ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စုရုံးရောက်ရှိနေတဲ့ ထိုင်းပြည်သူ ရာချီဟာ ၂၀၁ဝခုနှစ်ကဖြစ်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ထိုင်းစစ်တပ်က ရက်စက်စွာဖြိုခွင်းမှု နှစ်ပတ်လည်နေ့မှာပဲ ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ်ကဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း ထိုင်းစစ်တပ်က ဖြိုခွင်းမှုကြောင့် ပြည်သူ ၉၁ ဦးသေဆုံးကာ ရာချီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ မေလ ၂၀၁၄ ခုနှစ်မေလ စစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မတိုင်ခင် ရက်ပိုင်းမှာပဲ ထိုင်းပြည်သူတွေ ဘန်ကောက်မြို့မှာ စုရုံးရောက်ရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်း စစ်တပ်က ၂၀၁၄ ခုနှစ်တုန်းက စစ်အာဏာသိမ်းရတာက နိုင်ငံ အမိန့်အာဏာကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့က ထိုင်းဘန်ကောက်မြို့မှာ စုံရုံးရောက်ရှိနေခဲ့တဲ့ ပြည်သူတွေဟာ ဖယောင်းတိုင်တွေထွန်းညီခဲ့သလို အဓိက လမ်းတွေမှာလည်း ပန်းတွေချထားခဲ့တယ်လို့ သိရပါတယ်။

Protesters gather in front of a department store to mark the anniversary of a deadly army crackdown on an anti-government protest in 2010, in central Bangkok, Thailand May 19, 2018. REUTERS/Panu Wongcha-um
အဲဒီ ဆန္ဒပြပွဲတွေအတွင်း ရှပ်နီ အုပ်စုလို့ လူသိများတဲ့ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီတပ်ဦးအဖွဲ့ဝင် ၂၀၀ ကျော် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ဒီနေရာမှာ ပြည်သူတွေ အသတ်ခံရတယ်လို့ ကြွေးကြော်အော်ဟစ်ခဲ့တဲ့အပြင် ၂၀၁ဝခုနှစ်က ဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူ၊ ဖြိုခွင်းခံရသူတွေ နဲ့ ပတ်သက်လို့ ဘယ်အုပ်စု၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ စွဲချက်တင် အပြစ်ပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။ ရှပ်နီအဖွဲ့ရဲ့တက်ကြွလှုပ်ရှားသူတစ်သီးဖြစ်တဲ့ ဆန်ဘတ် ဘွန်ဂါမာနောင်က ၂၀၁၀ ခုနှစ်ကဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ဖြိုခွင်းခံရသူတွေနဲ့ ပတ်သက်လို့ အမှန်တရားကို မရရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းခံရမှုကြောင့် ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်ခံနေရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံဟာ နောက်ကြောင်းပြန် သွားနေတယ်လို့လည်း တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောခဲ့ပါသေးတယ်။
Ref: thaivisa Hundreds in Bangkok mark anniversary of army crackdown
Kaung Htet Ngwe (ရိုးရာလေး)