သွားတိုက်ခြင်းနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက်များ

siblings-brushing.jpg

ခန္ဓာကိုယ်ကျန်းမာရေးက လူတစ်ဦးတစ်ယောက်အတွက် အလွန်အရေးကြီးသလို သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း အလားတူ အရေးကြီးပါတယ်။

သင်ရဲ့သွားများကို မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ အိပ်ယာမဝင်မီတစ်ကြိမ် သွားတိုက်ပေးခြင်း၊ သွားတစ်ခုနဲ့ တစ်ခုကြားအတွင်းက အစာအကြွင်းအကျန်များ ကုန်စင်အောင်သန့်ရှင်းခြင်း စတဲ့ အပြုအမူအလေ့အထတွေကို ပြုလုပ်ပေးမယ်ဆိုရင် သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးပြီး ကျန်းမာကြံခိုင်တဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ကျန်းမာကြံခိုင်တဲ့ သွားတွေ ပိုင်ဆိုင်နိုင်ဖို့ သွားတိုက်ခြင်းနဲ့ ပတ်သတ်ပြီး အမှန်ကန်ဆုံး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အစာစားပြီးပြီးချင်းသွားတိုက်ခြင်းအစာစားပြီးပြီးချင်း သွားတိုက်ခြင်းက မှားယွင်းတဲ့ အသိတစ်ခုပဲဖြစ်ပါတယ်။ ထမင်းစားပြီး မိနစ် (၃၀)လောက်ကြာပြီးမှသာ သွားတိုက်သင့်ပါတယ်။

သွားပွတ်တံကောင်းကောင်းကို ရွေးချယ်အသုံးပြုပါကျန်းမာကြံခိုင်တဲ့သွားတွေ ပိုင်ဆိုင်နိုင်ဖို့ အရည်အသွေးကောင်းမွန်တဲ့ သွားပွတ်တံကို အသုံးပြုသင့်ပါတယ်။ သွားပွတ်တံက သင်ရဲ့ခံတွင်းထက်ကြီးနေရင် သွားအားလုံးကို သန်ရှင်းဖို့အတွက် ခက်ခဲစေနိုင်တာကြောင့် သင့်ခံတွင်းနဲ့ သင့်တော်မယ့် အရွယ်အစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

တစ်နေ့(၃)ကြိမ် သွားတိုက်ပါတစ်နေ့(၂)ကြိမ်တိုက်ရင် လုံလောက်သော်လည်းပဲ သွားနဲ့ ခံတွင်းပညာရှင်များက မနက်၊ နေ့လယ်၊ အိပ်ယာမဝင်မီ ဆိုပြီး (၃)ကြိမ်တိုက်သင့်တယ်လို့ အကြံဥာဏ်ပေးထားပါတယ်။

တစ်နေရာတည်းကိုသာ တိုက်ခြင်းနဲ့ ကြမ်းတမ်းစွာတိုက်ခြင်းတို့ကို ရှောင်ကြည်ပါသွားတိုက်ရာမှာ တစ်နေရာထဲကိုသာ မတိုက်ဘဲ သွားအားလုံးကို သတိထားပြီး တိုက်ပေးသင့်ပါတယ်။ သွားတွေ ဖြူဖွေးစေဖို့ အားစိုက်တိုက်ခြင်း၊ ဖိတိုက်ခြင်းတို့က သွားအပြင်ဘက် ကြွေအလွှာကို ပျက်စီးစေရုံကလွဲပြီး ဘာအကျိုးမှမရှိပါဘူး။ နေရာစုံအောင် ဖြေးဖြေးနဲ့ မှန်မှန်သာ စနစ်တကျ တိုက်ပေးသင့်ပါတယ်။

သွားတိုက်ချိန် အနည်းဆုံး (၂) မိနစ် တိုက်ပေးပါ(၂) မိနစ်ထက်နည်းရင် စားကြွင်းစားကျန်များမစင်ဘဲ ကျန်ရှိတတ်တဲ့အတွက်ကြောင့် ကျွမ်းကျင်ပညာရှင်တွေက သွားတိုက်ရာမှာ လုံလောက်တဲ့ အချိန်တစ်ခုပေးရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

အံသွားများကို ဂရုတစိုက်တိုက်ပေးပါအံသွားတွေက အစားအစာ ကြေညက်စေဖို့ အဓိကလုပ်ဆောင်ပေးတာပါ။ ဒါကြောင့် သွားနာခြင်း၊ သွားပိုးစားခြင်း စတဲ့ပြသာနာတေါကလည်း အံသွားများမှာ အဓိက အဖြစ်များလေ့ရှိပါတယ်။ ဒါကြောင့်သွားတိုက်ရာမှာ အံသွားတွေကို အခြားသွားတွေထက်ပိုပြီး သတိထား သန့်ရှင်းပေးဖို့ လိုအပ်တာဖြစ်ပါတယ်။

သွားပွတ်ကြိုးအသုံးပြုပြီး သွားတစ်ခုနဲ့တစ်ခုကြား သန့်ရှင်းခြင်းဒီနည်းလမ်းကလည်း သွားကို သန့်ရှင်းရေးပြုလုပ်ရာမှာ အထောက်အကူများစွာ ဖြစ်စေပါတယ်။ သွားပွတ်တံမရောက်နိင်တဲ့ နေရာတွေက အစာအကြွင်းအကျန်များကို ဖယ်ရှားပေးနိင်ပြီး သွားအခြေမှာကပ်နေတဲ့ သွားချေးတွေကိုလည်း သွားပွတ်ကြိုးကို အသုံးပြုပြီး သန့်ရှင်းနိုင်ပါတယ်။

သွားဆရာဝန်ထံ ပုံမှန် သွားရောက်စစ်ဆေးခြင်းအများအားဖြင့် သွားနာခြင်း၊ သွားကိုက်ခြင်း၊ ခံတွင်းပြဿနာတစ်ခုခု ဖြစ်မှသာ သွားဆရာဝန်ထံ သွားလေ့ရှိတတ်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ ၆ လ ကို ၁ ခါလောက် သွားဆရာဝန်ထံ ပုံမှန်သွားရောက်ပြီး စစ်ဆေးသင့်တယ်လို့ အကြံပြုထားပါတယ်။။ ဒါမှသာ သွားချေးကျောက်တွေကို ဖယ်ရှားနိုင်ပြီး ခံတွင်းပြဿနာတစ်စုံတစ်ရာဖြစ်လာရင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: ” The way you brush your teeth is wrong and you didn’t know about it “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top