မြင်ဖူးနေကျ မဟုတ်တဲ့ ထူးထူးခြားခြား ပုံစံအသစ်နဲ့ထွက်ရှိလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲအသစ်

tale-of-nokdu.jpg

ကိုရီးယားနန်းတွင်းကားကို ဇာတ်လမ်းပုံစံအသစ်အဆန်းနဲ့ ကြည့်ချင်တဲ့ ပရိတ်သတ်တွေအတွက် မကြာသေးခင်ကမှ အသစ်ထွက်ရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Tale of Nokdu ဖြစ်ပြီး သူက ပရိတ်သတ်တွေ အရင်မြင်ဖူးနေကျ ဇာတ်ကားတွေနဲ့ လုံးဝမတူဘဲ လက်ရှိမှာလည်း ကိုရီးယားမှာ လူကြိုက်များနေတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားချောလေး Nokdu က သူ့အဖေကို သတ်သွားတဲ့ လူသတ်သမားကို ရှာဖွေရင်း အမျိုးသမီးများသာ ဝင်ခွင့်ရှိတဲ့ ရွာတစ်ခုထဲကို မိန်းကလေးယောင်ဆောင်ပြီး လိုက်ဝင်သွားတဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပါ။

ပုံမှန် ဇာတ်လမ်းတွဲတွေထဲမှာဆိုရင် မိန်းကလေးက ယောင်္ကျားလေးယောင်ဆောင်ပြီး နန်းဆောင်ထဲဝင်တာမျိုး တွေ့ရတတ်ပေမယ့် ဒီဇာတ်လမ်းတွဲထဲမှာတော့ ပြောင်းပြန်အနေနဲ့ ထူးထူးခြားခြားလေး မြင်ရမှာပါ။ နောက်ထပ် ထူးခြားတာတစ်ခုက မိန်းကလေးယောင်ဆောင်တဲ့ Nokdu က မင်းသမီး Eun Seo ကိုတောင် သမီးအဖြစ်နဲ့ မွေးစားလိုက်ပါသေးတယ်။ ဒီဇာတ်ကားထဲမှာ Nokdu ကို မိန်းကလေးနဲ့တူအောင် မိတ်ကပ်တွေနဲ့ အထူးတလည် ပြင်ဆင်ထားခြင်းမရှိဘဲ သဘာဝအတိုင်း မိန်းကလေးနဲ့တူအောင်၊ ချစ်စရာကောင်းအောင် ရိုက်ပြထားနိုင်တဲ့အတွက် ပရိတ်သတ်တွေ လုံးဝကို အကြိုက်တွေ့ကြမှာပါ။

Tale of Nokdu က လတ်တလောကမှ ကိုရီးယားမှာ အသစ်ထွက်ရှိထားပြီး ပရိတ်သတ် စိတ်ဝင်စားမှု ရရှိနေတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ ဒီလို ထူးခြားသစ်လွင်တဲ့ ဇာတ်လမ်းကောင်းလေးကို Viu လို Appမှာ အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်တာဖြစ်လို့ ကိုရီးယားကားချစ် ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top