သင်ဟာ ခဏခဏ အအေးမိတတ်သူတစ်ယောက်လား

yyl-007-7.jpg

ရာသီဥတု အပြောင်းအလဲဖြစ်လာတာနဲ့ အအေးမိခြင်းနဲ့ဖျားနာခြင်းတွေ အဖြစ်များတတ်ကြပါတယ်။ ဒါပေမဲ့ သင်ဟာ ခဏခဏ အအေးမိနေတဲ့သူလား။ ဘာကြောင့် အဲဒီလိုခဏခဏဖြစ်ရတာ လဲဆိုတာကတော့ စဉ်းစားစရာပါပဲ။ အဲဒီအတွက် အကြောင်းအရင်းကိုသိချင်ရင် အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ကြပါနော်။

လက်မဆေးခြင်း

အဖြစ်များတဲ့အအေးမိခြင်းတွေက လူတစ်ယောက်ကနေ အခြားတစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ ဥပမာ သင့်လက်က ဘတ်တီးရီးယားတွေဟာ စားပွဲကိုရောက်ပြီး အဲဒီစားပွဲကို တစ်စုံတစ်ယောက်က ထိလိုက်တာနဲ့သူ့ရဲ့ လက်ကိုရောက်သွားတတ်ပါတယ်။ Disease Control and Prevention စင်တာအရ လက်ဆေးခြင်းက အနည်းဆုံး စက္ကန့်နှစ်ဆယ်ဖြစ်သင့်ပြီး လူတွေက အစာ မစားခင်၊ အစာ စားပြီးနောက်၊ သန့်စင်ခန်းအသုံးပြုပြီးနောက်၊ ဖျားနာတဲ့တစ်စုံတစ်ယောက်ကို ဂရုစိုက်ပြုစုပြီးနောက်၊ ညစ်ပတ်တဲ့အရာတစ်ခုခုကို ကိုင်မိတဲ့အခါမျိုးတွေမှာ သူတို့ရဲ့လက်တွေကို ဆေးသင့်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ်အားနည်းခြင်း

ကိုယ်ခံစွမ်းအားစနစ် အားနည်းတဲ့သူတွေက မကြာခဏ ဖျားနာတတ်ကြပါတယ်။ ကိုယ်ခံအားစနစ်အားနည်းရင် ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပြီး အအေးမိဖျားနားခြင်းကို ခံစားကြရပါတယ်။

ရေဓာတ်ကုန်ခန်းခြင်း

ရေဓာတ်ကုန်ခန်းခြင်းက တစ်စုံတစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေပြီး ဖျားနာခြင်းတွေ ဖြစ်လာစေပါတယ်။ ကိုယ့်ကိုယ်ကို ရေဓာတ်ဖြည့်ပေးခြင်းက ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာလာစေဖို့အတွက် အလွယ်ကူဆုံးနည်းဖြစ်ပါတယ်။

ပိတ်လှောင်နေတဲ့နေရာမှာ နေထိုင်ခြင်း

ကျွန်တော်တို့တွေက အိမ်ထဲမှာ အများဆုံးနေဖြစ်ကြပါတယ်။ ချောင်းဆိုးတာ၊ နှာချေတာတွေကနေတဆင့် ကျွန်တော်တို့မှာရှိတဲ့ ရောဂါပိုးမွှားတွေကို အချင်းချင်းပေးနေကြပါတယ်။ အဲဒီလိုဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းကတော့ လေကောင်းလေသန့်ရရှိဖို့နဲ့ လေဝင်လေထွက် ကောင်းဖို့အတွက် အိမ်ရဲ့ တံခါးပေါက်တွေကို ဖွင့်ထားပေးသင့်ပါတယ်။

မျက်နှာကို ထိမိခြင်း

သင့်ခန္ဓာကိုယ်မှာ ရောဂါပိုးမွှားရရှိဖို့ အလွယ်ကူဆုံးအရာက သင်ရဲ့လက်တွေကတဆင့် ဖြစ်ပါတယ်။ လက်တွေကို မကြာခဏ မဆေးပေးတဲ့အတွက် သင့်လက်တွေမှာ ရောဂါပိုးမွှားတွေရှိလာရင် သင့်မျက်နှာကို လက်တွေနဲ့ထိတာက သင့်ပါးစပ်ထဲကို ရောဂါပိုးမွှားတွေ ဝင်ရောက်သွားစေနိုင်ပါတယ်။

အလဂျစ်ရှိခြင်း

အလဂျစ်ဖြစ်တတ်တဲ့သူကလည်း အအေးမိဖျားနာခြင်းကို ခံစားနိုင်ပါတယ်။ ဒါ့အပြင် အဲဒီလိုလူတွေက အနှေးနဲ့အမြန်ပဲ အအေးမိတဲ့လက္ခဏာရပ်တွေဖြစ်လာနိုင်ပါတယ်။ ရက်တော်တော်ကြာတဲ့အထိ အအေးမိတာမသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်နော်။

Ref: 6 reasons you are catching cold every now and then

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top