ဆိုင်မှာပစ္စည်းလာခိုးတဲ့သူခိုးအတွက် 7-Eleven ဆိုင်ပိုင်ရှင်ရဲ့ထူးခြားတဲ့အပြုအမူ

58372763_388175008699695_8081850663941701632_n.jpg

ဆိုင်ရ် စတိုးဆိုင်ထဲရောက်လာတဲ့အချိန်မှာ အဲဒီကောင်လေးက ပစ္စည်းတချို့ကို ကောင်တာပေါ်တင်ပြီး ငွေတောင်ရှင်းနေပါပြီ

ဆိုင်ထဲသူခိုးဝင်နေတယ်လို့ ဝန်ထမ်းတွေက သူဌေး ဂျီတန်ဒရာ ဆိုင်ရ် (Jitendra Singh) ကိုအသိပေးလာတဲ့အချိန်မှာတော့ ဆိုင်ရ်က ဆိုင်ရဲ့အနောက်ဘက်က ကုန်သိုလှောင်ခန်းထဲမှာ ရှိနေတာဖြစ်ပါတယ်။

(CCTV) ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦးက ပီကေနဲ့ သကြားလုံးတွေကို သူ့ရဲ့အိတ်ကပ်ထဲ ထိုးထည့်ပြီးခိုးယူနေတာ တွေ့လိုက်ရပါတယ်

ဝန်ထမ်းတွေရဲ့အသိပေးချက်ကြောင့် ဆိုင်ရ်တစ်ယောက် စောင့်ကြည့်ကင်မရာ (CCTV) ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦးက ပီကေနဲ့ သကြားလုံးတွေကို သူ့ရဲ့အိတ်ကပ်ထဲ ထိုးထည့်ပြီးခိုးယူနေတာ တွေ့လိုက်ရပါတယ်။ ဆိုင်ရ် စတိုးဆိုင်ထဲရောက်လာတဲ့အချိန်မှာ အဲဒီကောင်လေးက ပစ္စည်းတချို့ကို ကောင်တာပေါ်တင်ပြီး ငွေတောင်ရှင်းနေပါပြီ။

ဆိုင်ရ် စတိုးဆိုင်ထဲရောက်လာတဲ့အချိန်မှာ အဲဒီကောင်လေးက ပစ္စည်းတချို့ကို ကောင်တာပေါ်တင်ပြီး ငွေတောင်ရှင်းနေပါပြီ

ဝန်ထမ်းတစ်ယောက်က (911) ကို ဖုန်းတောင်ခေါ်နေပါပြီ။ ကျွန်တော်ကပဲ မဆက်နေနဲ့တော့လို့ ပြောလိုက်တာလို့ CNN ကို 7-Eleven ဆိုင်ပိုင်ရှင် ဆိုရ်က ပြောပြခဲ့ပါတယ်

“မင်းအိတ်ကပ်ထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးထုတ်လိုက်ပါ လို့ ကျွန်တော်သူ့ကိုပြောတော့ သူကအကုန်မထုတ်ပေးပါဘူး။ ဒါနဲ့ပဲ မင်းအကုန်ထုတ်မလား။ ရဲလက်အပ်ရမလားလို့ မေးတော့မှ ထုတ်ပေးတာပါ။ ဘာလို့ ဒီလိုခိုးရတာလဲဆက်မေးတော့ သူ့ညီလေးဗိုက်ဆာနေလို့ ခိုးရတာပါလို့ဖြေတယ်။ အဲဒီအချိန် ကျွန်တော့်ဝန်ထမ်းတစ်ယောက်က (911) ကို ဖုန်းတောင်ခေါ်နေပါပြီ။ ကျွန်တော်ကပဲ မဆက်နေနဲ့တော့လို့ ပြောလိုက်တာ” လို့ CNN ကို 7-Eleven ဆိုင်ပိုင်ရှင် ဆိုရ်က ပြောပြခဲ့ပါတယ်။

မှုခင်းမှတ်တမ်းမှာ နာမည်ပျက်ရှိသွားခဲ့ရင် ဒီကလေးနောင်ရေးအတွက် မကောင်းတော့ဘူးလေ။ လူတစ်ယောက်ရဲ့ဘဝကို ကျွန်တော်မဖျက်ဆီးပစ်ချင်ပါဘူး လို့ ဆိုရ်က ကရုဏာစကားပြောခဲ့ပါသေးတယ်

ဆက်ပြီး “ဗိုက်ဆာရင် ကျွန်တော့်ဆိုင်မှာရောင်းနေတဲ့ Pizza တွေ၊ Sandwich တွေအပြင် နေ့လယ်စာအတွက်သင့်တော်မယ့် တခြားအေရသာရှိတဲ့အစားအသောက်တွေ အများကြီးရှိပါတယ်။ သူခိုးသွားတဲ့ သကြားလုံးတွေ ပီကေတွေဆိုတာက ဝါးရုံလောက်ပဲရမှာလေ ဗိုက်မပြည့်နိုင်ပါဘူး” လို့ ပြောပြပြီး အဲဒီကောင်လေးကို မုန့်တွေပေးပြီးပြန်လွှတ်လိုက်တယ်လို့ ဆိုခဲ့ပါတယ်။

“ဒီကောင်လေးက မုန့်တွေကိုခိုးပြီး ပြန်ရောင်းမယ့်သူမျိုးမဟုတ်တာ ကျွန်တော်သိတယ်။ မိသားစုအတွက် အရဲစွန့် အနစ်နာခံပြီး ရှာကျွေးဖို့ကြိုးစားနေတဲ့သူတစ်ယောက်ကို ကျွန်တော် ရဲလက်မအပ်ချင်ပါဘူး။ နောက်ထပ် ကောင်းရာကောင်းကြောင်းအလုပ်တွေလုပ်ဖို့ အများကြီးရှိနေသေးတာမို့ မှုခင်းမှတ်တမ်းမှာ နာမည်ပျက်ရှိသွားခဲ့ရင် ဒီကလေးနောင်ရေးအတွက် မကောင်းတော့ဘူးလေ။ လူတစ်ယောက်ရဲ့ဘဝကို ကျွန်တော်မဖျက်ဆီးပစ်ချင်ပါဘူး” လို့ ဆိုရ်က ကရုဏာစကားပြောခဲ့ပါသေးတယ်။

ဒီအဖြစ်အပျက်ကိုကြည့်ပြီး ကျွန်တော်တို့တွေအနေနဲ့လည်း ပြဿနာတစ်ခုကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ကိုယ့်ဘက်ကိုချည်းမကြည့်ဘဲ တစ်ဘက်လူက ဘယ်လိုအခက်အခဲကြုံနေရတယ်၊ ဘယ်လိုအခြေအနေမျိုးမှာရှိနေတယ်ဆိုတာ နည်းနည်းလောက် ခံစားနားလည်ပေးလိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဘက်အကျိုးရှိစေတဲ့အဖြေမျိုးကို ရရှိနိုင်မှာသေချာပါတယ်။

Ref: CNN “A 7-Eleven owner caught a hungry teen shoplifting. Instead of calling the police, he gave him food”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top