ပေါ်တိုနောက်ခံလူကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ ချဲလ်ဆီး အပြိုင်လုရဖွယ်ရှိ

25-3-2020-yyl-006.jpg

ချဲလ်ဆီးဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပေါ်တိုခံစစ်မှူး တဲလက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ Diario AS သတင်းဌာနက ဖော်ပြပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အားဖြည့်မှုတွေလုပ်ဖို့ လိုလားနေပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူဖို့ အဓိကဦးစားပေး ပစ်မှတ်ထားခဲ့ပေမဲ့ လက်စတာအသင်း တောင်းဆိုတဲ့စျေးနှုန်း မြင့်မားလွန်းလို့ တဲလက်စ်ကို ချိန်ရွယ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး အင်္ဂလန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာတဲ့ ဘင်ချီဝဲလ်အတွက် လက်စတာအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၈၂ သန်းတောင်းဆိုခဲ့ပါတယ်။ ပေါ်တိုအသင်းရဲ့ ဘရာဇီးနောက်ခံလူ တဲလက်စ်ကို ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေတဲ့အတွက် ချဲလ်ဆီးနဲ့ ဘာစီလိုနာ အပြိုင်လုရဖွယ်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top