အဆုတ်တစ်ဖက်တည်းနဲ့ မွေးဖွားလာပြီး အသက်ရှင်ဖို့ ၂၀ ရာခိုင်နှုန်းပဲရှိခဲ့တဲ့ ကလေးလေး မိသားစုနဲ့အတူ ပြန်နေခွင့်ရပြီ

19-8-2022-yyl-02.jpg

ချားလော့

ကယ်လီဖိုးနီးယားပြည်နယ်က ခါလာနဲ့ ဂျိုရှုအာ ဗယ်လီယာတို့စုံတွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမီးအမြွှာလေး ချားလော့နဲ့ အိုလီဗီယာတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အမြွှာကလေးတွေထဲမှာ အိုလီဗီယာက ကျန်းမာပေမဲ့ ချားလေကတော့ မွေးလာကတည်းက အဆုတ်တစ်ဖက်တည်း ပါလာခဲ့တာပါ။ အဲဒီတုန်းကတော့ ချားလော့က ဘာပြဿနာမှမရှိခဲ့ပေမဲ့ အခုနှစ် ဇန်နဝါရီလမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာနဲ့ Rady Children Hospital ကို တက်ခဲ့ရပါတယ်။

ချားလော့နဲ့ အိုလီဗီယာတို့ မွေးဖွားခဲ့စဉ်


ဗယ်လီယာတို့က သူတို့သမီးလေး ချားလော့ကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဆေးရုံကို ခေါ်သွားခဲ့တာပါ။ ဆေးရုံမှာ ချားလော့ကို ECMO စက် ( ခန္ဓာကိုယ်ထဲက သွားကို စက်ထဲပို့၊ ကာဗွန်ဒိုင်အောက်ဆိုက် ဖယ်ထုတ်၊ အောက်ဆီဂျင်ဖြည့်ပြီး ခန္ဓာကိုယ်ထဲ သွေးပြန်သွင်းပေးတဲ့စက်) နဲ့ ထားခဲ့ရပါတယ်။

ချားလော့ ဆေးရုံတက်တဲ့အချိန်မှာ (၆) ပတ်သားအရွယ်ပဲရှိပါသေးတယ်။ သူ့ကို ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မက်သရူး ဘရစ်ဂါက ကုသပေးခဲ့တာပါ။ နောက်ပိုင်း ချားလော့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်တဲ့ လေပြွန်ကျဉ်းတဲ့ tracheal stenosis နဲ့ Complete tracheal rings ( ကွင်းဆက်ပုံ လေပြွန်ကျဉ်းခြင်း) ကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ဆေးရုံတက်ခဲ့စဉ်

ခွဲစိတ်ကုသမှုလုပ်ဖို့က အဓိကကျပေမဲ့ အဲဒါကို လုပ်ဖို့ ချားလော့ နည်းနည်းကြီးလာဖို့ စောင့်ဆိုင်းခဲ့ရပါတယ်။ ချားလော့နဲ့ အိုလီဗီယာတို့က ရက်သတ္တပတ်အနည်းငယ်စောပြီး မွေးဖွားလာခဲ့လို့ပါ။ အစကတော့ ဆရာဝန်က ချားလော့ရဲ့မိဘတွေကို ခွဲစိတ်ကုသမှုလုပ်ရင် အောင်မြင်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ဆရာဝန်က ခွဲစိတ်မှုအောင်မြင်နိုင်ခြေ ၂၀ ရာခိုင်နှုန်းလောက်ပဲ ထင်ထားခဲ့ပါတယ်။ အသက်ရှင်နိုင်ခြေ နည်းခဲ့ပေမဲ့ ချားလော့ရဲ့ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့ပါတယ်။

ဆေးရုံဆင်းခွင့်ရပြီး သူ့ရဲ့မိသားစုနဲ့ ပြန်ဆုံစည်းခဲ့တဲ့ ချာလော့လေး

လသားအရွယ်လေး ချားလော့က ခွဲစိတ်မှုမျိုးစုံ၊ ကုသမှုများစွာနဲ့ ဆေးရုံမှာ လအတန်အကြာနေထိုင်ခဲ့ရပေမဲ့ကောင်းကောင်းကျော်လွှားနိုင်ခဲ့ပါတယ်။ ချားလော့က ၁၈၅ ရက်ကြာ ဆေးရုံတက်ခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက်နေ့က ဆေးရုံဆင်းခွင့်ရခဲ့ပြီး သူ့မိသားစုနဲ့အတူ ပြန်ဆုံစည်းခွင့်ရခဲ့ပါပြီ။

Ref: ABCNews “Baby girl born with 1 lung and given 20% chance of survival goes home”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply