီကတ်အစားထိုး မိုက်ခရိုချစ်ပ်များ

33136423_2112822258972723_2336224504059002880_n.jpg

ဆွီဒင်လူမျိုးထောင်ကျော်ဟာ သူတို့ခန္ဓာကိုယ်တွင်းမှာ မိုက်ခရိုချစ်ပ်တွေကို မြုပ်နှံထားကြတယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ထားရင် သော့တွေ၊ အိုင်ဒီကတ်ပြားတွေ၊ ရထားလက်မှတ်တွေ တကူးတကသယ်စရာ လိုမနေတော့ပါဘူး။

Agence France-Presse(AFP) ခေါ် ပြင်သစ်အခြေစိုက်သတင်းဌာနရဲ့ ဖော်ပြချက်အရ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဆွီဒင်လူဦးရေ သုံးထောင်လောက်ဟာ ဆန်စေ့တစ်စေ့အရွယ်ပမာဏလောက် သေးငယ်တဲ့ မိုက်ခရိုချစ်ပ်တွေကို သူတို့ရဲ့အရေပြားအောက်မှာ မြုပ်နှံထည့်သွင်းခဲ့ကြပါတယ်။ ဒီနည်းပညာကို ၂၀၁၅ခုနှစ်မှာ ပထမဆုံး စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ချစ်ပ်တွေက ထည့်သွင်းထားသူရဲ့ နေ့စဉ်လိုအပ်ချက်ကို ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

အသက် ၂၈နှစ်အရွယ် အာလ်ရီကာ ဆဲလ်စင်း(Ulrika Celsing) ရဲ့လက်ထဲမှာ ထည့်သွင်းထားတဲ့ မိုက်ခရိုချစ်ပ်က သူ့ရဲ့ gym ကတ်၊ ရုံးသော့တွေအဖြစ် လုပ်ဆောင်ပေးပါတယ်။ သူအလုပ်သွားတဲ့အခါ လက်ကို ဝှေ့ယမ်းလိုက်ရုံနဲ့ တံခါးဖွင့်နိုင်တယ်လို့ AFP က ပြောကြားထားပါတယ်။ မနှစ်က SJ ရထားလိုင်းက ရထားစီးနှင်နေချိန်မှာ ခရီးသည်တွေရဲ့လက်မှာရှိတဲ့ ချစ်ပ်တွေကို စကန်ဖတ်ပြီး ယာဉ်စီးခ ကောက်ခံခဲ့တယ်လို့လည်း သိရပါတယ်။

A slight stingဒီနည်းကတော့ ဆေးထိုးခံရသလိုမျိုး လူရဲ့လက်ကို ဆေးထိုးပြွန်မှတစ်ဆင့် ချစ်ပ်ကို ထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။ အာလ်ရီကာ က သူ့ရဲ့အလုပ်က ပြုလုပ်တဲ့ပွဲတစ်ခုမှာ ချစ်ပ်ထိုးသွင်းခံခဲ့ပြီး ထိုးလိုက်တဲ့ချိန် တစ်ချက်ပဲ နာကျင်မှုကို သိလိုက်ပါတယ်၊ တကယ်ကို ခဏလေးပါဆိုပြီး AFP ကို ပြောပြပါတယ်။ သို့ပေမယ့်လည်း မြုပ်နှံခံထားရတဲ့ ချစ်ပ်တွေက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အကျိုးသက်ရောက်မှု ရှိပါတယ်လို့ အဏုဇီဝပညာရှင် ဘန် လစ်ဘာတန်(Ben Libberton) က AFP ကို ပြောခဲ့ပါတယ်။

The rise of biohackingလွန်ခဲ့တဲ့ လေးနှစ်လောက်ထဲက ဆွီဒင်အဖွဲ့ Bionyfiken က လူတွေရဲ့လက်တွေမှာ ချစ်ပ်တွေ စတင်မြုပ်နှံဖို့ စီစဉ်ခဲ့ကြပါတယ်။ Wisconsinမှာရှိတဲ့ Vending machine ကုမ္ပဏီ Three Square Market ရဲ့ ဝန်ထမ်းအယောက် ၅၀ က သူတို့ရဲ့လက်တွေမှာ ချစ်ပ်တွေ ထည့်သွင်းဖို့ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဒီလိုထည့်သွင်းထားတာကြောင့် အစားအစာ ဝယ်ယူတာ၊ ကွန်ပျူတာ အသုံးပြုတာ၊ မိတ္ထူကူးတာ အစရှိတာတွေကို အလွယ်တကူ လုပ်နိုင်သွားမှာပါ။

ဆွီဒင်လူမျိုးတွေက တခြားသူတွေထက် နည်းပညာအသစ်တွေ စမ်းကြည့်ချင်စိတ် ရှိကြပါတယ်။ နိုင်ငံရဲ့လူဦးရေ ၁ဝမီလီယမ်က နိုင်ငံရဲ့ လုံခြုံရေးစနစ်မှာ မှတ်တမ်းတင်ထားပြီးသား သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း မျှဝေချင်စိတ် ရှိကြပါတယ်။ မိုက်ခရိုချစ်ပ်နည်းပညာက ဖောက်ထွင်းဖို့ ခက်ခဲတယ်ဆိုတာ တော်တော်များများက မယုံကြည်ကြပါဘူး။ မိုက်ခရိုချစ်ပ်တွေကနေ စုဆောင်းထားတဲ့အချက်အလက်တွေက အခြားသူက စောင့်ကြည့်ခိုးယူဖို့အတွက် ခက်ခဲတယ်ဆိုပြီး အဏုဇီဝပညာရှင် ဘန် က ပြောကြားထားပါတယ်။

Bionyfiken ကိုတည်ထောင်သူ ဟန်းနက်စ် ယိုဘလတ်ဒ် (Hannes Sjöblad) က ၂၀၁၅ခုနှစ်က Tech Insiderကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“လူခန္ဓာကိုယ်က သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ ထိုခန္ဓာကိုယ်ထဲ မြုပ်နှံထားတဲ့အရာကလည်း အစိတ်အပိုင်းတစ်ခုပါပဲ။”

“ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဝတ်ဆင်လို့ရတဲ့ နည်းပညာပစ္စည်းတွေနဲ့ တိုးတက်အောင် ပြုလုပ်နေကြပါပြီ။ ဒါပေမယ့် ဒီနေ့ခေတ် ကျွန်တော်တို့ဝတ်ဆင်နေတဲ့ပစ္စည်းတွေ က နောင် ၅နှစ်ကနေ ၁၀နှစ်အတွင်း ခန္ဓာကိုယ်တွင်း မြုပ်နှံလို့ရလာပါလိမ့်မယ်။”

“ဘယ်သူကများ လက်သည်းထဲ ထည့်လိုက်လို့ရတဲ့အရာကို ကိုးရိုးကားရားနဲ့ အပြင်မှာ ကိုင်ထား၊ဝတ်ထားတော့မှာလဲ။ ဒါဟာ ကြီးမားတဲ့ပြောင်းလဲမှုရဲ့အစပဲလို့ ကျွန်တော်ထင်တယ်” ဆိုပြီး ပြောကြားထားတာကို တင်ပြရင်း…..

Ref : NewsRepublic “Swedish people embed microchips under skin to replace ID cards”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top